1344 Views

ဖုန္းေရႊအသံုးျပဳ၍ လုပ္ငန္းေနရာေရြးခ်ယ္ျခင္း

### Zawgyi Version ###

သင့္ကိုလမ္းညႊန္ေပးမယ့္ ဖုန္းေရႊနိယာမေတြကို အသံုးျပဳၿပီး သင့္လုပ္ငန္းေနရာကို ေရြးခ်ယ္ႏိုင္ပါတယ္။ ဘယ္လိုေနရာမ်ဳိးကိုရွာၿပီး ဘယ္လိုေနရာကိုေရွာင္ရွားရမယ္ဆိုတာေတြသိဖုိ႔ရာ ယခုေဆာင္းပါးက အကူအညီျဖစ္ပါလိမ့္မယ္။

တည္ေနရာဟာ အိမ္ၿခံေျမတစ္ခုရဲ႕ အဓိကအခ်က္ပဲျဖစ္ပါတယ္။

ေရွာင္ရွားရမည့္ တည္ေနရာမ်ား

မလိုလားစရာလႈပ္ရွားမႈရွိတဲ့ တည္ေနရာေတြကို သင့္အေနနဲ႔ေရွာင္ရွားခ်င္မွာပါ။ သခ်ဳႋင္း၊ အက်ဥ္းေထာင္၊ ရဲစခန္း၊ ျပန္လည္ထူေထာင္ေရးစခန္း၊ ေဆး႐ံု၊ ဘာသာေရးဆိုင္ရာအေဆာက္အအံု၊ ဓာတ္အားေပးစက္႐ံု စတာေတြနဲ႔ မ်က္မွန္းတန္းေနတဲ့ ဧရိယာေတြကို ဆုိလိုပါတယ္။ ဖုန္းေရႊမွာလည္း အဲ့ဒီတည္ေနရာေတြအားလံုးကို မဂၤလာမရွိတဲ့ေနရာေတြအျဖစ္ ယူဆပါတယ္။

ျမင့္မားေသာအရာမ်ား

ဖုန္းေရႊအသံုးျပဳ၍ လုပ္ငန္းေနရာေရြးခ်ယ္ျခင္း

သင့္လုပ္ငန္းလုပ္မယ့္တည္ေနရာပတ္လည္မွာ ျမင့္မားတဲ့အေဆာက္အအံုေတြ၊ ဆုိလိုတာက သင့္လုပ္ငန္းအေဆာက္အအံုကို အေပၚစီးကအုပ္မိုးထားမယ့္အေဆာက္အအံုေတြ ရွိ၊ မရွိ ေသခ်ာၾကည့္႐ႈပါ။ ရွိတယ္ဆုိရင္ အဲ့ဒါက သင့္လုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္မႈကို တန္႔ေစ၊ အေႏွာင့္အယွက္ျဖစ္ေစၿပီး အ႐ႈံးေပၚေစႏုိင္ပါတယ္။

လမ္းတည္ေနရာမ်ား

သင့္ကုမၸဏီအတြက္ အလုပ္ေတြေဆာင္ၾကဥ္းေပးမယ့္ စြမ္းအင္ေတြဟာ လမ္းေတြကို ျဖတ္ၿပီးလာမွာျဖစ္ပါတယ္။ သင့္လုပ္ငန္းခြင္အေဆာက္အအံုရဲ႕ တစ္ဖက္ဖက္မွာ အသံုးမ်ားတဲ့လမ္းတစ္လမ္း ရွိတယ္ဆုိရင္ကိုပဲ သင့္အလုပ္အတြက္ စြမ္းအင္ေကာင္းေတြ ျဖစ္ထြန္းမွာပါ။ ေရွာင္ရွားရမယ့္တည္ေနရာေတြကေတာ့.....

