11917 Views

သင့္စည္းစိမ္တိုးပြားေစမည့္ ဖုန္းေရႊေငြေၾကးကုထံုးမ်ား

### Zawgyi Version ###

ဖုန္းေရႊဟာ ေငြေရးေၾကးေရးျပႆနာေတြကို ကုစားဖုိ႔ နည္းလမ္းမ်ားစြာ ေပးပါတယ္။ သင့္အေနနဲ႔ ေငြေၾကးအက်ပ္အတည္းတစ္စံုတစ္ရာ ႀကံဳဆံုေနရတယ္ဆုိရင္ သင့္အိမ္မွာ ႏိႈးဆြအသက္သြင္းေပးရမယ့္ အရာအခ်ဳိ႕၊ ေနရာအခ်ဳိ႕ က်ိန္းေသေပါက္ရွိေနပါၿပီ။

ဖုန္းေရႊနိယာမေတြဟာ ေငြေၾကးကိုဆြဲေဆာင္ႏုိင္တဲ့ ကံေကာင္းျခင္းညိႇဳ႕ဓာတ္ေတြလည္း ေပးပါတယ္။

ဖုန္းေရႊမွာ အိမ္ရဲ႕အေရွ႕ေတာင္ပိုင္းဟာ စည္းစိမ္ဥစၥာကို ႀကီးစိုးပါတယ္။

- ေငြျပတ္လို႔ ဖုန္းေရႊကုထံုးေတြရွာတဲ့အခါ ကိုင္တြယ္ရမယ့္ ပထမဆံုးေနရာကေတာ့ သင့္အိမ္ရဲ႕ အေရွ႕ေတာင္ပိုင္းပဲျဖစ္ပါတယ္။ ဒီအပိုင္းဟာ ေငြေၾကးစီးဆင္းမႈကို ႀကီးစိုးတဲ့ဧရိယာပါ။ သင့္အေနနဲ႔ အဲဒီေနရာမွာ နိမိတ္ေကာင္းတဲ့ ခ်ီစြမ္းအင္ေတြနဲ႔ခ်ည္း ျပည့္ႏွက္ေနေစခ်င္မွာ မလြဲပါဘူး။ ေငြကံရွိေစဖို႔ အထူးသျဖင့္ ေငြေၾကးကုထံုးတစ္ရပ္ကို သင္လိုအပ္တယ္ဆုိရင္ သင့္အေနနဲ႔ လုပ္ေဆာင္ႏုိင္တာေလးေတြ အနည္းငယ္ရွိပါတယ္။

ေငြေၾကးေထာင့္တြင္ ခ်ီစြမ္းအင္ကို အသက္သြင္းလႈံ႕ေဆာ္ရန္ ျဗဳတ္စဗ်င္းေတာင္းျဖစ္မႈမ်ားအား ေလွ်ာ့ခ်ပါ။

- ႐ုတ္တရက္ၾကည့္ရင္ေတာ့ ဒီအခ်က္က အလြန္႐ိုးရွင္းတဲ့စည္းမ်ဥ္းဆိုေပမဲ့ ေငြေၾကးေပါႂကြယ္ဝဖို႔အတြက္ေတာ့ အသက္ေသြးေၾကာတမွ် အေရးႀကီးလွပါတယ္။ သင့္အိမ္ အထူးသျဖင့္ အိမ္ရဲ႕အေရွ႕ေတာင္ပိုင္းမွာ အမိႈက္သ႐ိုက္၊ ႐ႈပ္ပြမႈမွန္သမွ် ရွင္းထုတ္ပစ္ပါ။

စည္းစိမ္ဥစၥာအား ဒဂၤါးျပားမ်ားျဖင့္ ဆြဲေဆာင္လိုက္ပါ။

သင့္စည္းစိမ္တိုးပြားေစမည့္ ဖုန္းေရႊေငြေၾကးကုထံုးမ်ား

- အလယ္မွာ စတုရန္းပုံအေပါက္ရွိတဲ့ တ႐ုတ္ဒဂၤါးျပားဝုိင္းေတြဟာ ကမာၻေျမနဲ႔ ေကာင္းကင္ဘံုအၾကား စည္းလံုးညီညြတ္မႈကို ကိုယ္စားျပဳပါတယ္။ ဒဂၤါးျပား သံုးျပား သို႔မဟုတ္ ေျခာက္ျပားကို ဖဲႀကိဳးနီနဲ႔တြဲခ်ည္ၿပီး အေရွ႕ေတာင္ေထာင့္မွာ ထားၿပီး ေငြကံကို ဆြဲေဆာင္လိုက္ပါ။

