1837 Views

COVID-19 ကာလမှာ လုပ်ဆောင်သင့်တဲ့ ထိပ်တန်းဖုန်းရွှေနည်းလမ်း (၁၀) ချက်

[Unicode]

၁။ မျက်စိရှေ့က ရှုပ်ပွနေတဲ့အရာမှန်သမျှ ရှင်းပစ်ပါ

သင့်ပတ်ဝန်းကျင်မှာရှိတဲ့ ရှုပ်ပွနေတဲ့အရာမှန်သမျှကို ထိုင်ရာကထရှင်းလိုက်ပါ။ တစ်ခုမကျန် အကုန်ရှင်းပစ်ပါ။ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက လှည့်မကြည့်ဖြစ်တဲ့ အံဆွဲ၊ ဗီရို နဲ့ ကြောင်အိမ်တွေတစ်ခုမကျန် ဖွင့်ပါ။ အမှိုက်အိတ်တစ်အိတ်ကိုင်ပြီး အားမနာတမ်းရှင်းပစ်ပါ။ ရှုပ်ပွခြင်းဟာ စွမ်းအင်ကို တိုးတက်မှုမရှိဘဲ ထိုင်းမှိုင်းစေပါတယ်။ အဲ့ဒီ့အတွက် ကိုယ်ဟာအိမ်ထဲမှာပဲ ပိတ်မိနေတယ်ဆိုရင်တော့ ကိုယ်နောက်ဆုံးလိုအပ်တဲ့အရာဟာ ထိုင်းမှိုင်းတဲ့စွမ်းအင်ပဲဖြစ်တယ်။

COVID-19 ကာလမှာ လုပ်ဆောင်သင့်တဲ့ ထိပ်တန်းဖုန်းရွှေနည်းလမ်း (၁၀) ချက်

၂။ ကိုယ်စိုက်ပျိုးထားတဲ့ သစ်ပင်လေးတွေရှင်သန်နေပါစေ

အိမ်ထဲမှာ မရှင်သန်တော့တဲ့သစ်ပင်လေးတွေရှိတဲ့သူတွေ ဘယ်နှစ်ယောက်တောင်ရှိလိမ့်မလဲ။ ဒါဟာ လုံးဝမကောင်းပါဘူး။ အိမ်ထဲမှာမထားပါနဲ့။ ကိုယ့်အတွက်ဘာမှကောင်းကျိုးမပေးတဲ့အပြင် သူတို့ဟာကြည့်ရဆိုးနေပါပြီ။ တကယ်လို့ အပင်လေးတွေဟာ ပြန်လည်ရှင်သန်နိုင်သေးတယ်ဆိုရင် သူတို့အတွက်လိုအပ်တာတွေ လုပ်ပေးနိုင်မလား စဉ်းစားပါ။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ဘာလုပ်ရမလဲသင်သိပါတယ်။

၃။ ကိုယ့်မှာဓါတ်မတည့်တာ မရှိဘူးဆိုရင် ပန်းပင်စိုက်ပါ

မွှေးပျံ့လန်းဆန်းတဲ့ ပန်းလေးတွေဟာ ဘယ်နေရာမှာမဆို ချစ်စရာကောင်းတဲ့စွမ်းအင်ကို ဆောင်ကြဉ်းပေးပါတယ်။ ပန်းအိုးထဲမှာ ရေနောက်လာပြီဆိုရင်တော့ ရေလဲပေးပါ။ ကျွန်မကတော့ နေ့တိုင်းရေလဲပေးပါတယ်။ ပန်းလေးတွေသေသွားရင်တော့ စွန့်ပစ်လိုက်ပါ။

