1401 Views

ချစ်စရာကောင်းတဲ့ ကျောက်စရစ်ခဲလေးတွေနဲ့ ခြံဝင်းလေးထဲအလှ ပြင်ဆင်ဖန်တီးကြရအောင်….

တကယ်တော့ နေအိမ်အလှပြင်ဆင်ခြင်းလုပ်ငန်းက သိပ်ပြီးတော့ လည်းခက်ခက်ခဲခဲ မလုပ်ရတဲ့အပြင် အိမ်အလှဆင်မယ့်အလှဆင် ပစ္စည်းလေးတွေကလည်း ခက်ခက်ခဲခဲနဲ့ ဈေးကြီးကြီးပေးဝယ်မှ ရတာမဟုတ်ပါဘူး။ မိမိရဲ့ ကိုယ်ပိုင်စိတ်ကူးကလေးတွေ၊ မိမိမှာရှိနေ တဲ့ အရာဝတ္ထုပစ္စည်းလေးတွေနဲ့ပဲ အလွယ်တကူပြင်ဆင်လို့ ရနိုင်ပါ တယ်။

အခုလည်း သင့်ဆီမှာအသင့်ရှိပြီး ဘယ်လိုအသုံးပြုရမလဲဆိုတာ မသိတဲ့ ကျောက်စရစ်ခဲလေးတွေနဲ့ ခြံဝင်းလေးထဲ အလှပြင်ဆင် ဖန်တီးနိုင်မယ့် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကျောက်စရစ်ခဲ ဖြူဖြူသန့်သန့်ကလေးတွေ၊ အရွယ်အစားအစုံ အလင် အရောင်မျိုးစုံရှိတဲ့ ကျောက်စရစ်ကလေးတွေကိုစုဆောင်း ပြီးတော့ သန့်စင်ဆေးကြောပါ။ နောက်ပြီးရင် ဒီကျောက်စရစ်တုံး လေးတွေကို အရွယ်အစားနဲ့ အရောင်လေးတွေ ခွဲခြားပြီးတော့စုစည်းထားပါ။

၂။ ကျောက်တုံးကလေးတွေကို ခြံဝင်းလေးထဲမှာ အလှဆင်မယ်ဆို ရင် ဘယ်လိုအရာကလေးတွေပြုလုပ်လို့ရမလဲဆိုတော့

ဥပမာ ကျောက်စရစ်တုံးလေးတွေခင်းပြီး လျှောက်လမ်းကလေးတွေ၊ အလှ ပန်းအိုးကလေးတွေ၊ ကျောက်စရစ်ခင်း ခုံတန်းလျားလေးတွေ၊ ရေ တံခွန်အငယ်စားလေးတွေ၊ ရေကန်ငယ်လေးတွေ၊ ပန်းအိုးစင်က လေးတွေ၊ အလှဆင်ခြင်းတောင်း၊ ခြင်းငယ်လေးတွေ၊ စသဖြင့် မိမိ စိတ်ကူးပုံပေါ်ရာ အလှဆင်ပစ္စည်းဆန်းဆန်းလေးတွေကို ပြင်ဆင် လို့ ရနိုင်ပါတယ်။

၃။ ကျောက်စရစ်လှလှကလေးတွေ ခင်းထားတဲ့ လျှောက်လမ်းက လေးက တကယ့်ကိုချစ်စရာကောင်းပြီး စွဲဆောင်မှုရှိပါတယ်။ ရောင်စုံကျောက်တုံးလေးတွေ၊ ဒီဇိုင်းဆန်းဆန်းနဲ့ လှလှကလေးတွေရှိတဲ့ ကျောက်စရစ်တုံးလေးတွေကို ပုံဖော်ပြီး လျှောက်လမ်းအခင်းလေး အဖြစ်ခင်းကျင်းထားနိုင်ပါတယ်။ မညီမညာနဲ့ ဖုဖုထစ်ထစ်လမ်းက လေးက လမ်းလျှောက်လိုက်တိုင်း ထူးထူးခြားခြား ခံစားမှုကိုပေးနိုင် ပါတယ်။

၎။ နောက်တစ်ခုက ရောင်စုံပန်းပန်းပင်ကလေးတွေ၊ အပင်ကလေး တွေ စိုက်ပျိုးဖို့အတွက် ထူးခြားတဲ့ ပန်းအိုးကလေးတွေ ဖန်တီးဖို့အ တွက် ကျောက်စရစ်ခဲလေးတွေ အသုံးပြုရမှာပါ။

ပန်းအိုး၊ ဒီဇိုင်းပုံစံ ဆန်းဆန်း ပုံဖော်ထားတဲ့ ပန်းထည့်စိုက်အိုးကလေးတွေကို ပုံစံခွက် ချပြီး အဲ့ဒီပုံစံခွက်ထဲမှာ ကျောက်စရစ်တုံးလေးတွေကို စီပြီးထည့်နိုင် ပါတယ်။

အရောင်စုံလေးတွေပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ပုံစံတူ အရောင် တူတဲ့ ကျောက်စရစ်ကလေးတွေပဲ ဖြစ်ဖြစ် စီထည့်ပြီး မြေကြီးနဲ့ ပေါင်းစပ်ကာ သစ်ပင်ပန်းပင်ကလေးတွေ စိုက်ပျိုးနိုင်ပါတယ်။သာမန်ပန်းအိုးလေးတွေထက်စာရင် ဒီကျောက်စရစ်အိုးကလေးတွေကတော့ ထူးခြားပြီးတော့ သဘာဝအေးဓာတ်ကိုလည်း ပိုမိုထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

၅။ ခြံဝင်းလေးထဲမှာ သက်တောင့်သက်သာ နားနေထိုင်နိုင်မယ့် ထိုင်ခုံကလေးတွေကို ကျောက်စရစ်လေးတွေနဲ့ အလှဆင် ပုံဖော်ပြု လုပ်နိုင်ပါသေးတယ်။ ကျောက်သားခုံအပြင် ကျောက်စရစ်တုံးလေး တွေနဲ့ ဖန်တီးထားတဲ့ ခုံတန်းလျားလေးတွေကလည်း စွဲဆောင်မှုရှိ ပါတယ်။ အောက်ခြေ ခြေထောက်ချောင်းလေးတွေအပြင် ကျောက် စရစ်တုံးလေးတွေနဲ့ ခုခံပြီးတော့ ပြင်ဆင်လို့ရနိုင်ပါတယ်။

အပေါ်ဘက်ကဆိုဖာခင်းလေးတွေ၊ထိုင်ခုံအခင်းလေးတွေအောက်မှာမှ ရောင်စုံကျောက်စရစ်တုံးလေးတွေနဲ့ ခင်းထားတဲ့ ထိုင်ခုံလေးက တကယ့်ကို ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိပါတယ်။ နောက်ပြီး တော့ ခြံစည်းရိုးအကာအရံလေးတွေ၊ ရေကန်ငယ်လေးတွေအလှစင်ကလေးတွေ စသဖြင့်လည်း ပြင်ဆင်လို့ ရနိုင်ပါသေးတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)