ေငြေၾကးကံအတြက္ ေရ႐ုပ္တစ္႐ုပ္ကိုပါ ထားရွိပါ။

- ငါးကန္ သို႔မဟုတ္ ေရတံခြန္ လိုမ်ဳိး ေရ႐ုပ္တစ္႐ုပ္ကို ၎အေရွ႕ေတာင္ေထာင့္ဧရိယာမွာ ထည့္သြင္းထားရွိႏိုင္ပါတယ္။ သင့္ရဲ႕ေရ႐ုပ္ကို အၿမဲတေစသန္႔ရွင္းေနေစဖို႔ေတာ့ လိုပါတယ္။ သန္႔သန္႔ရွင္းရွင္းမထားဘူးဆိုရင္ေတာ့ သင့္ေငြေၾကးကံ ဆိုးသြားပါလိမ့္မယ္။

သစ္သား႐ုပ္ကိုလည္း ထားရွိပါ။

- သစ္သားဓာတ္ဟာ သင့္အိမ္ရဲ႕ အေရွ႕ေတာင္အပိုင္းကို ႀကီးစိုးပါတယ္။ သစ္ပရိေဘာဂေတြ၊ အရြက္ခၽြန္မပါတဲ့ သစ္ပင္ေတြ စတဲ့ သစ္သားဓာတ္႐ုပ္ေတြကို ထားရွိၿပီး သင့္အိမ္ရဲ႕သစ္သားဓာတ္ကို ႏိႈးဆြလိုက္ပါ။

ႂကြယ္ဝေပါမ်ားရန္ အေရာင္ထည့္ပါ။

- ေငြေၾကးကံဂုဏ္သတၱိ ပိုမိုအားေကာင္းေစခ်င္တယ္ဆိုရင္ေတာ့ အိမ္ရဲ႕ အေရွ႕ေတာင္ပိုင္းမွာ အေရာင္ေလးေတြကိုလည္း အသံုးျပဳႏိုင္ပါတယ္။ ဘယ္လိုအေရာင္ေတြလဲဆိုေတာ့ ေရဓာတ္အားျဖည့္ထားတဲ့ သစ္သားေရာင္ေလးေတြပဲျဖစ္ပါတယ္။ ဥပမာ - အစိမ္း၊ အညိဳနဲ႔ အျပာ။ တစ္ေရာင္ထက္ပိုၿပီး အသံုးျပဳလို႔ရပါတယ္။

၎အရပ္တြင္ မီးအလင္းေရာင္ေကာင္းေကာင္းရွိပါေစ။

- မီးအလင္းေရာင္ဆိုတာကေတာ့ ဖုန္းေရႊကုထံုးလိုအပ္ေနတဲ့ ဧရိယာအမ်ားစုအတြက္ ဖုန္းေရႊကုထံုးတစ္ခုပဲျဖစ္ပါတယ္။ အိမ္ရဲ႕အေရွ႕ေတာင္ေထာင့္မွာ မီးအလင္းေရာင္ေကာင္းေကာင္းရၿပီး အားျဖည့္ေပးဖို႔ စားပြဲတင္မီးအိမ္၊ ၾကမ္းခင္းမီးေခ်ာင္း စတာေတြကုိ ေန႔စဥ္ အနည္းဆံုး ငါးနာရီၾကာ ထြန္းလင္းေပးရပါမယ္။

