1154 Views

ခြံဝင်းလေးထဲ စွဲဆောင်မှုရှိပြီး ဆန်းပြားတဲ့ခြေနင်းလျှောက် လမ်းကလေးတွေ

သင့်ရဲ့ ချစ်စရာကောင်းတဲ့ ခြံဝင်းလေးထဲက မြက်ခင်းစိမ်းစိုစို လေး တွေ၊ ပန်းရောင်စုံ ပွင့်နေတဲ့ အပင်ကလေးတွေနဲ့ လိုက်ဖက်ညီတဲ့ အလှပဆုံးနဲ့ စွဲဆောင်မှုရှိတဲ့ လျှောက်လမ်းကလေးတွေ ခင်းကျင်း ထားမယ်ဆိုရင် ပိုပြီးတော့လှပပြည့်စုံသွားပါလိမ့်မယ်။

ဒီခြေနင်း လျှောက်လမ်း လှလှကလေးတွေပြုလုပ်တတ်ဖို့ဆိုရင် အလွယ်ကူ ဆုံးနည်းလမ်းလေးဖြစ်တဲ့ ကျောက်စရစ်လေးတွေ၊ ကျောက်ပြား လေးတွေနဲ့ အလှပဆုံး ဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါ တယ်…

၁။ အိမ်ရှေ့ခြံဝင်းနဲ့ အိမ်ရှေ့အဝင်လမ်းခင်းမယ့် လျှောက်လမ်းက လေးကိုအောက်ခြေနဲ့ လမ်းကြောင်းကို အရင်ဆုံးပုံဖော်ပြီးတော့ လမ်းဖောက်ပါ။

လမ်းအဖြောင့်လေးတွေ၊ လမ်းအကွေ့အကောက် လေးတွေ အစရှိသဖြင့် ခြံဝင်းလျှောက်လမ်းကလေးတွေပုံဖော်ပါ။



၂။ခင်းကျင်းမယ့် ကျောက်ပြား၊ ကြွေပြား၊ ကျောက်စရစ်အခင်း လေးတွေကို ရောင်စုံပဲဖြစ်ဖြစ်၊ ဒီဇိုင်းဆန်းဆန်းလှလှကလေးတွေ၊ ထူးခြားတဲ့ပုံဖော်မှု ဒီဇိုင်းလေးတွေနဲ့ပုံဖော်နိုင်ပါတယ်။

အောက်ခြေ မှာ ခင်းထားတဲ့ သံမတလင်းဘိလပ် မြေအစိုပေါ်မှာ ကျောက်စရစ်နဲ့ ခင်းကျင်းထားတဲ့အခွေလေးတွေ၊ ရောင်စုံကျောက်စရစ်အခင်းလေး တွေ၊ ပုံသဏ္ဍာန်မျိုးစုံ ဒီဇိုင်းပုံဖော်ထားတဲ့ အခင်းကြွေပြားအပိုင်းအစ လေးတွေနဲ့ ပုံဖော်ပြီးတော့ ပြင်ဆင်နိုင်ပါတယ်။



၃။ နောက် ကြွေပြားအခင်းအချပ်လိုက်ဖြစ်စေ၊ မိမိကြိုက်နှစ်သက်တဲ့ ပုံစံလေးတွေနဲ့ ပုံဖော်နိုင်ပါတယ်။

ခြေနင်းပြားလေးတွေမှာ အကွက် ငယ်လေးတွေ၊ လေးထောင့်၊စတုရန်း၊ အဝိုင်းအစရှိသဖြင့်လည်း ချစ်စရာကောင်းပြီး လှပတဲ့ပုံစံလေးတွေ၊ ဆန်းပြားတဲ့စိတ်ကူးနဲ့ ဒီဇိုင်း လေးတွေနဲ့ ပုံဖော်နိုင်ပါသေးတယ်။



၎။ ထပ်ပြီးတော့လည်း ဒီလို ခြေနင်းပြားလေးတွေနဲ့ လိုက်ဖက်မယ့် ပတ်ဝန်းကျင်အပြင်အဆင်လေးတွေကို ပြင်ဆင်လို့ရနိုင်ပါတယ်။

ခြေနင်းလျှောက်လမ်းလေးရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ စိမ်းစိုစို အပင်လေးတွေ၊ အရောင်တောက်တောက်နဲ့ ရောင်စုံအပင်လေး တွေ၊

လျှောက်လမ်းလေးရဲ့အလှကို ပံ့ပိုးပေးနိုင်မယ့် အပင်ငယ်လေးတွေနဲ့လည်း လျှောက်လမ်းလေးကို ခင်းကျင်းနိုင်ပါသေးတယ်။



Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)