802 Views

စွဲဆောင်မှုရှိတဲ့ အနက်ရောင် မီးဖိုခန်းအပြင်အဆင်…

မီးဖိုချောင်ဆိုတာ အိမ်တစ်အိမ်ရဲ့ အဓိကအရေးကြီးတဲ့အခန်းနေရာ တစ်ခုလို့ ဆိုကြရမှာပါ။ အိမ်မှာနေထိုင်တဲ့ အိမ်သူအိမ်သားနဲ့ နေ ထိုင်သူတွေအတွက် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် တကယ့် ကို အရေးပါတဲ့ လုပ်ဆောင်မှုကို ထမ်းဆောင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ထမင်း၊ ဟင်း ချက်ပြုတ်တဲ့ မီးဖိုချောင်ကိစ္စကို လူတိုင်း တော့ မလုပ်နိုင်ပေမယ့် လုပ်နိုင်ပြီးတော့ အချက်အပြုတ် ကိစ္စကို စိတ်ပါဝင်စားတဲ့သူအတွက်ကတော့ ဒီနေရာကသိပ်ကို စိတ်လှုပ်ရှား ပျော်ရွှင်စရာကောင်းမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။

အိမ်တစ်အိမ်ကိုဝင်လိုက်တာနဲ့ အိမ်ရဲ့ဝင်ဝင်ချင်းဧည့်ခန်းနဲ့ အစားအ သောက်တွေချက်ပြုတ်တဲ့ မီးဖိုချောင်ခန်းတွေက အိမ်ကိုလာ ရောက်တဲ့ သူတိုင်းသတိထားကြည့်မိတတ်ကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အိမ်ရဲ့ မီးဖိုချောင်ခန်းကို စွဲဆောင်မှုရှိပြီး သပ်ရပ်တဲ့ အပြင်အဆင်နဲ့ ဒီဇိုင်း ဆန်းဆန်းလေးပြင်ဆင်နိုင်တဲ့ အပြင်အဆင် လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ အခုဖော်ပြပေးမယ့် မီးဖိုချောင်ခန်းလေးကတော့ တမူထူးခြား ဆန်းကျယ်တဲ့ အပြင်အဆင်လေးလို့ပဲ ပြောရမယ့် အရောင်ရွေးချယ် အသုံးပြုမယ့်အပိုင်းပါပဲ။ မီးဖိုချောင်ခန်းအတွက် ရှားရှားပါးပါး အသုံးပြုမယ့် အနက်ရောင်နဲ့ အစိမ်းရောင်ကလေးတွေ စပ်ပြီး အသုံးပြုခြယ်သထားတဲ့ မီးဖိုခန်းလေးတွေပါပဲ။ အနက်ရောင်ကို သာ အဓိကအခြေခံထားပြီး အသုံးပြုထားတာကြောင့်လည်း တကယ့်ကို ခမ်းနားထည်ဝါတဲ့ မီးဖိုခန်းတစ်ခုကို ပိုင်ဆိုင်ထားသလို ခံစားရမှာပါ။

၂။ မီးဖိုခန်းမှာရှိမယ့် မီးဖိုတင် စင်တွေ၊ ခုံစားပွဲတွေ၊ ဘီဒိုလေးတွေ၊ စင်တန်းလေးတွေ၊ ချက်ပြုတ်ကြော်လှော်မယ့် ကောင်တာတွေ၊ ကြောင်အိမ် အစရှိသဖြင့် အစိတ်အပိုင်းတော်တော်များများကို အနက်ရောင်အသုံးပြုထားတဲ့ ပရိဘောဂတွေနဲ့ အသုံးပြုပြင်ဆင်ပါ။မီးဖိုခန်းရဲ့ မျက်နှာကျက်နဲ့ ကြမ်းခင်း၊ ပြတင်းပေါက်လေးတွေမှာ လည်း အနက်ရောင်၊ အစိမ်းရင့်ရောင်နဲ့ အဖြူရောင် စသဖြင့် အရောင်သုံးမျိုးကို ကြည့်ကောင်းသလို အသုံးပြုနိုင်ပါတယ်။

၃။ အရောင်အားဖြင့် ခမ်းနားပြီး တည်ကြည်ငြိမ်သက်တဲ့ ခံစားမှု မျိုးဖြစ်တာကြောင့် သင့်ရဲ့ ဒီမီးဖိုခန်းလေးကလည်း တည်တည် ငြိမ်ငြိမ်နဲ့ ခမ်းနားထည်ဝါအောင်လို့ ခေတ်ပေါ်ဒီဇိုင်းအသုံးအဆောင် တွေအစား ခေတ်ဟောင်းဒီဇိုင်းနဲ့ classic ဆန်တဲ့ ဒီဇိုင်းတွေ၊ အသုံး အဆောင်တွေကို ပြင်ဆင်ရပါမယ်။ ပရိဘောဂတွေက ပြောင်လက် တောက်ပပြီးတော့ ယခင်က ပစ္စည်းဟောင်းတွေ၊ တန်ဖိုးကြီး အသုံးအဆောင်တွေကြောင့်လည်း သင့်မီးဖိုခန်းက တန်ဖိုးကြီးပြီး အထင် ကြီးစရာကောင်းနေမှာပါ။

၎။ နောက်ပြီးတော့ တခြားစိတ်ကူးကောင်းကောင်းတဲ့ အပြင်အဆင် နဲ့ အရောင်ရွေးချယ်ပြင်ဆင်မှုအပိုင်းမှာဆိုရင်လည်း ဒီလိုမျိုးတည် ငြိမ်ပြီး ခမ်းနားထည်ဝါဖို့အတွက် အရောင်ငြိမ်ငြိမ်လေးတွေ၊ အမှိန် ဘက်သွားတဲ့ အရောင်ကလေးတွေကို ရွေးချယ်ပြီး အသုံးပြုသင့်ပါ တယ်။ အဖြူရောင်အပြင် အညိုရောင်၊ အနက်ရောင်၊ အစိမ်းရောင် စသဖြင့် အမှိန်အရောင်လေးတွေက သင့်မီးဖိုခန်းလေးအတွက် စွဲ ဆောင်မှုရှိစေမှာပါ။ အလင်းအားကိုလည်း သိပ်ပြီးတော့ အလင်း အားကောင်းကောင်းတွေကို အသုံးမပြုပဲ ချက်ပြုတ်ဖို့အတွက် မြင် နိုင်လောက်တဲ့ အလင်းအားကို အသုံးပြုပါ။

၅။ နောက်ထပ်ပြင်ဆင်ရ မယ့်အပြင်အဆင် ထူးထူးခြားခြားအတွက်ဆိုရင် မီးဖိုခန်းလေးထဲမှာ အစိမ်းရောင်သစ်ပင်လေးတွေ၊ ပန်းပင် လေးတွေ စိုက်ပျိုးထားရှိနိုင်ပါတယ်။ သစ်ပင်စိမ်းစိုစိုလေးတွေ ရှိ နေခြင်းက စိတ်ကိုလန်းဆန်းစေပြီးတော့ ပတ်ဝန်းကျင်လေထုကို လည်းသန့်စင်ပေးနိုင်ပါတယ်။

 Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)