အသျပာဖုန္းေရႊအတြက္ အသျပာပန္းအိုးတစ္လံုးဖန္တီးပါ။

သင့္စည္းစိမ္တိုးပြားေစမည့္ ဖုန္းေရႊေငြေၾကးကုထံုးမ်ား

- ဒီေရွးေဟာင္းလွ်ဳိ႕ဝွက္ေငြေၾကးကုထံုးက ဘယ္သူ႕အတြက္မဆို အလုပ္ျဖစ္ပါတယ္။
- အဝက်ယ္က်ယ္၊ လည္ပင္းက်ဥ္းက်ဥ္း (ဝင္ၿပီးေငြမ်ားျပန္မထြက္ႏုိင္ရန္)၊ ဖင္က်ယ္က်ယ္နဲ႔ အဖံုးပါတဲ့ ေႂကြပန္းအိုးတစ္လံုးကို အသံုးျပဳပါ။
- သူေဌးတစ္ေယာက္ရဲ႕ေငြ၊ မိမိႏွစ္သက္ရာအိမ္ပံု၊ ကားပံု၊ ရတနာပစၥည္းပံု စသျဖင့္ အဖိုးတန္ပစၥည္းပံုေဆာင္ေလးေတြကို ၎အိုးထဲထည့္ပါ။
- အိုးအဖံုးကိုပိတ္ၿပီး လည္ပင္းေနရာကို အနီ၊ အဝါ၊ အျပာ၊ အစိမ္းနဲ႔ အျဖဴ (ဓာတ္ႀကီးငါးပါးကိုယ္စားျပဳအေရာင္မ်ား) အေရာင္ေတြရွိတဲ့ ဖဲႀကိဳးငါးခုနဲ႔ စီးပါ။
- ၿပီးလွ်င္ ထိုအိုးကို လံုၿခံဳတဲ့အျမင့္တစ္ေနရာမွာ ဘယ္သူမွမျမင္၊ မသိေအာင္ ထားရွိသိမ္းဆည္းပါ။ သိုေလွာင္တဲ့ေနရာဟာ သူမ်ားေတြ လက္လွမ္းမမီအသံုးမျပဳၾကတဲ့ေနရာျဖစ္ေလ ေကာင္းေလပါပဲ။
- ေငြအိုးကို တံခါးနား မထားရ။ မလႈပ္ရ။ မီးဖိုေခ်ာင္ႏွင့္ ေရခ်ဳိးခန္းအိမ္သာတို႔တြင္ ထားရွိျခင္းမွလည္း ေရွာင္ၾကဥ္ပါ။
- အိမ္ရဲ႕အေရွ႕ေတာင္အပိုင္းက အေကာင္းဆံုးေနရာျဖစ္ပါတယ္။ အထူးသျဖင့္ သင့္အိမ္ရဲ႕အတြင္းပိုင္းက်ေလ ေကာင္းေလပါပဲ။

ေငြသေဘၤာ႐ြက္လႊင့္ျခင္းကုထံုး

သင့္စည္းစိမ္တိုးပြားေစမည့္ ဖုန္းေရႊေငြေၾကးကုထံုးမ်ား

- ေငြသေဘၤာဟာ အေတာ္ေလးေကာင္းတဲ့ဓနဥစၥာကုထံုးပါ။ နိမိတ္ေကာင္းတဲ့ေလေတြကို ျဖတ္သန္းလာတဲ့ ရြက္ေလွဟာ သင့္ဆီကုိလည္း ဓနဥစၥာေတြ ေဆာင္ၾကဥ္းလာမွာပါ။ ဒီကုထံုးကေတာ့ သင့္ဝင္ေငြကို တိုးေစဖို႔အသံုးျပဳရတာပဲျဖစ္ပါတယ္။
- ရြက္ေတြ ရွိၿပီး အေျမာက္လိုမ်ဳိး လက္နက္တစ္စံုတစ္ရာမရွိတဲ့ သေဘၤာပံုေဆာင္႐ုပ္ကို ေရြးခ်ယ္ပါ။
- သေဘၤာကုန္းပတ္မွာ ေငြစကၠဴအစစ္နဲ႔ အျခားေငြေၾကးသေကၤတပံုေဆာင္ (ဥပမာ- ေရႊတံုး႐ုပ္၊ ေက်ာက္မ်က္ရတနာ) ေတြကို ထားရွိပါ။
- သေဘၤာေတြကို အိမ္ရဲ႕အေရွ႕ေတာင္အပိုင္းမွာ အရပ္မ်က္ႏွာအမ်ဳိးမ်ဳိးကို မ်က္ႏွာမူကာ ထားရွိပါ။ ျပတင္းတံခါးေတြဘက္မ်က္ႏွာမူျခင္းကို ေရွာင္ၾကဥ္ၿပီး အိမ္အတြင္းဘက္ကိုေတာ့ မျဖစ္မေနမ်က္ႏွာမူရပါမယ္။
- တစ္စင္းထက္ပိုတဲ့ သေဘၤာေတြက ဝင္ေငြလမ္းေၾကာင္းမ်ားစြာကို ကူညီဖန္တီးေပးမွာပါ။