၁. တံတားေအာက္၊ လမ္းေအာက္။

၂. တစ္ဖက္ပိတ္လမ္းေထာင့္။

၃. လမ္းဦးတိုက္။

၄. လမ္းေကြးအျပင္ဘက္ (လမ္းေကြးအတြင္းဘက္တည္ေနရာက မဂၤလာရွိဟု ယူဆ) တို႔ပဲ ျဖစ္ပါတယ္။

အျပင္ဘက္မီးအလင္းေရာင္မလံုေလာက္ျခင္း၊ မရွိျခင္း

သင့္လုပ္ငန္းဟာ ေကာင္းမြန္တဲ့ေျမယာ႐ႈခင္းနဲ႔ ေကာင္းမြန္တဲ့အေဆာက္အအံုမီးအလင္းေရာင္ လိုအပ္ပါတယ္။ ကားပါကင္ေနရာ ဒါမွမဟုတ္ ဝင္ေပါက္လိုမ်ဳိး သင့္လုပ္ငန္းဝန္းက်င္မွာ ထြန္းလင္းေပးဖို႔ လမ္းမီး၊ လံုၿခံဳေရးမီး မရွိဘူးဆုိရင္ သင့္လုပ္ငန္းေအာင္ျမင္မႈအေပၚ မေကာင္းတဲ့သက္ေရာက္မႈရွိႏုိင္ပါတယ္။ အတြင္းအျပင္အားလံုးမွာ မီးအလင္းေရာင္ထိန္းထိန္လင္းေနပါေစ။

အလင္းေရာင္ေကာင္းေသာခန္းမ

ဖုန္းေရႊအသံုးျပဳ၍ လုပ္ငန္းေနရာေရြးခ်ယ္ျခင္း

အေဆာက္အအံုရဲ႕ အျပင္ဘက္မွာျဖစ္ျဖစ္ အတြင္းဘက္မွျဖစ္ျဖစ္ ခန္းမလို အလင္းေရာင္ေကာင္းတဲ့ေနရာက်ယ္တစ္ေနရာကို သင္လိုခ်င္မွာပါ။ ဒါဟာ စြမ္းအင္ေကာင္းေတြျမဴးၿပီး သင့္လုပ္ငန္းထဲဝင္လာမယ့္ ေနရာလြတ္တစ္ခုပဲျဖစ္ပါတယ္။ အဲ့ဒီေနရာဟာ အေဆာက္အအံုရဲ႕အေရွ႕မ်က္ႏွာစာျဖစ္ၿပီး ေျမယာ႐ႈခင္းျပဳျပင္ထားလို႔ စိမ္းစိမ္းလန္းလန္းနဲ႔လွပေနရင္ေတာ့ အေကာင္းဆံုးပါပဲ။

သင္စဥ္းစားသည့္တည္ေနရာတြင္ ယခင္ရွိခဲ့ေသာလုပ္ငန္း

အိမ္တစ္အိမ္ကို မေရြးခ်ယ္ခင္ အဲ့ဒီအိမ္ရဲ႕ အရင္ပိုင္ရွင္ကို စံုစမ္းသလိုပါပဲ။ သင္စဥ္းစားတဲ့အေဆာက္အအံုမွာ ေနာက္ဆံုးဘယ္သူေနသြားၿပီး ဘယ္သူကေနာက္ဆံုးပိုင္ရွင္ဆိုတာေတြကိုလည္း စံုစမ္းရပါမယ္။ ဒါမွသာ မလိုလားအပ္တဲ့ျပႆနာေတြကို ႀကိဳတင္ကာကြယ္ႏုိင္မွာပါ။

လုပ္ငန္းသက္တမ္းရွည္မႈ

နိမိတ္ေကာင္းတဲ့ဧရိယာတစ္ခုရဲ႕ အထင္ရွားဆံုးလကၡဏာကေတာ့ သက္တမ္းရွည္ၾကာေနၿပီျဖစ္တဲ့လုပ္ငန္းေတြရွိျခင္းပါပဲ။ ႏွစ္နဲ႔ခ်ီေအာင္ျမင္ျဖစ္ထြန္းလာတဲ့ လုပ္ငန္းေတြရွိတဲ့ စီးပြားေရးခ႐ိုင္ဟာ အလြန္ေကာင္းမြန္တဲ့တည္ေနရာ ျဖစ္ပါတယ္။

ဗိသုကာဆုိင္ရာအတြင္းသေဘာ

အခ်ဳိ႕ဗိသုကာပံုစံေတြဟာ လုပ္ငန္းေအာင္ျမင္ေစဖို႔ရာ အေထာက္အကူမျဖစ္ေစပါဘူး။ ျပတင္းေပါက္ထားရွိမႈနဲ႔ ဝင္ေပါက္အၾကား အခ်ဳိးမညီဘူးဆိုရင္ လုပ္ငန္းမွာ ေငြေၾကးပိုင္းဟန္ခ်က္မညီမႈျဖစ္ပြားႏုိင္တယ္ဆုိတဲ့ လကၡဏာပါပဲ။