COVID-19 ကာလမှာ လုပ်ဆောင်သင့်တဲ့ ထိပ်တန်းဖုန်းရွှေနည်းလမ်း (၁၀) ချက်

၄။ အချိန်ရရင်လုပ်မယ်ဆိုတဲ့ အလုပ်တွေကို စာရင်းမှတ်ပါ

အချိန်ရရင်လုပ်မယ်ဆိုပြီး ကိုယ်ပြောဖူးတဲ့အလုပ်တွေကို တစ်ခန်းဝင်တစ်ခန်းထွက် ရှာဖွေမှတ်သားပါ။ ဥပမာ ချောင်နေတဲ့အံဆွဲလက်ကိုင်ဘု လိုမျိုးပေါ့။ အဲ့ဒီလိုလက်ကိုင်ဘုတွေရှိရင် အကုန်ပြုပြင်လိုက်ပါ။ လွန်ခဲ့တဲ့ ခြောက်လကတည်းက ပျက်နေတဲ့မီးသီးကိုလည်း လဲလိုက်ပါ။ ဒီလောက်ဆို သင်သဘောပေါက်လောက်ပါပြီ။

၅။ အလုပ်နေရာလေးတစ်ခုဖန်တီးပါ

တကယ်လို့ သင်ဟာ အိမ်ကနေအလုပ်လုပ်နေရတဲ့သူတစ်ဦးဆိုရင် ဒီအချိန်မှာအခန်းတစ်ခန်း ပြန်ဖွဲ့ရမယ်ဆိုရင်တောင် ထူးခြားတဲ့နေရာတစ်ခုကို အချိန်ပေးပြီးဖန်တီးလိုက်ပါ။ အလုပ်နဲ့ ဘဝကိုခွဲခြားခြင်းက ဟန်ချက်ညီစေနိုင်သလို စိတ်ဖိစီးမှုကိုလည်းလျော့ကျစေပါတယ်။ ကိုယ်ရောက်တဲ့အခါတိုင်း လန်းဆန်းပေါ့ပါးမှုကို ခံစားနိုင်စေဖို့ အဲ့ဒီ့နေရာလေးကို သန့်ရှင်းသပ်ရပ်အောင်ထားပါ။ သင်ဟာ ရုံးမှာအလုပ်လုပ်ရတာကို အသားကျနေတဲ့သူဆိုရင် ဒီအချက်ကအတော်လေးအရေးကြီးပါတယ်။


၆။ ကိုယ်တန်ဖိုးထားနှစ်သက်တဲ့အရာတွေကိုသာ ချန်ထားပါ

ကိုယ်နှစ်သက်တဲ့အရာနဲ့ ကိုယ်မကြိုက်တဲ့အရာတွေကို တစ်အိမ်လုံးအနှံ့ ရှာဖွေစစ်ဆေးပါ။ ကိုယ်မကြိုက်နှစ်သက်ရင်တော့ ဘာကြောင့်အဲ့ဒီနေရာမှာရှိနေဖို့လိုဦးမှာလဲ။ ကိုယ့်အတွက်အကျိုးမပေးတဲ့အပြင် စိတ်ချမ်းသာမှုလည်းမပေးနိုင်တဲ့ အရာတွေနဲ့ခွဲခွာဖို့ အခုအချိန်ဟာ အကောင်းဆုံးအချိန်ပါပဲ။ တကယ်လို့ကိုယ့်အိမ်မှာ ကိုယ်နေ့တိုင်းမြင်နေရပြီးမနှစ်မြို့တဲ့ ပန်းချီကားတစ်ချပ်ရှိတယ်ဆိုရင် ဘယ်သူပေးတာလဲ၊ ဘယ်လောက်တန်ကြေးရှိလဲ ဆိုတာမစဉ်းစားပါနဲ့။ အမြန်ဆုံးဖယ်ရှားလိုက်ပါ။

၇။ ပစ္စည်းတွေကို နေရာရွှေ့ပါ

ပစ္စည်းတွေကို နေရာမရွှေ့ဘူးဆိုရင် စွမ်းအင်ဟာပိတ်မိနေတတ်ပါတယ်။ ဆိုဖာထိုင်ခုံကို ဒီနံရံဖက်မှာထားရင် ဘယ်လိုနေမလဲသိချင်ပေမယ့် အချိန်မရလို့မလုပ်ကြည့်မိဘူး ဆိုရင် လက်ရှိအချိန်ဟာ အခွင့်အရေးပါပဲ။ ပရိဘောဂပစ္စည်းတွေကို နေရာပြောင်းရွှေ့ကြည့်ပါ။ မကြိုက်ရင်ပြန်ရွှေ့ပါ။ အဲ့ဒီလိုပစ္စည်းနေရာပြောင်းရွှေ့ခြင်းဟာ စွမ်းအင်ဖြစ်ထွန်းစေပြီး ဘဝသစ်တခုရရှိစေပါတယ်။

