2133 Views

ဝါစတုသျှတ္တရ (သို့မဟုတ်) မဟာမုနိသျှတ္တရ

ဝါစတုသျှတ္တရခေါ် မဟာမုနိသျှတ္တရသည် မြတ်စွာဘုရားပွင့်တော်မမူခင်ကတည်းက ရှိနှင့်သော အိန္ဒိယရှေးဟောင်းပညာရပ် တစ်မျိုးဟုဆိုသည်။

လူတို့အပေါ်တွင်ကျရောက်တတ်သည့် မကောင်းသော ဂြိုဟ်၊ မကောင်းသောကံကြမ္မာတို့အား ဖယ်ရှားရန် ရှေးအခါ ကပင်သုံးစွဲ ခဲ့ကြသောနည်းဖြစ်သည်။

ယနေ့ခေတ်တွင်ကား အိန္ဒိယနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင် ရေပန်းစားနေကာ ကျယ်ပြန့်စွာ အသုံးပြုနေသောနည်းလည်း ဖြစ်သည်။

မဟာမုနိသျှတ္တရသည် ဗေဒင်တစ်မျိုးဟု ဆိုနိုင်၏။ သို့ရာတွင် ဝီကီပီဒီယာ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “ ဗိသုကာသိပ္ပံဟု အဓိပ္ပာယ်ရပြီး ဟိန္ဒူရိုးရာ ဗိသုကာစနစ်တစ်ခု ” (traditional Hindu system of architecture which literally translates to science of architecture ) ဟု ဖော်ပြထားရာ ဗေဒင်ဟူသည့် သဘောသွားသက်သက်ကား မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် မဟာမုနိသျှတ္တရသည် ဗေဒင်တစ်မျိုးလည်း ဖြစ်၏။

ဗေဒင်ဟုဆိုရာတွင် ဗေဒင်ဟူသည်မှာ အဖြစ်အပျက်အဆိုးအကောင်းတို့ကို သိရာသိကြောင်းဖြစ်သောကြောင့် ဗေဒင်မည်၏ ။
သိတက်သော အနက်ကိုဟောသောဝေဒပုဒ်ရင်းမှ ဆင်းသက်လာသည်။

သာမ၊ ယဇု၊ ဣရု၊ အာထဗ္ဗဏဟူ၍ ဗေဒင် ၄ ပုံရှိရာတွင် ကဿပဘုရားသာသနာတော်အတွင်း အာထဗ္ဗဏဗေဒင်ကို ပညာရှိတို့ ပစ်ပယ်ခဲ့ကြသည်။

ယနေ့ကာလတွင်လည်း “ကျမ်းဂန်တို့၌ တိဏ္ဏံ ဒေဝေါနံ ပါရဂူ ဟူ၍သာလာသည်၊ စတုဏ္ဏံဒေဝါနံ ပါရဂူဟူ၍မလာ”ဟုဆိုကာ ဗေဒင် ၃ ပုံသာရှိသည်ဟု မှတ်ယူကြသူ များပြားသည်။

မဟာမုနိသျှတ္တရခေါ် ဝါစတုသျှတ္တရပညာခန်းများသည် အာထဗ္ဗဏပညာမှ ဖြစ်၏။

အိန္ဒိယတိုက်ငယ်အတွင်း နေအိမ်ဒီဇိုင်းရေးဆွဲခြင်း၊ အခန်းနေရာချထားခြင်း၊ အတိုင်းအတာထားရှိပုံများ၊ မြေပြင်ဆင်ခြင်း၊ နေရာထိုင်ခင်း စီမံခန့်ခွဲခြင်း အစရှိသည်တို့တွင် မဟာမုနိသျှတ္တရကို များစွာအသုံးပြုကြပြီး တရုတ်ပြည်မှ ဖုန်းရွှေပညာနှင့် သဘောသွားခြင်းတူ သော်လည်း ဖုန်းရွှေထက် များစွာပိုမိုနက်နဲသည့် ပညာခန်းကြီးလည်း ဖြစ်သည်။

ဝါစတုသျှတ္တရသည် ဟိန္ဒူရိုးရာယုံကြည်မှုများကို ဗုဒ္ဓဘာသာအယူအဆအချို့နှင့် ရောယှက်ထားခြင်းလည်း ဖြစ်၏။

ဝါစတုသျှတ္တရသည် ရှေးခေတ်အိန္ဒိယဗိသုကာနှင့် ဒီဇိုင်းအယူအဆတစ်ရပ်ဖြစ်သော ဝါစတု ဝိဒယပညာရပ်၏ ကဏ္ဍတစ်ခုလည်း ဖြစ်သည်။

သင်္သကရိုက် (သက္ကတ) ဘာသာစကားအရ ဝါစတုဟူသော ဝေါဟာရမှာ ခြံဝန်းရှိသော နေအိမ်တစ်လုံးဟု အဓိပ္ပာယ်ရသည်။

ထို့အပြင် “ဝါစတု”ဟူသော ဝေါဟာရတွင် နေအိမ်တစ်လုံး၏ တည်နေရာ-ဖောင်ဒေးရှင်း၊ မြေနေရာ၊ အဆောက်အအုံ (သို့မဟုတ်) လူနေထိုင်ရာနေရာ၊ အခြေချနေထိုင်ခြင်း၊ နေအိမ်ဟူသည့် အနက်များလည်းရှိသည်။