ေနရာထိုင္ခင္းမလံုေလာက္ျခင္း

လုပ္ငန္းခြင္ေနရာက သင့္ဝန္ထမ္းေတြအတြက္ မလံုေလာက္ဘူးဆိုရင္ အဲ့ဒီက်ဥ္းက်ဥ္းက်ဳတ္က်ဳတ္လုပ္ငန္းခြင္က သင့္လုပ္ငန္းကို ထိခိုက္ေစႏိုင္ပါတယ္။ သင့္ကုမၸဏီဟာ အလုပ္ကိုမႏုိင္နင္းဘူးဆိုတဲ့ပံုစံလည္း ေပါက္ေစပါတယ္။ ေနရာက်ယ္ျခင္းက သင့္ကုမၸဏီဟာ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ေနရာရွိတယ္ဆိုတဲ့ အဓိပၸါယ္လည္းျဖစ္ပါတယ္။

ျမစ္တည္ေနရာ

ဖုန္းေရႊအသံုးျပဳ၍ လုပ္ငန္းေနရာေရြးခ်ယ္ျခင္း

ျမစ္ကလည္း လမ္းနဲ႔အလြန္ဆင္ပါတယ္။ ျမစ္တစ္စင္းနဲ႔နီးတဲ့ေနရာကို ေရြးခ်ယ္မယ္ဆိုရင္ ျမစ္ရဲ႕သ႑ာန္က မဂၤလာရွိ၊ မရွိဆိုတာကိုလည္း ဆံုးျဖတ္ဖို႔လိုပါတယ္။

ေျမေနရာလမ္းညႊန္

စိတ္ႀကိဳက္အေဆာက္အအံုေဆာက္မယ္ဆုိရင္ေတာ့ ေဆာက္မယ့္ေျမကို ေအာက္ပါအခ်က္ေတြနဲ႔ခ်ိန္ထိုးပါ။
အေနာက္ဘက္တြင္ ေတာင္တန္း ဒါမွမဟုတ္ ေတာင္ရွိလွ်င္ အေထာက္အပံ့ရွိတဲ့သေဘာေဆာင္တဲ့အတြက္ နိမိတ္ေကာင္းပါတယ္။
လမ္းေျမမ်က္ႏွာျပင္ေအာက္ နိမ္တဲ့ ေျမေနရာကို ဘယ္ေတာ့မွမေရြးပါနဲ႔။
လက္ယာဘက္ေျမဟာ လက္ဝဲဘက္ေျမေအာက္ နိမ့္သင့္ပါတယ္။
အေရွ႕ဘက္ေျမဟာ အေနာက္ဘက္ေျမေအာက္ နိမ့္သင့္ပါတယ္။

အထက္မွာေဖာ္ျပေပးခဲ့တဲ့ ဖုန္းေရႊအခ်က္အလက္အနည္းငယ္က သင့္ရဲ႕လုပ္ငန္းတည္ေနရာရွာေဖြရာမွာ အေထာက္အကူျဖစ္ေစႏုိင္မယ္လို႔ ေမွ်ာ္လင့္လွ်က္….


ခင္ေအးခ်မ္း မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

သင့်ကိုလမ်းညွှန်ပေးမယ့် ဖုန်းရွှေနိယာမတွေကို အသုံးပြုပြီး သင့်လုပ်ငန်းနေရာကို ရွေးချယ်နိုင်ပါတယ်။ ဘယ်လိုနေရာမျိုးကိုရှာပြီး ဘယ်လိုနေရာကိုရှောင်ရှားရမယ်ဆိုတာတွေသိဖို့ရာ ယခုဆောင်းပါးက အကူအညီဖြစ်ပါလိမ့်မယ်။

တည်နေရာဟာ အိမ်ခြံမြေတစ်ခုရဲ့ အဓိကအချက်ပဲဖြစ်ပါတယ်။

ရှောင်ရှားရမည့် တည်နေရာများ

မလိုလားစရာလှုပ်ရှားမှုရှိတဲ့ တည်နေရာတွေကို သင့်အနေနဲ့ရှောင်ရှားချင်မှာပါ။ သချုႋင်း၊ အကျဉ်းထောင်၊ ရဲစခန်း၊ ပြန်လည်ထူထောင်ရေးစခန်း၊ ဆေးရုံ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံ၊ ဓာတ်အားပေးစက်ရုံ စတာတွေနဲ့ မျက်မှန်းတန်းနေတဲ့ ဧရိယာတွေကို ဆိုလိုပါတယ်။ ဖုန်းရွှေမှာလည်း အဲ့ဒီတည်နေရာတွေအားလုံးကို မင်္ဂလာမရှိတဲ့နေရာတွေအဖြစ် ယူဆပါတယ်။

