1258 Views

သားသားမီးမီးလေးတွေအတွက် အမိုက်စားကုတင်လေးတွေနဲ့ အခန်းအပြင်အဆင်လေးတွေ ပြုလုပ်ဖန်တီးကြမယ်…

အခုတစ်ခါတော့ သင့်အိမ်အတွက် အပြင်အဆင်မဟုတ်တော့ သင့်အတွက် အမြတ်တနိုးတန်ဖိုးထားရတဲ့ သားသားမီးမီးလေး တွေအတွက် သူတို့အကြိုက်ဖြစ်လောက်မယ့် အိပ်ခန်းကုတင်အပြင် အဆင်လေးတွေကို ဖော်ပြပေးပါမယ်။ သားသမီးဆိုတာက တန် ဖိုးကြီးတဲ့ ရတနာတစ်ပါးမဟုတ်ပါလား။ မိဘတိုင်းကတော့ သားသ မီး၊ ကလေးတိုင်းကို သူတို့ပျော်ရွှင်၊ စိတ်ချမ်းသာအောင်လို့ ဖြည့် ဆည်းပေးချင်ကြတာချည်းပါပဲ။

ဒါ့ကြောင့်မို့လို့ သင့်ရဲ့ သူတို့လေးတွေအတွက် ချစ်စရာကောင်းပြီး ဆန်းကြယ်တဲ့ အိပ်ခန်းကုတင်လေးတွေပြုလုပ်ပေးနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေပါ။

၁။ ကလေးငယ်လေးတွေရဲ့ ငယ်ဘဝ အချိန်တော်တော်များများ မှာတော့ ကာတွန်းဇာတ်လမ်းလေးတွေ၊ ကာတွန်းအရုပ်ကလေးတွေ နဲ့ အချိန်ကုန်နေကြတာ များနေပါတယ်။ ရုပ်မြင်သံကြားရှေ့မှာ ကမ္ဘာကျော် ကာတွန်းဇာတ်ကောင်လေးတွေက သူတို့လေးတွေကို အထူးကြိုက်နှစ်သက်စေပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီဇာတ်လမ်းလေး တွေအတိုင်းလည်း သူတို့လေးတွေ ဖြစ်ချင်နေတဲ့ဆန္ဒလေးတွေရှိနေ ပါတယ်။

ဒါ့ကြောင့်မို့လို့ အခုကုတင်အိပ်ယာပြုလုပ်နည်းလမ်းလေး မှာလည်း ကာတွန်းထဲက ဇာတ်ကောင်လေးတွေလို ပြုလုပ်ပေးဖို့လို အပ်ပါလိမ့်မယ်။

၂။ သားသားလေးတွေအတွက်ဆိုရင်တော့ ပြိုင်ကား၊ စက်ရုပ်ဆန် တဲ့ ကားဒီဇိုင်းလေးတွေက သူတို့လေးတွေကို စိတ်ဝင်စားစေပါ တယ်။

ကုတင်အခင်းအကျင်းအိပ်ယာမှာ ဖော်မြူလာဝမ်း ကားအမျိုး အစားတွေရဲ့ ကားတည်ဆောက်မှုဒီဇိုင်းအပြင်အဆင်၊ ရုပ်ပုံရေးဆွဲ ခြင်းလေးတွေ ပြုလုပ်ပြီးတော့ အိပ်ယာလေးတွေကို ခင်းကျင်းနိုင်ပါ တယ်။ ကားတစ်စီးပေါ် စီးနင်းမောင်းနှင်ရသလို ခံစားရစေမှာဖြစ် တာမို့လို့ သူတို့လေးတွေလည်း ကြိုက်နှစ်သက်ကြမှာပါ။

၃။ အိပ်ယာကုတင်နဲ့ အခင်းအကျင်းတွေကို ကာတွန်းဇာတ်ကောင် ဥပမာ Banana, Pokemon, Doremon, Mickey mouse, Cindr-ella, Snowwhite အစရှိသဖြင့် ကာတွန်းဇာတ်ရုပ်လေး တွေထဲက ဇာတ်ကောင်လေးတွေရဲ့အသုံးအဆောင်လေးတွေနဲ့ ပြင်ဆင်ထား တဲ့ ကုတင်အိပ်ယာခင်းလေးတွေ ပြင်ဆင်ခင်းကျင်းနိုင်ပါတယ်။

၎။ အိပ်ယာအခင်းအကျင်းအပြင်ကို သူတို့လေးတွေရဲ့ အိပ်ခန်းလေး တွေကိုလည်း ကာတွန်းဇာတ်ကောင်လေးတွေအတိုင်း ပုံဖော်ပေးလို့ ရနိုင်ပါတယ်။ တကယ့်ဇာတ်ဝင်ခန်းထဲကအတိုင်းပဲ ပုံစံတူတည် ဆောက်ထားတဲ့ အခန်းလေးက တကယ့်ကိုထူးခြားပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ကုတင်လေးတွေ၊ အရောင်တွေ၊ အသုံးအဆောင်တွေ၊ အပြင်အဆင်တွေ အစရှိသဖြင့်လည်း ပြင်ဆင်နိုင်ပါ သေးတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)