၈။ ပွတ်တိုက် ဆေးကြော သန့်စင်ပါ

ကိုယ့်နေစဉ်ဘဝမှာ အချိန်မပေးဖူးတဲ့ အိမ်တွင်းချောင်ကြိုချောင်ကြားနေရာအထိ ပွတ်တိုက်ဆေးကြောပါ။ ကိုယ့်အိပ်ယာအောက်မှာ ကိုယ်မှာရှိမှန်းတောင်မသိတဲ့ ခွေးလေးတစ်ကောင်များရှိနေမလား။ ဒီအချိန်ဟာ ရှာဖွေကြည့်ရမယ့် အချိန်ပါပဲ။

၉။ ကားဂိုဒေါင်ကိုရှင်းလင်းပါ

တကယ်လို့ သင့်မှာကားဂိုဒေါင်တစ်ခုရှိတယ်ဆိုရင် လက်ရှိအချိန်ဟာ ရှင်းလင်းဖို့အ‌ကောင်းဆုံးအချိန်ပါပဲ။ ကျွန်မတို့တော်တော်များများဟာ အိမ်ထဲမှာမဆံ့တဲ့ အရာတွေကို ကားဂိုဒေါင်ထဲမှာစုပုံထားတတ်ကြပါတယ်။ အဲ့ဒီ့နေရာဟာ ကျွန်မတို့ရဲ့ဘဝမှာမရှိသလို ဖြစ်ခဲ့ပါတယ်။ နေသာတဲ့နေ့မျိုးမှာ အခွင့်အရေးကိုအသုံးချပါ။ ဂိုဒေါင်ထဲကရှိသမျှ ပစ္စည်းတွေအပြင်ထုတ်ပါ။ ပြီးရင် အထဲပြန်မထည့်ခင် နှစ်ခါစဉ်းစားပါ။

COVID-19 ကာလမှာ လုပ်ဆောင်သင့်တဲ့ ထိပ်တန်းဖုန်းရွှေနည်းလမ်း (၁၀) ချက်

၁၀။ အဝတ်ဗီရိုတွေ ရှင်းပါ

ဒီကပ်ဘေးကို လွန်မြောက်သွားလို့ ကျွန်မတို့အိမ်အပြင်ထွက်ကြတဲ့အခါ နွေဦးကာလကို ရောက်ချင်ရောက်နေပါလိမ့်မယ်။ အဲ့ဒီ့အတွက် အဆင်သင့်ပြင်ထားကြရအောင်။ ဗီရိုထဲမှာသိမ်းဆည်းထားတဲ့ အဝတ်တွေ၊ ဖိနပ်တွေ နဲ့ အသုံးအဆောင်ပစ္စည်းတွေ ထုတ်ပါ။ ကိုယ်မှာ ရှိတာတွေ ကိုယ်ကြိုက်လား၊ ကိုယ်နဲ့လိုက်ဖက်လား ကြည့်ပါ။ ကိုယ် ကြိုက်နှစ်သက်တဲ့အရာတွေကိုသာ သိမ်းဆည်းပါ။

“ အချိန်လေးနည်းနည်းပိုရရင် ကောင်းမယ်”လို့ ကျွန်မမကြာခဏ ငြီးတွားပြောဆိုခဲ့ဖူးပါတယ်။ မိတ်ဆွေတို့လည်း ပြောခဲ့ဖူးမယ်ထင်ပါတယ်။ အခုတော့ ကျွန်မတို့ အခွင့်အရေးရပါပြီ။ အကောင်းဆုံးလုပ်ဆောင်လိုက်ကြရအောင်လားရှင်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ကာလမွာ လုပ္ေဆာင္သင့္တဲ့ ထိပ္တန္းဖုန္းေ႐ႊနည္းလမ္း (၁၀) ခ်က္