ေငြေၾကးကံအတြက္ ေယဘုယ်ဖုန္းေရႊကုထံုးမ်ား

ေျခသံုးေခ်ာင္းဖား

သင့္စည္းစိမ္တိုးပြားေစမည့္ ဖုန္းေရႊေငြေၾကးကုထံုးမ်ား

- ေငြဖားလို႔လည္း ေခၚၾကတဲ့ ဒီအထင္ကရ႐ုပ္တုကို ေငြေၾကးကံျပဳျပင္ဖို႔ အသံုးျပဳႏိုင္ပါတယ္။ ဖားပါးစပ္ထဲ ဒဂၤါးျပားတစ္ျပား ထည့္ၿပီး ၎ဖားကို စားပြဲ၊ စာအုပ္စင္ေတြေပၚ ထင္ထင္ရွားရွားထားရွိပါ။

ပိုက္ဆံအိတ္

- အနီေရာင္ဖဲႀကိဳးခ်ည္ထားတဲ့ ဒဂၤါးသံုးျပားကို သင့္ပိုက္ဆံအိမ္ထဲ ထည့္ထားပါ။ တ႐ုတ္ေငြဒဂၤါးျပားထည့္ပိတ္ထားတဲ့ အနီေရာင္တ႐ုတ္စာအိတ္တစ္အိတ္ကိုလည္း ထည့္ပါ။ ႏွစ္ခုစလံုးက ေငြကံကို ဆြဲေဆာင္ပါလိမ့္မယ္။

အနီေရာင္ႏွင့္ေရႊေရာင္စပ္

- ၎အေရာင္စပ္က မီးနဲ႔သတၱဳကို ကိုယ္စားျပဳပါတယ္။ ဒီအေရာင္စပ္ကို အေရွ႕ေတာင္အရပ္မွာ အသံုးျပဳေပးပါက ေငြေၾကးကံကို ဆြဲေဆာင္ေပးပါလိမ့္မယ္။

ဖုန္းေရႊခ်စ္သူအားလံုး အထက္ပါဖုန္းေရႊကုထံုးေတြကို လက္ေတြ႕မွန္မွန္ကန္ကန္အသံုးခ်ၿပီး စည္းစိမ္ဥစၥာေတြဒီေရအလားတိုးတက္ၾကပါေစလို႔ ဆႏၵျပဳလ်က္...


ခင္ေအးခ်မ္း မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ဖုန်းရွှေဟာ ငွေရေးကြေးရေးပြဿနာတွေကို ကုစားဖို့ နည်းလမ်းများစွာ ပေးပါတယ်။ သင့်အနေနဲ့ ငွေကြေးအကျပ်အတည်းတစ်စုံတစ်ရာ ကြုံဆုံနေရတယ်ဆိုရင် သင့်အိမ်မှာ နှိုးဆွအသက်သွင်းပေးရမယ့် အရာအချို့၊ နေရာအချို့ ကျိန်းသေပေါက်ရှိနေပါပြီ။

ဖုန်းရွှေနိယာမတွေဟာ ငွေကြေးကိုဆွဲဆောင်နိုင်တဲ့ ကံကောင်းခြင်းညှို့ဓာတ်တွေလည်း ပေးပါတယ်။

