အိမ်တွင်းခန်းမှာဖောက်ထားတဲ့ ပြတင်းတံခါးလေးတွေကနေ အပြင် မြင်ကွင်းလှ လှလေးတွေကို ကြည့်ရှုပြီး ခံစားနိုင်တဲ့အရသာက ဘယ်လိုအရာနဲ့မှကို လဲလို့မ ရနိုင်တဲ့ ခံစားမှုကောင်းတစ်ခုပဲ ဖြစ်ပါ လိမ့်မယ်။
အိမ်အပြင်ဘက်က မြင်ကွင်းလေးကို ခံစားနိုင်မယ့် ပြ တင်းတံခါးပေါက်လေးတွေက တကယ့်ကိုပဲ စွဲဆောင်မှုရှိရှိနဲ့ ပြင် ဆင်တတ်မယ်ဆိုရင် အိမ်ရဲ့အလှအပအတွက် ပံ့ပိုးပေးနိုင်မယ့် အစိမ်အပိုင်းတစ်ခု ဖြစ်လာမှာ သေချာပါတယ်။
အိမ်တွင်းကနေ အိမ် အပြင်ဘက် မြင်ကွင်းလှလှကလေးကို ကြည့်လို့ကောင်း မယ့် နေရာ လေးတွေမှာ ပြတင်းတံခါးလှလှကလေးတွေ ဖောက်ပြီး ပြင်ဆင် တတ်ဖို့ နည်းလမ်းလေးနဲ့ ပြင်ဆင်မှုပုံလေးတွေ ဖော်ပြပေးလိုက်ပါ တယ်။
၁။ စာကြည့်ခန်းလို နေရာမျိုးမှာဆိုရင် ဒီလိုပြတင်းတံခါးကြီး ကြီး ဖောက် ပြီးတော့ လေသာပြတင်းဝလေး ပြုလုပ်ပေးမယ်ဆိုရင်တော့ သင့်အတွက် ကမ္ဘာငယ်လေးတစ်ခု ပိုင်ဆိုင်ထားရသလိုပါပဲ။
ပြတင်း တံခါးဖောက်ထားတဲ့ နေရာမှာ စာအုပ်စင်ကလေးတွေ၊ ထိုင်ခုံအခင်း အကျင်းလေးတွေလည်း ထားရှိပြင်ဆင်ပေးနိုင်ပါတယ်။ အပြင်ဘက် အေးဆေးဆိတ်ငြိမ်တဲ့ ရှုခင်းလေးရယ်၊ အိမ်အတွင်းထဲက သီးသန့် အခန်းလေးရယ်က တကယ့်ကိုစိတ်ကျေနပ်စရာကောင်းနေမှာပါ။
၂။ နားနေခန်းနဲ့ ကလေးငယ်လေးတွေ ဆော့ကစားတဲ့ အခန်းကျယ် မှာလည်း ဒီလို ပြတင်းပေါက်ကျယ်တွေကို ဖောက်ပြီးတော့ ပြင်ဆင် ပေးလို့ရပါတယ်။ လေဝင်လေထွက်ကောင်းပြီး အလင်းရောင် ကောင်းရတဲ့ နေရာလေးမှာ ပြတင်းတံခါးလေးတွေကို ဖောက်ပေးဖို့ အသင့်တော်ဆုံးဖြစ်နိုင်ပါတယ်။ ဒီဇိုင်းပုံဖော်မယ်ဆိုရင်လည်း ပြ တင်းတံခါးပေါက်နဲ့ စင်၊ အကန့်ငယ်လေးတွေ အတူယှဉ်တွဲပြီး ပြင် ဆင်တည်ဆောက်နိုင်ပါတယ်။
၃။ ပြတင်းတံခါးပုံစံလှလှကလေးနဲ့ ဒီဇိုင်းလှလှကလေး ပုံဖော်ထား တဲ့ ပြတင်းပေါက်လေးတွေက ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိစေ နိုင်ပါတယ်။ အမိုးဝိုင်းဝိုင်းကလေးတွေနဲ့ အကွက်ငယ်ကလေးတွေ၊ အကန့်ငယ်လေးတွေ၊ လိုက်ကာလှလှကလေးတွေ၊ ယင်းလိပ်လှလှ ကလေးတွေ တပ်ဆင်ထားတဲ့ ပြတင်းပေါက်လေးတွေက တကယ့် ကို ချစ်စရာကောင်းပါတယ်။
၎။ ဖန်ချပ်ပြတင်းတံခါးလေးတွေ၊ သစ်သား၊ မှန်ချပ်၊ ပြတင်းလေး တွေနဲ့ မိမိစိတ်ကြိုက်ဒီဇိုင်းဖန်တီးပုံဖော်ပြီး ပြင်ဆင်နိုင်ပါတယ်။ ခန်း စီးလိုက်ကာလေးတွေ၊ ထူးထူးခြားခြား ဒီဇိုင်းရှိတဲ့ပုံစံလေးတွေနဲ့ လည်း ပြင်ဆင်နိုင်ပါသေးတယ်။
ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိ တဲ့ ပြတင်းတံခါးပြင်ဆင်မှုလေးတွေ အပြင် ပြတင်းပေါက်နားလေးတွေ မှာလည်း နားနေ ဆိုဖာထိုင်ခုံလေးတွေ၊ နေရာအခင်းအကျင်းလေး တွေလည်း ပြင်ဆင်ပြီး ဖန်တီးလို့ရနိုင်ပါသေးတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)