၁။ မ်က္စိေရွ႕က ရႈပ္ပြေနတဲ့အရာမွန္သမွ် ရွင္းပစ္ပါ

သင့္ပတ္ဝန္းက်င္မွာရွိတဲ့ ရႈပ္ပြေနတဲ့အရာမွန္သမွ်ကို ထိုင္ရာကထရွင္းလိုက္ပါ။ တစ္ခုမက်န္ အကုန္ရွင္းပစ္ပါ။ လြန္ခဲ့တဲ့ႏွစ္ႏွစ္ကတည္းက လွည့္မၾကည့္ျဖစ္တဲ့ အံဆြဲ၊ ဗီ႐ို နဲ႔ ေၾကာင္အိမ္ေတြတစ္ခုမက်န္ ဖြင့္ပါ။ အမႈိက္အိတ္တစ္အိတ္ကိုင္ၿပီး အားမနာတမ္းရွင္းပစ္ပါ။ ရႈပ္ပြျခင္းဟာ စြမ္းအင္ကို တိုးတက္မႈမရွိဘဲ ထိုင္းမႈိင္းေစပါတယ္။ အဲ့ဒီ့အတြက္ ကိုယ္ဟာအိမ္ထဲမွာပဲ ပိတ္မိေနတယ္ဆိုရင္ေတာ့ ကိုယ္ေနာက္ဆုံးလိုအပ္တဲ့အရာဟာ ထိုင္းမႈိင္းတဲ့စြမ္းအင္ပဲျဖစ္တယ္။

၂။ ကိုယ္စိုက္ပ်ိဳးထားတဲ့ သစ္ပင္ေလးေတြရွင္သန္ေနပါေစ

အိမ္ထဲမွာ မရွင္သန္ေတာ့တဲ့သစ္ပင္ေလးေတြရွိတဲ့သူေတြ ဘယ္ႏွစ္ေယာက္ေတာင္ရွိလိမ့္မလဲ။ ဒါဟာ လုံးဝမေကာင္းပါဘူး။ အိမ္ထဲမွာမထားပါနဲ႔။ ကိုယ့္အတြက္ဘာမွေကာင္းက်ိဳးမေပးတဲ့အျပင္ သူတို႔ဟာၾကည့္ရဆိုးေနပါၿပီ။ တကယ္လို႔ အပင္ေလးေတြဟာ ျပန္လည္ရွင္သန္ႏိုင္ေသးတယ္ဆိုရင္ သူတို႔အတြက္လိုအပ္တာေတြ လုပ္ေပးႏိုင္မလား စဥ္းစားပါ။ အဲ့လိုမွမဟုတ္ဘူးဆိုရင္ေတာ့ ဘာလုပ္ရမလဲသင္သိပါတယ္။

၃။ ကိုယ့္မွာဓါတ္မတည့္တာ မရွိဘူးဆိုရင္ ပန္းပင္စိုက္ပါ

ေမႊးပ်ံ႕လန္းဆန္းတဲ့ ပန္းေလးေတြဟာ ဘယ္ေနရာမွာမဆို ခ်စ္စရာေကာင္းတဲ့စြမ္းအင္ကို ေဆာင္ၾကဥ္းေပးပါတယ္။ ပန္းအိုးထဲမွာ ေရေနာက္လာၿပီဆိုရင္ေတာ့ ေရလဲေပးပါ။ ကြၽန္မကေတာ့ ေန႔တိုင္းေရလဲေပးပါတယ္။ ပန္းေလးေတြေသသြားရင္ေတာ့ စြန႔္ပစ္လိုက္ပါ။

၄။ အခ်ိန္ရရင္လုပ္မယ္ဆိုတဲ့ အလုပ္ေတြကို စာရင္းမွတ္ပါ

အခ်ိန္ရရင္လုပ္မယ္ဆိုၿပီး ကိုယ္ေျပာဖူးတဲ့အလုပ္ေတြကို တစ္ခန္းဝင္တစ္ခန္းထြက္ ရွာေဖြမွတ္သားပါ။ ဥပမာ ေခ်ာင္ေနတဲ့အံဆြဲလက္ကိုင္ဘု လိုမ်ိဳးေပါ့။ အဲ့ဒီလိုလက္ကိုင္ဘုေတြရွိရင္ အကုန္ျပဳျပင္လိုက္ပါ။ လြန္ခဲ့တဲ့ ေျခာက္လကတည္းက ပ်က္ေနတဲ့မီးသီးကိုလည္း လဲလိုက္ပါ။ ဒီေလာက္ဆို သင္သေဘာေပါက္ေလာက္ပါၿပီ။