မြင့်မားသောအရာများ

သင့်လုပ်ငန်းလုပ်မယ့်တည်နေရာပတ်လည်မှာ မြင့်မားတဲ့အဆောက်အအုံတွေ၊ ဆိုလိုတာက သင့်လုပ်ငန်းအဆောက်အအုံကို အပေါ်စီးကအုပ်မိုးထားမယ့်အဆောက်အအုံတွေ ရှိ၊ မရှိ သေချာကြည့်ရှုပါ။ ရှိတယ်ဆိုရင် အဲ့ဒါက သင့်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို တန့်စေ၊ အနှောင့်အယှက်ဖြစ်စေပြီး အရှုံးပေါ်စေနိုင်ပါတယ်။

လမ်းတည်နေရာများ

သင့်ကုမ္ပဏီအတွက် အလုပ်တွေဆောင်ကြဉ်းပေးမယ့် စွမ်းအင်တွေဟာ လမ်းတွေကို ဖြတ်ပြီးလာမှာဖြစ်ပါတယ်။ သင့်လုပ်ငန်းခွင်အဆောက်အအုံရဲ့ တစ်ဖက်ဖက်မှာ အသုံးများတဲ့လမ်းတစ်လမ်း ရှိတယ်ဆိုရင်ကိုပဲ သင့်အလုပ်အတွက် စွမ်းအင်ကောင်းတွေ ဖြစ်ထွန်းမှာပါ။ ရှောင်ရှားရမယ့်တည်နေရာတွေကတော့.....

၁. တံတားအောက်၊ လမ်းအောက်။

၂. တစ်ဖက်ပိတ်လမ်းထောင့်။

၃. လမ်းဦးတိုက်။

၄. လမ်းကွေးအပြင်ဘက် (လမ်းကွေးအတွင်းဘက်တည်နေရာက မင်္ဂလာရှိဟု ယူဆ) တို့ပဲ ဖြစ်ပါတယ်။

အပြင်ဘက်မီးအလင်းရောင်မလုံလောက်ခြင်း၊ မရှိခြင်း

သင့်လုပ်ငန်းဟာ ကောင်းမွန်တဲ့မြေယာရှုခင်းနဲ့ ကောင်းမွန်တဲ့အဆောက်အအုံမီးအလင်းရောင် လိုအပ်ပါတယ်။ ကားပါကင်နေရာ ဒါမှမဟုတ် ဝင်ပေါက်လိုမျိုး သင့်လုပ်ငန်းဝန်းကျင်မှာ ထွန်းလင်းပေးဖို့ လမ်းမီး၊ လုံခြုံရေးမီး မရှိဘူးဆိုရင် သင့်လုပ်ငန်းအောင်မြင်မှုအပေါ် မကောင်းတဲ့သက်ရောက်မှုရှိနိုင်ပါတယ်။ အတွင်းအပြင်အားလုံးမှာ မီးအလင်းရောင်ထိန်းထိန်လင်းနေပါစေ။

အလင်းရောင်ကောင်းသောခန်းမ

အဆောက်အအုံရဲ့ အပြင်ဘက်မှာဖြစ်ဖြစ် အတွင်းဘက်မှဖြစ်ဖြစ် ခန်းမလို အလင်းရောင်ကောင်းတဲ့နေရာကျယ်တစ်နေရာကို သင်လိုချင်မှာပါ။ ဒါဟာ စွမ်းအင်ကောင်းတွေမြူးပြီး သင့်လုပ်ငန်းထဲဝင်လာမယ့် နေရာလွတ်တစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီနေရာဟာ အဆောက်အအုံရဲ့အရှေ့မျက်နှာစာဖြစ်ပြီး မြေယာရှုခင်းပြုပြင်ထားလို့ စိမ်းစိမ်းလန်းလန်းနဲ့လှပနေရင်တော့ အကောင်းဆုံးပါပဲ။

သင်စဉ်းစားသည့်တည်နေရာတွင် ယခင်ရှိခဲ့သောလုပ်ငန်း

အိမ်တစ်အိမ်ကို မရွေးချယ်ခင် အဲ့ဒီအိမ်ရဲ့ အရင်ပိုင်ရှင်ကို စုံစမ်းသလိုပါပဲ။ သင်စဉ်းစားတဲ့အဆောက်အအုံမှာ နောက်ဆုံးဘယ်သူနေသွားပြီး ဘယ်သူကနောက်ဆုံးပိုင်ရှင်ဆိုတာတွေကိုလည်း စုံစမ်းရပါမယ်။ ဒါမှသာ မလိုလားအပ်တဲ့ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မှာပါ။

