ချစ်စရာကောင်းတဲ့မီးအိမ်အလင်းတိုင်ငယ်လေးတွေပြုလုပ်ဖို့အတွက်သင့်အနေနဲ့သိပ်ကိုကြီးကြီးမားမားကြီးပြင်ဆင်ထားစရာမလိုပါဘူးကိုယ့်ရဲ့ထူးခြားဆန်းပြားတဲ့စိတ်ကူးသန်လေးတွေပုံဖော်ဖန်တီးမှုလေးတွေကကချစ်စရာကောင်းပြီးဆန်း
ပြားတဲ့ မီးအိမ်လေးတွေ ရရှိလာမှာပါ။
အိမ် တွင်းမှာရှိတဲ့ ပစ္စည်းလေးတွေ၊ အလှဆင်အသုံးအဆောင်လေးတွေနဲ့ပဲကုန် ကျစရိတ်သက်သာပြီးတော့ထူးထူးခြားခြားလေးပြင်ဆင်နိုင်မယ့်နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါ တယ်။
၁။မီးအိမ်ငယ်စင်စားပွဲပေါ်အလှတင်ထားနိုင်တဲ့မီးအိမ်ခွက်ငယ်လေးတွေအတွက် သစ်သားပိုင်းလေးတွေနဲ့ပြုလုပ်လို့ရနိုင်ပါတယ်အပိုင်းပိုင်းအညီအညာဖြတ်တောက်ထား တဲ့ သစ်သားအပိုင်းလေးတွေရဲ့ အတွင်းကလိုင်ပေါက်ဖောက် ပြီးတော့ မီးလုံးလျှပ်စစ်မီးသီးလေးတွေထည့်ပြီးတော့ထွန်းနိုင်ပါတယ်သစ်သားပိုင်းလေး တွေမှာမိမိကြိုက်နှစ်သက်တဲ့ပုံလေးတွေဖော်ပြီးတော့အလင်းရောင်ဖြာထွက်ယူနိုင်ပါ တယ်။
၂။ အသုံးပြုပြီးသား ကော်ခွက်၊ ဘူးခွံ၊ ဖိုက်ဘာခွံလေးတွေက စွဲဆောင်မှုရှိတဲ့ မီးအလင်းတိုင်လေးတွေပြုလုပ်ဖို့အသင့်တော်ဆုံးဖြစ်ပါတယ်ဘူးခွံအပိုင်းအစတွေရဲ့အပြင်ဘက်မှာထူးထူးခြားခြားဒီဇိုင်းလေးတွေပုံဖော်နိုင်ကာအတွင်းဘက်က နေ မီးအလင်းရောင်လေးတွေ ထည့်ပြီး မီးထွန်းညှိနိုင်ပါ တယ်။
လေးထောင့်ဆန်တဲ့ ဘူးခွံလေးတွေ၊ အဝိုင်းဆန်ဆန်၊ ဘူးတောင့် အစရှိသဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးရှိတဲ့ ဘူးခွံလေး တွေမှာအလင်းတိုင်မီးအိမ်လေးတွေပြင်ဆင် နိုင်ပါတယ်။
၃။ ဖန်ပုလင်းလေးတွေ၊ မီးလုံး၊ ဖန်မီးလုံး၊အချိုရည်ပုလင်းအခွံအပျက်လေးတွေ၊ မီးအိမ်၊ အလင်းအိမ်လေးတွေအဖြစ် ပြန်လည်သုံးစွဲ ပြင်ဆင်လို့ရနိုင်ပါတယ်။ ဖန်ပုလင်းလေးထဲမှာ မီးလုံးတွေကိုထည့်ပြီးလျှပ်စစ်စီးစေကာအလင်းရောင်ထွန်း ညှိအသုံးပြုလို့ရနိုင်ပါတယ်။
အားကစားအတွက်ဆော့ကစားတဲ့ကြိမ်ခြင်းလုံးလေးတွေကလည်းမီးအိမ်လေးပြုလုပ်ဖို့ရနိုင်ပါသေးတယ်နောက်ပြီးချစ်စရာကောင်းတဲ့ကော်ခွက်ပလက်စတစ်အပိုင်းအစ၊ ခွက်ကလေးတွေကလည်း ထူးထူးခြားခြားနဲ့စိတ်ဝင်စားစရာကောင်းတဲ့ မီးအိမ်ငယ်လေးတွေ ပုံဖော်လို့ ရနိုင်ပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)