၅။ အလုပ္ေနရာေလးတစ္ခုဖန္တီးပါ

တကယ္လို႔ သင္ဟာ အိမ္ကေနအလုပ္လုပ္ေနရတဲ့သူတစ္ဦးဆိုရင္ ဒီအခ်ိန္မွာအခန္းတစ္ခန္း ျပန္ဖြဲ႕ရမယ္ဆိုရင္ေတာင္ ထူးျခားတဲ့ေနရာတစ္ခုကို အခ်ိန္ေပးၿပီးဖန္တီးလိုက္ပါ။ အလုပ္နဲ႔ ဘဝကိုခြဲျခားျခင္းက ဟန္ခ်က္ညီေစႏိုင္သလို စိတ္ဖိစီးမႈကိုလည္းေလ်ာ့က်ေစပါတယ္။ ကိုယ္ေရာက္တဲ့အခါတိုင္း လန္းဆန္းေပါ့ပါးမႈကို ခံစားႏိုင္ေစဖို႔ အဲ့ဒီ့ေနရာေလးကို သန္႔ရွင္းသပ္ရပ္ေအာင္ထားပါ။ သင္ဟာ ႐ုံးမွာအလုပ္လုပ္ရတာကို အသားက်ေနတဲ့သူဆိုရင္ ဒီအခ်က္ကအေတာ္ေလးအေရးႀကီးပါတယ္။


၆။ ကိုယ္တန္ဖိုးထားႏွစ္သက္တဲ့အရာေတြကိုသာ ခ်န္ထားပါ

ကိုယ္ႏွစ္သက္တဲ့အရာနဲ႔ ကိုယ္မႀကိဳက္တဲ့အရာေတြကို တစ္အိမ္လုံးအႏွံ႔ ရွာေဖြစစ္ေဆးပါ။ ကိုယ္မႀကိဳက္ႏွစ္သက္ရင္ေတာ့ ဘာေၾကာင့္အဲ့ဒီေနရာမွာရွိေနဖို႔လိုဦးမွာလဲ။ ကိုယ့္အတြက္အက်ိဳးမေပးတဲ့အျပင္ စိတ္ခ်မ္းသာမႈလည္းမေပးႏိုင္တဲ့ အရာေတြနဲ႔ခြဲခြာဖို႔ အခုအခ်ိန္ဟာ အေကာင္းဆုံးအခ်ိန္ပါပဲ။ တကယ္လို႔ကိုယ့္အိမ္မွာ ကိုယ္ေန႔တိုင္းျမင္ေနရၿပီးမႏွစ္ၿမိဳ႕တဲ့ ပန္းခ်ီကားတစ္ခ်ပ္ရွိတယ္ဆိုရင္ ဘယ္သူေပးတာလဲ၊ ဘယ္ေလာက္တန္ေၾကးရွိလဲ ဆိုတာမစဥ္းစားပါနဲ႔။ အျမန္ဆုံးဖယ္ရွားလိုက္ပါ။

၇။ ပစၥည္းေတြကို ေနရာေ႐ႊ႕ပါ

ပစၥည္းေတြကို ေနရာမေ႐ႊ႕ဘူးဆိုရင္ စြမ္းအင္ဟာပိတ္မိေနတတ္ပါတယ္။ ဆိုဖာထိုင္ခုံကို ဒီနံရံဖက္မွာထားရင္ ဘယ္လိုေနမလဲသိခ်င္ေပမယ့္ အခ်ိန္မရလို႔မလုပ္ၾကည့္မိဘူး ဆိုရင္ လက္ရွိအခ်ိန္ဟာ အခြင့္အေရးပါပဲ။ ပရိေဘာဂပစၥည္းေတြကို ေနရာေျပာင္းေ႐ႊ႕ၾကည့္ပါ။ မႀကိဳက္ရင္ျပန္ေ႐ႊ႕ပါ။ အဲ့ဒီလိုပစၥည္းေနရာေျပာင္းေ႐ႊ႕ျခင္းဟာ စြမ္းအင္ျဖစ္ထြန္းေစၿပီး ဘဝသစ္တခုရရွိေစပါတယ္။

