529 Views

ခရီးဆောင်သံသေတ္တာအဟောင်းကလေးတွေနဲ့ အိမ်အလှပြင်ဆင်ကြမယ်…

တကယ်ဆို အိမ်အလှဆင်ပစ္စည်းလေးတွေ ဖန်တီးပြီး ပြင်ဆင် တတ်ဖို့ဆိုတာက သိပ်ပြီးတော့ ခက်ခက်ခဲခဲ ပြုလုပ်စရာမလိုပါဘူး။

ဈေးကွက်ထဲက တန်ဖိုးကြီးကြီးပေးဝယ်ရတဲ့ အလှဆင်ပစ္စည်းလေး တွေနဲ့ပဲပြင်ဆင်ရတာမျိုးမဟုတ်ပဲ မိမိအိမ်တွင်းမှာရှိနေတဲ့ ပစ္စည်း လေးတွေနဲ့ပဲ အိမ်တွင်းအလှဆင်ပြင်ဆင်တာမျိုးတွေကို ပြုလုပ် ပေးလို့ ရနိုင်ပါတယ်။

သင့်အိမ်တွင်းမှာ အသုံးမလိုတော့တဲ့ ပစ္စည်း အဟောင်းလေးတွေက အိမ်အလှဆင်ပစ္စည်းလေးတွေအဖြစ် ပြန် လည်အသုံးပြုလို့ ရနိုင်မယ့် နည်းလမ်းကလေးတွေ ရှိပါတယ်။

အခု ဖော်ပြမှာက သင့်ခရီးဆောင်သံသေတ္တာအဟောင်းလေးတွေနဲ့ ပြန်ပြီး အသုံးချလို့ရမယ့် ပြင်ဆင်လို့ရမယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

၁။ ခရီးဆောင် သံသေတ္တာအိတ်ကလေးတွေကို ပုံသဏ္ဍာန်မျိုးစုံနဲ့ အသုံးပြုလို့ရနိုင်ပါတယ်။ ဟောင်းနွမ်းနေတဲ့ သေတ္တာကလေးတွေ ကို အဟောင်းအတိုင်းထားပြီးတော့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ပြန်ပြီးတော့ အသစ်ပြင်ဆင်တာ၊ ဆေးပြန်သုတ်တာပဲ ဖြစ်ဖြစ် ပြင်ဆင်ပြီး အသုံးပြုလို့ရနိုင်ပါတယ်။

၂။ အဖွင့်အပိတ်အဖုံးလေးနဲ့ ပါတဲ့ သေတ္တာလေးတွေက နေရာလည်း သိပ်ကျယ်ကျယ်မယူသလို အသုံးအဆောင်အဖြစ် ပြန်ပြီးတော့ ပြင်ဆင်အသုံးပြုလို့ရနိုင်ပါတယ်။ ပုံမှာပြထားသလိုလက်ဆေးဘေစင်အသေးစားလေးတစ်ခုအဖြစ် ပြင်ဆင်နိုင်ပါတယ်။

အောက်ဘက်က စင်၊ ခုံလေးတစ်ခုခံထားပြီး သံသေတ္တာလေးရဲ့ အတွင်းပိုင်းကို ရေစင်ဇလုံလေးအဖြစ်ပြောင်းလဲပြင်ဆင်နိုင်ပါတယ်။ အဖုံးဘက်အခြမ်းက မှန်ချပ်လေးတစ်ချပ်ထားရှိနိုင်ပါတယ်။

ရေပိုက် ခေါင်း၊ ရေချိုးခန်းသုံးစရာ အကန့်လေးတွေ၊ တဘတ်ချိတ်ဆင် အစရှိသဖြင့်လေးတွေကိုလည်း နေရာလေးတွေကိုလည်းစိတ်ကူး လေးရှိသလောက် ပြင်ဆင်နိုင်ပါတယ်။

၃။ သင့်အိမ်ရဲ့ နံရံလေးပေါ်မှာ အလှဆင်မယ့် တန်း၊ စင်လေးတွေ အဖြစ် သီးသန့်မပြုလုပ်ပဲ ဒီသံသေတ္တာအဟောင်းကလေးတွေနဲ့ ပြင်ဆင်လို့ရနိုင်ပါတယ်။

သံသေတ္တာသေးသေးလေးတွေကို နံရံမှာ စင် ကလေးတွေအဖြစ် တစ်ခုချင်းစီရိုက်ပြီးတော့ အိမ်အလှဆင်ပစ္စည်း လေးတွေတင်ပြီးတော့ အလှဆင်ဖန်တီးနိုင်ပါတယ်။

၎။ သင့်ရဲ့ ဖန်စီအလှပစ္စည်းလေးတွေ၊ ဆွဲကြိုး၊ လက်ကောက်တို့၊ နားကတ် အစရှိတဲ့ အလှဆင်အသုံးအဆောင်ပစ္စည်းလေးတွေအ တွက် သိမ်းထည့်စရာနေရာလေးတစ်ခုရပါတယ်။

နောက် သင့်စတို ခန်း၊ ယမကာတန်းစင်ပေါ်က အရက်ပုလင်း၊ အဖျော်ပုလင်းလေး တွေကိုလည်း ဒီသံသေတ္တာလေးထဲမှာ အလှဆင်ပြီးတော့ ထားရှိ အသုံးပြုနိုင်ပါသေးတယ်။

၅။ ရောင်စုံ၊ ဒီဇိုင်းအစုံအလင်ရှိတဲ့ သံသေတ္တာလေးတွေကို ဆင့်ပြီး တော့ သင့်အိမ်ရဲ့ ထောင့်ကလေးမှာ ထားရှိပြင်ဆင်မယ်ဆိုရင်လည်းစွဲဆောင်မှုရှိတဲ့ အိမ်အလှဆင်ပစ္စည်းပြင်ဆင်မှု ဖြစ်လာနိုင်ပါ သေးတယ်။

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)