ဖုန်းရွှေမှာ အိမ်ရဲ့အရှေ့တောင်ပိုင်းဟာ စည်းစိမ်ဥစ္စာကို ကြီးစိုးပါတယ်။

- ငွေပြတ်လို့ ဖုန်းရွှေကုထုံးတွေရှာတဲ့အခါ ကိုင်တွယ်ရမယ့် ပထမဆုံးနေရာကတော့ သင့်အိမ်ရဲ့ အရှေ့တောင်ပိုင်းပဲဖြစ်ပါတယ်။ ဒီအပိုင်းဟာ ငွေကြေးစီးဆင်းမှုကို ကြီးစိုးတဲ့ဧရိယာပါ။ သင့်အနေနဲ့ အဲဒီနေရာမှာ နိမိတ်ကောင်းတဲ့ ချီစွမ်းအင်တွေနဲ့ချည်း ပြည့်နှက်နေစေချင်မှာ မလွဲပါဘူး။ ငွေကံရှိစေဖို့ အထူးသဖြင့် ငွေကြေးကုထုံးတစ်ရပ်ကို သင်လိုအပ်တယ်ဆိုရင် သင့်အနေနဲ့ လုပ်ဆောင်နိုင်တာလေးတွေ အနည်းငယ်ရှိပါတယ်။

ူငွေကြေးထောင့်တွင် ချီစွမ်းအင်ကို အသက်သွင်းလှုံ့ဆော်ရန် ဗြုတ်စဗျင်းတောင်းဖြစ်မှုများအား လျှော့ချပါ။

- ရုတ်တရက်ကြည့်ရင်တော့ ဒီအချက်က အလွန်ရိုးရှင်းတဲ့စည်းမျဉ်းဆိုပေမဲ့ ငွေကြေးပေါကြွယ်ဝဖို့အတွက်တော့ အသက်သွေးကြောတမျှ အရေးကြီးလှပါတယ်။ သင့်အိမ် အထူးသဖြင့် အိမ်ရဲ့အရှေ့တောင်ပိုင်းမှာ အမှိုက်သရိုက်၊ ရှုပ်ပွမှုမှန်သမျှ ရှင်းထုတ်ပစ်ပါ။

စည်းစိမ်ဥစ္စာအား ဒင်္ဂါးပြားများဖြင့် ဆွဲဆောင်လိုက်ပါ။

- အလယ်မှာ စတုရန်းပုံအပေါက်ရှိတဲ့ တရုတ်ဒင်္ဂါးပြားဝိုင်းတွေဟာ ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံအကြား စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုပါတယ်။ ဒင်္ဂါးပြား သုံးပြား သို့မဟုတ် ခြောက်ပြားကို ဖဲကြိုးနီနဲ့တွဲချည်ပြီး အရှေ့တောင်ထောင့်မှာ ထားပြီး ငွေကံကို ဆွဲဆောင်လိုက်ပါ။

ငွေကြေးကံအတွက် ရေရုပ်တစ်ရုပ်ကိုပါ ထားရှိပါ။

- ငါးကန် သို့မဟုတ် ရေတံခွန် လိုမျိုး ရေရုပ်တစ်ရုပ်ကို ၎င်းအရှေ့တောင်ထောင့်ဧရိယာမှာ ထည့်သွင်းထားရှိနိုင်ပါတယ်။ သင့်ရဲ့ရေရုပ်ကို အမြဲတစေသန့်ရှင်းနေစေဖို့တော့ လိုပါတယ်။ သန့်သန့်ရှင်းရှင်းမထားဘူးဆိုရင်တော့ သင့်ငွေကြေးကံ ဆိုးသွားပါလိမ့်မယ်။

သစ်သားရုပ်ကိုလည်း ထားရှိပါ။

- သစ်သားဓာတ်ဟာ သင့်အိမ်ရဲ့ အရှေ့တောင်အပိုင်းကို ကြီးစိုးပါတယ်။ သစ်ပရိဘောဂတွေ၊ အရွက်ချွန်မပါတဲ့ သစ်ပင်တွေ စတဲ့ သစ်သားဓာတ်ရုပ်တွေကို ထားရှိပြီး သင့်အိမ်ရဲ့သစ်သားဓာတ်ကို နှိုးဆွလိုက်ပါ။