၈။ ပြတ္တိုက္ ေဆးေၾကာ သန႔္စင္ပါ

ကိုယ့္ေနစဥ္ဘဝမွာ အခ်ိန္မေပးဖူးတဲ့ အိမ္တြင္းေခ်ာင္ႀကိဳေခ်ာင္ၾကားေနရာအထိ ပြတ္တိုက္ေဆးေၾကာပါ။ ကိုယ့္အိပ္ယာေအာက္မွာ ကိုယ္မွာရွိမွန္းေတာင္မသိတဲ့ ေခြးေလးတစ္ေကာင္မ်ားရွိေနမလား။ ဒီအခ်ိန္ဟာ ရွာေဖြၾကည့္ရမယ့္ အခ်ိန္ပါပဲ။

၉။ ကားဂိုေဒါင္ကိုရွင္းလင္းပါ

တကယ္လို႔ သင့္မွာကားဂိုေဒါင္တစ္ခုရွိတယ္ဆိုရင္ လက္ရွိအခ်ိန္ဟာ ရွင္းလင္းဖို႔အ‌ေကာင္းဆုံးအခ်ိန္ပါပဲ။ ကြၽန္မတို႔ေတာ္ေတာ္မ်ားမ်ားဟာ အိမ္ထဲမွာမဆံ့တဲ့ အရာေတြကို ကားဂိုေဒါင္ထဲမွာစုပုံထားတတ္ၾကပါတယ္။ အဲ့ဒီ့ေနရာဟာ ကြၽန္မတို႔ရဲ႕ဘဝမွာမရွိသလို ျဖစ္ခဲ့ပါတယ္။ ေနသာတဲ့ေန႔မ်ိဳးမွာ အခြင့္အေရးကိုအသုံးခ်ပါ။ ဂိုေဒါင္ထဲကရွိသမွ် ပစၥည္းေတြအျပင္ထုတ္ပါ။ ၿပီးရင္ အထဲျပန္မထည့္ခင္ ႏွစ္ခါစဥ္းစားပါ။

၁၀။ အဝတ္ဗီ႐ိုေတြ ရွင္းပါ

ဒီကပ္ေဘးကို လြန္ေျမာက္သြားလို႔ ကြၽန္မတို႔အိမ္အျပင္ထြက္ၾကတဲ့အခါ ေႏြဦးကာလကို ေရာက္ခ်င္ေရာက္ေနပါလိမ့္မယ္။ အဲ့ဒီ့အတြက္ အဆင္သင့္ျပင္ထားၾကရေအာင္။ ဗီ႐ိုထဲမွာသိမ္းဆည္းထားတဲ့ အဝတ္ေတြ၊ ဖိနပ္ေတြ နဲ႔ အသုံးအေဆာင္ပစၥည္းေတြ ထုတ္ပါ။ ကိုယ္မွာ ရွိတာေတြ ကိုယ္ႀကိဳက္လား၊ ကိုယ္နဲ႔လိုက္ဖက္လား ၾကည့္ပါ။ ကိုယ္ ႀကိဳက္ႏွစ္သက္တဲ့အရာေတြကိုသာ သိမ္းဆည္းပါ။

“ အခ်ိန္ေလးနည္းနည္းပိုရရင္ ေကာင္းမယ္”လို႔ ကြၽန္မမၾကာခဏ ၿငီးတြားေျပာဆိုခဲ့ဖူးပါတယ္။ မိတ္ေဆြတို႔လည္း ေျပာခဲ့ဖူးမယ္ထင္ပါတယ္။ အခုေတာ့ ကြၽန္မတို႔ အခြင့္အေရးရပါၿပီ။ အေကာင္းဆုံးလုပ္ေဆာင္လိုက္ၾကရေအာင္လားရွင္။

ခင္ေအးခ်မ္း ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)