1579 Views

အိမ်ရဲ့နံရံလေးတွေမှာ နံရံကပ်စက္ကူပန်းချီကားလေးတွေနဲ့ အလှ ဆင်ကြမယ်

 

အိမ်တစ်အိမ်ထဲကို ရောက်သွားရင်အရင်ဆုံး မြင်တွေ့ရမှာက ဘာဖြစ်နိုင်ပါသလဲ… မျက်လုံးအမြင်ထဲမှာအပြည့်အကျပ်ကို မြင် တွေ့ရမယ့် အိမ်ရဲ့နံရံပြင်ကျယ်ကြီးတွေပါပဲ။  အိမ်ရဲ့ကြီးကျယ်ခမ်း နားပြီး သပ်ရပ်တဲ့နံရံပြင်ကျယ်ကြီးတွေကို ကြည့်လိုက်ရင်ပဲ အိမ် တစ်လုံးစာ တန်ဖိုးဖြတ်လို့ရနိုင်သွားပါပြီ။

 

 

အရင်ကလို ကြွေပြားကပ်၊ နံရံပန်းချီကားတပ်၊ ဆေးသုတ်တာမျိုးတွေနဲ့ပဲ နံရံကိုအလှဆင်တာ မျိုးတွေနဲ့ မဟုတ်တော့ပဲ အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့နံရံ ကပ်ပန်းချီ ဒီဇိုင်းလေးတွေနဲ့ ပုံဖော်မှုလေးတွေက အသုံးပြုရလည်း လွယ်ကူသလို ခေတ်မီပြီးစွဲဆောင်မှုလည်း ရှိတာကြောင့် ပိုပြီးတော့ ပြင်ဆင်အသုံးပြုလာကြတာ ဖြစ်ပါတယ်။  ဒီ့အတွက်ကြောင့် ယနေ့ခေတ်ပေါ်နံရံကပ် အလှဒီဇိုင်းလေးတွေ နဲ့ နေအိမ်နံရံလေးတွေမှာ ဘယ်လိုမျိုးအလှပြင်ဆင် လို့ရနိုင်မလဲဆို တဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်….

 


၁။ အိမ်ခန်းရဲ့ အခန်းတွေအလိုက် ကြိုက်နှစ်သက်ရာ၊ လိုက်ဖက် ရာပုံရိပ်တွေနဲ့ အရောင်တွေအလိုက်ရွေးချယ်ပါ။ ဧည့်ခန်း၊ လူနေ အိပ်ခန်း၊ ထမင်းစားခန်း၊ နားနေခန်း၊ စာကြည့်ခန်း စသဖြင့် အခန်း အသီးသီးဖွဲ့ခွဲခြားထားတဲ့ အခန်းတွေအလိုက် အသုံးပြုမယ့် နံရံကပ် အလှဆင်ပန်းချီလေးတွေကို၊ နံရံကပ်အလှဆင်စက္ကူလေးတွေကပ် ပြီး အလှဆင်နိုင်ပါတယ်။

 


၂။ အခန်းအနေအထားနဲ့ နံရံအလှပြင်ဆင်မှုကို စနစ်တကျအတိုင်း အတာရေးဆွဲပြီး ပြုလုပ်ပြင်ဆင်သင့်ပါတယ်။ အိပ်ခန်းနဲ့လိုက်ဖက် တဲ့ နံရံပန်းချီကား၊ ထမင်းစားခန်းနဲ့လိုက်ဖက်တဲ့ နံရံပန်းချီကား၊ ဧည့် ခန်းနဲ့လိုက်ဖက်တဲ့ ပန်းချီကားရုပ်ပုံတွေကို လိုက်ဖက်ညီသင့်တော် အောင် ပြင်ဆင်ရပါမယ်။ ပန်းပွင့်အခတ်အလက်တွေ၊ သစ်ပင်တွေ၊ နောက်ပြီး ရုပ်ကြွဆန်ဆန်ပန်းချီဖောင်းကြွလေးတွေ၊ တိရစ္ဆာန်အ ကောင်လေးတွေ နောက်ပြီးတော့ ခေတ်သစ်မြို့ပြရှုခင်းပုံလေးတွေ နဲ့ သဘာဝရှုခင်းပုံလေးတွေ အစရှိသရွေ့ ကြိုက်နှစ်သက်ရာရွေး ချယ်နိုင်ပါတယ်။

 


၃။ ပြုလုပ်ပုံအဆင့်ဆင့်နဲ့ နည်းလမ်းတွေအားဖြင့် အလှဆင်ပစ္စည်း အသုံးပြုတဲ့ ကုန်ကြမ်းအပေါ်မှာမူတည်ပါတယ်။ တချို့ကတော့ နံရံ တစ်ခုလုံးအလိုက်ကပ်ရတာမျိုးဖြစ်ပြီး တချို့လည်း ရုပ်ပုံလိုင်း၊ ရုပ်ပုံ လေးတွေအလိုက် ပန်းချီပုံလေးတွေ ကပ်ပေးလိုက်ရုံပါပဲ။ ဒီမှာ အ ရေးကြီးတာနံရံကပ်စက္ကူပန်းချီလေးတွေကို စနစ်တကျ အချိုးကျကျ ကပ်တတ်ဖို့ပါပဲ။ နောက်ခံနံရံအရောင်နဲ့လိုက်ဖက်ညီတဲ့ ပန်းချီကား ရွေးချယ်မှုမှန်ကန်ခဲ့မယ်ဆိုရင် သိပ်ကိုခမ်းနားလှပပြီးစွဲဆောင်မှုရှိတဲ့ နံရံတစ်ခုကို ရရှိသွားမှာပါ။ ကပ်တဲ့ကော်နဲ့ နံရံကပ်စက္ကူချပ်ကလေး တွေကို အသေအချာစနစ်တကျ ကပ်တတ်ဖို့ လိုပါသေးတယ်။

 


၎။ အခုနောက်ပိုင်းဈေးကွက်ထဲမှာ ပိုမိုများပြားလာတဲ့ နံရံအလှစက္ကူ တွေနဲ့ အလှဆင်ပစ္စည်းတွေက ဒီဇိုင်းဆန်းကြယ်ပြီး အဆင့်အတန်း မြင့် အရည်အသွေးကောင်းတာကြောင့် ပိုပြီးတော့ မိမိတို့ရဲ့အိမ်က လေးတွေကို အလှဆင်ပြင်ဆင်နိုင်ကြမှာဖြစ်ပါတယ်။ အဓိကက တော့ ကိုယ့်အိမ်ကလေးကို ဘယ်လိုလေးပြင်ဆင်လိုက်မလဲဆိုတဲ့ ကိုယ့်ရဲ့စိတ်ကူးကောင်းကောင်းနဲ့ ပုံဖော်တတ်ဖို့ပဲ လိုအပ်ပါတယ်။

 

 

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App