ကြွယ်ဝပေါများရန် အရောင်ထည့်ပါ။

- ငွေကြေးကံဂုဏ်သတ္တိ ပိုမိုအားကောင်းစေချင်တယ်ဆိုရင်တော့ အိမ်ရဲ့ အရှေ့တောင်ပိုင်းမှာ အရောင်လေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဘယ်လိုအရောင်တွေလဲဆိုတော့ ရေဓာတ်အားဖြည့်ထားတဲ့ သစ်သားရောင်လေးတွေပဲဖြစ်ပါတယ်။ ဥပမာ - အစိမ်း၊ အညိုနဲ့ အပြာ။ တစ်ရောင်ထက်ပိုပြီး အသုံးပြုလို့ရပါတယ်။

၎င်းအရပ်တွင် မီးအလင်းရောင်ကောင်းကောင်းရှိပါစေ။

- မီးအလင်းရောင်ဆိုတာကတော့ ဖုန်းရွှေကုထုံးလိုအပ်နေတဲ့ ဧရိယာအများစုအတွက် ဖုန်းရွှေကုထုံးတစ်ခုပဲဖြစ်ပါတယ်။ အိမ်ရဲ့အရှေ့တောင်ထောင့်မှာ မီးအလင်းရောင်ကောင်းကောင်းရပြီး အားဖြည့်ပေးဖို့ စားပွဲတင်မီးအိမ်၊ ကြမ်းခင်းမီးချောင်း စတာတွေကို နေ့စဉ် အနည်းဆုံး ငါးနာရီကြာ ထွန်းလင်းပေးရပါမယ်။

အသပြာဖုန်းရွှေအတွက် အသပြာပန်းအိုးတစ်လုံးဖန်တီးပါ။

- ဒီရှေးဟောင်းလျှို့ဝှက်ငွေကြေးကုထုံးက ဘယ်သူ့အတွက်မဆို အလုပ်ဖြစ်ပါတယ်။
- အဝကျယ်ကျယ်၊ လည်ပင်းကျဉ်းကျဉ်း (ဝင်ပြီးငွေများပြန်မထွက်နိုင်ရန်)၊ ဖင်ကျယ်ကျယ်နဲ့ အဖုံးပါတဲ့ ကြွေပန်းအိုးတစ်လုံးကို အသုံးပြုပါ။
- သူဌေးတစ်ယောက်ရဲ့ငွေ၊ မိမိနှစ်သက်ရာအိမ်ပုံ၊ ကားပုံ၊ ရတနာပစ္စည်းပုံ စသဖြင့် အဖိုးတန်ပစ္စည်းပုံဆောင်လေးတွေကို ၎င်းအိုးထဲထည့်ပါ။
- အိုးအဖုံးကိုပိတ်ပြီး လည်ပင်းနေရာကို အနီ၊ အဝါ၊ အပြာ၊ အစိမ်းနဲ့ အဖြူ (ဓာတ်ကြီးငါးပါးကိုယ်စားပြုအရောင်များ) အရောင်တွေရှိတဲ့ ဖဲကြိုးငါးခုနဲ့ စီးပါ။
- ပြီးလျှင် ထိုအိုးကို လုံခြုံတဲ့အမြင့်တစ်နေရာမှာ ဘယ်သူမှမမြင်၊ မသိအောင် ထားရှိသိမ်းဆည်းပါ။ သိုလှောင်တဲ့နေရာဟာ သူများတွေ လက်လှမ်းမမီအသုံးမပြုကြတဲ့နေရာဖြစ်လေ ကောင်းလေပါပဲ။
- ငွေအိုးကို တံခါးနား မထားရ။ မလှုပ်ရ။ မီးဖိုချောင်နှင့် ရေချိုးခန်းအိမ်သာတို့တွင် ထားရှိခြင်းမှလည်း ရှောင်ကြဉ်ပါ။
- အိမ်ရဲ့အရှေ့တောင်အပိုင်းက အကောင်းဆုံးနေရာဖြစ်ပါတယ်။ အထူးသဖြင့် သင့်အိမ်ရဲ့အတွင်းပိုင်းကျလေ ကောင်းလေပါပဲ။