လုပ်ငန်းသက်တမ်းရှည်မှု

နိမိတ်ကောင်းတဲ့ဧရိယာတစ်ခုရဲ့ အထင်ရှားဆုံးလက္ခဏာကတော့ သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့လုပ်ငန်းတွေရှိခြင်းပါပဲ။ နှစ်နဲ့ချီအောင်မြင်ဖြစ်ထွန်းလာတဲ့ လုပ်ငန်းတွေရှိတဲ့ စီးပွားရေးခရိုင်ဟာ အလွန်ကောင်းမွန်တဲ့တည်နေရာ ဖြစ်ပါတယ်။

ဗိသုကာဆိုင်ရာအတွင်းသဘော

အချို့ဗိသုကာပုံစံတွေဟာ လုပ်ငန်းအောင်မြင်စေဖို့ရာ အထောက်အကူမဖြစ်စေပါဘူး။ ပြတင်းပေါက်ထားရှိမှုနဲ့ ဝင်ပေါက်အကြား အချိုးမညီဘူးဆိုရင် လုပ်ငန်းမှာ ငွေကြေးပိုင်းဟန်ချက်မညီမှုဖြစ်ပွားနိုင်တယ်ဆိုတဲ့ လက္ခဏာပါပဲ။

နေရာထိုင်ခင်းမလုံလောက်ခြင်း

လုပ်ငန်းခွင်နေရာက သင့်ဝန်ထမ်းတွေအတွက် မလုံလောက်ဘူးဆိုရင် အဲ့ဒီကျဉ်းကျဉ်းကျုတ်ကျုတ်လုပ်ငန်းခွင်က သင့်လုပ်ငန်းကို ထိခိုက်စေနိုင်ပါတယ်။ သင့်ကုမ္ပဏီဟာ အလုပ်ကိုမနိုင်နင်းဘူးဆိုတဲ့ပုံစံလည်း ပေါက်စေပါတယ်။ နေရာကျယ်ခြင်းက သင့်ကုမ္ပဏီဟာ ဖွံ့ဖြိုးတိုးတက်ဖို့နေရာရှိတယ်ဆိုတဲ့ အဓိပ္ပါယ်လည်းဖြစ်ပါတယ်။

မြစ်တည်နေရာ

မြစ်ကလည်း လမ်းနဲ့အလွန်ဆင်ပါတယ်။ မြစ်တစ်စင်းနဲ့နီးတဲ့နေရာကို ရွေးချယ်မယ်ဆိုရင် မြစ်ရဲ့သဏ္ဍာန်က မင်္ဂလာရှိ၊ မရှိဆိုတာကိုလည်း ဆုံးဖြတ်ဖို့လိုပါတယ်။

မြေနေရာလမ်းညွှန်

စိတ်ကြိုက်အဆောက်အအုံဆောက်မယ်ဆိုရင်တော့ ဆောက်မယ့်မြေကို အောက်ပါအချက်တွေနဲ့ချိန်ထိုးပါ။
အနောက်ဘက်တွင် တောင်တန်း ဒါမှမဟုတ် တောင်ရှိလျှင် အထောက်အပံ့ရှိတဲ့သဘောဆောင်တဲ့အတွက် နိမိတ်ကောင်းပါတယ်။
လမ်းမြေမျက်နှာပြင်အောက် နိမ်တဲ့ မြေနေရာကို ဘယ်တော့မှမရွေးပါနဲ့။
လက်ယာဘက်မြေဟာ လက်ဝဲဘက်မြေအောက် နိမ့်သင့်ပါတယ်။
အရှေ့ဘက်မြေဟာ အနောက်ဘက်မြေအောက် နိမ့်သင့်ပါတယ်။

အထက်မှာဖော်ပြပေးခဲ့တဲ့ ဖုန်းရွှေအချက်အလက်အနည်းငယ်က သင့်ရဲ့လုပ်ငန်းတည်နေရာရှာဖွေရာမှာ အထောက်အကူဖြစ်စေနိုင်မယ်လို့ မျှော်လင့်လျှက်….


ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ္တြင္း အိမ္ျပင္ အလွဆင္ျခင္း ၀န္ေဆာင္မႈ (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ေဒၚလာ - ျမန္မာက်ပ္ေငြ ေငြလဲႏႈန္း)
iMyanmarHouse.com - Mobile App
မေလွ်ာ့အားမာန္ မခ်န္သတၱိ - ေနမင္းသူ (MD, iMyanmarHouse.com)