ငွေသင်္ဘောရွက်လွှင့်ခြင်းကုထုံး

- ငွေသင်္ဘောဟာ အတော်လေးကောင်းတဲ့ဓနဥစ္စာကုထုံးပါ။ နိမိတ်ကောင်းတဲ့လေတွေကို ဖြတ်သန်းလာတဲ့ ရွက်လှေဟာ သင့်ဆီကိုလည်း ဓနဥစ္စာတွေ ဆောင်ကြဉ်းလာမှာပါ။ ဒီကုထုံးကတော့ သင့်ဝင်ငွေကို တိုးစေဖို့အသုံးပြုရတာပဲဖြစ်ပါတယ်။
- ရွက်တွေ ရှိပြီး အမြောက်လိုမျိုး လက်နက်တစ်စုံတစ်ရာမရှိတဲ့ သင်္ဘောပုံဆောင်ရုပ်ကို ရွေးချယ်ပါ။
- သင်္ဘောကုန်းပတ်မှာ ငွေစက္ကူအစစ်နဲ့ အခြားငွေကြေးသင်္ကေတပုံဆောင် (ဥပမာ- ရွှေတုံးရုပ်၊ ကျောက်မျက်ရတနာ) တွေကို ထားရှိပါ။
- သင်္ဘောတွေကို အိမ်ရဲ့အရှေ့တောင်အပိုင်းမှာ အရပ်မျက်နှာအမျိုးမျိုးကို မျက်နှာမူကာ ထားရှိပါ။ ပြတင်းတံခါးတွေဘက်မျက်နှာမူခြင်းကို ရှောင်ကြဉ်ပြီး အိမ်အတွင်းဘက်ကိုတော့ မဖြစ်မနေမျက်နှာမူရပါမယ်။
- တစ်စင်းထက်ပိုတဲ့ သင်္ဘောတွေက ဝင်ငွေလမ်းကြောင်းများစွာကို ကူညီဖန်တီးပေးမှာပါ။

ငွေကြေးကံအတွက် ယေဘုယျဖုန်းရွှေကုထုံးများ

ခြေသုံးချောင်းဖား

- ငွေဖားလို့လည်း ခေါ်ကြတဲ့ ဒီအထင်ကရရုပ်တုကို ငွေကြေးကံပြုပြင်ဖို့ အသုံးပြုနိုင်ပါတယ်။ ဖားပါးစပ်ထဲ ဒင်္ဂါးပြားတစ်ပြား ထည့်ပြီး ၎င်းဖားကို စားပွဲ၊ စာအုပ်စင်တွေပေါ် ထင်ထင်ရှားရှားထားရှိပါ။

ပိုက်ဆံအိတ်

- အနီရောင်ဖဲကြိုးချည်ထားတဲ့ ဒင်္ဂါးသုံးပြားကို သင့်ပိုက်ဆံအိမ်ထဲ ထည့်ထားပါ။ တရုတ်ငွေဒင်္ဂါးပြားထည့်ပိတ်ထားတဲ့ အနီရောင်တရုတ်စာအိတ်တစ်အိတ်ကိုလည်း ထည့်ပါ။ နှစ်ခုစလုံးက ငွေကံကို ဆွဲဆောင်ပါလိမ့်မယ်။

အနီရောင်နှင့်ရွှေရောင်စပ်

- ၎င်းအရောင်စပ်က မီးနဲ့သတ္တုကို ကိုယ်စားပြုပါတယ်။ ဒီအရောင်စပ်ကို အရှေ့တောင်အရပ်မှာ အသုံးပြုပေးပါက ငွေကြေးကံကို ဆွဲဆောင်ပေးပါလိမ့်မယ်။

ဖုန်းရွှေချစ်သူအားလုံး အထက်ပါဖုန်းရွှေကုထုံးတွေကို လက်တွေ့မှန်မှန်ကန်ကန်အသုံးချပြီး စည်းစိမ်ဥစ္စာတွေဒီရေအလားတိုးတက်ကြပါစေလို့ ဆန္ဒပြုလျက်...


ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Other Poperty Feng Shui Articles

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)