“သျှတ္တရ” ဟူသော ဝေါဟာရမှာကား အယူအဆ၊ ဟောကြားချက်ဟု အဓိပ္ပာယ်ရသည်။

ယခုလတွင် ဝါစတုသျှတ္တရပညာခန်းအရ နေအိမ်တစ်လုံးအတွင်း အရပ်မျက်နှာအသီးသီး၏ အကျိုးပေးနှင့် ရပ်တည်ပုံတို့ကို တင်ပြသွားပါမည်။

ဝါစတုသျှတ္တရ (သို့မဟုတ်) မဟာမုနိသျှတ္တရ

သင့်ကံကြမ္မာ၏ ဗိသုကာမှာလည်း သင်၏နေအိမ်ပင် ဖြစ်နေသည်ဟူသည့်အချက်ကို အမြဲသတိပြုရမည်ဖြစ်၏။

ဝါစတုသျှတ္တရပညာအရ အိမ်သုံးပစ္စည်းများကို ထားသိုနေရာချထားရမည့်နေရာများ အတိအကျလမ်းညွှန်ပေးထားသည်။ ထိုလမ်းညွှန်ချက်များအတိုင်း လိုက်နာပါက သင့်ထံကံကြမ္မာကောင်းများ ရောက်ရှိလာမည်မှာ အမှန်ပင် ဖြစ်လေသည်။

(၁) အရှေ့ဘက်

ပင်မဝင်ပေါက်၊ အိပ်ခန်း၊ နာရီ၊ လက်ပတ်နာရီ၊ တူရိယာပစ္စည်း၊ အနီရောင်ပန်း၊ ကြေးနီ၊ ရွှေ၊ အနီရောင်
ဝါစတုသျှတ္တရ (သို့မဟုတ်) မဟာမုနိသျှတ္တရ

(၂) အရှေ့တောင်

မီးဖိုဆောင်၊ ရေခဲသေတ္တာ၊ လှပသော အမျိုးသမီး၊ ရေမွှေး၊ အမွှေးတိုင်၊ ဟင်္သာပြဒါးရောင်၊ လက်သည်းဆိုးဆေး၊ အလှကုန်ပစ္စည်း၊ ဇွန်းခရင်း၊ အလှပြင်နေရာ၊ လက်ဝတ်ရတနာ၊ စိန်၊ ငွေ (silver)၊ ပြည့်တန်ဆာ၊ ရုပ်ရှင်ဗွီဒီယိုကြည့်ရှုရာနေရာ၊ ဒစ္စကိုကပွဲနေရာ၊ ဖက်ရှင်၊ အိပ်ရာ၊ တေးဂီတ၊ ညစာစားနေရာ၊ ပန်းချီ၊ အနုပညာလက်ရာများ၊ ကွမ်းဘူး၊ စက်တပ်ယာဉ်များ၊ ပန်းဥယျာဉ်နှင့် သစ်ခွပန်းများ၊ ပန်းရောင်နှင့် အပြာရောင်၊ ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ခြင်း၊ ကုန်စုံဆိုင်၊ မုန့်ဆိုင်၊ အစေခံ-ဝန်ထမ်းများ၊ နွား-ကျွဲများ၊ မုတ်ဆိတ်ရိတ်ကိရိယာများ၊ ညှပ်ဖိနပ် အစရှိသည်များ

(၃) တောင်အရပ်

ဝါစတုသျှတ္တရ (သို့မဟုတ်) မဟာမုနိသျှတ္တရ

အိပ်ခန်း၊ အိမ်သာ၊ လှေကား၊ မီးဖိုဆောင်၊ ယာဉ်များ၊ ဂိုဒေါင်၊ ဓာတ်ငွေ့၊ ဓာတ်ဆီ၊ ဘိလပ်မြေ၊ ရုပ်မြင်သံကြား၊ ရေခဲသေတ္တာ၊ လျှပ်စစ်မိန်းဘုတ်၊ ဆား၊ ငရုတ်သီး၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဝါဂွမ်း၊ ရွှေ၊ စတီးအသုံးအဆောင်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်း အသုံးအဆောင်ပစ္စည်းများ၊ တယ်လီဖုန်း၊ ထင်း၊ အနီရောင်

ဝါစတုသျှတ္တရ (သို့မဟုတ်) မဟာမုနိသျှတ္တရ

(၄) အနောက်တောင်

Master bedroom၊ ကြက်တူရွေး၊ စွန့်ပစ်ပစ္စည်းများ

(၅) အနောက်အရပ်

ညစာစားခန်း၊ ရေစင်၊ ဝီစကီ၊ လောင်းကစားနေရာ၊ ဆေးဝါးများ၊ တစ္ဆေသရဲ/ပုဏ္ဏကတိုက်ခြင်းများ၊ မြွေများ၊ အိမ်သာ၊ အမှိုက်ပုံး

(၆) အနောက်မြောက်

လက်မထပ်ရသေးသော မိန်းကလေးများအတွက် အိပ်ခန်း၊ ဧည့်ခန်း၊ တိရ စ္ဆာန်များ၊ ကားရပ်နားရန်နေရာ၊ သိုလှောင်ခန်း၊ နို့၊ အအေး၊ ရေခဲမုန့်၊ ရေ၊ ကောက်ပဲသီးနှံများ၊ အာယုဗ္ဗေဒ တိုင်းရင်းဆေးများ၊ ရေအိုး၊ ဇနီး၊ ရေစင်၊ စပျစ်သီး၊ ပုလဲ၊ အဖြူရောင်၊

(၇) မြောက်အရပ်

တန်ဖိုးကြီးပစ္စည်းများ၊ ပိုက်ဆံ၊ လသာဆောင်၊ နေအိမ်ပင်မဝင်ပေါက်၊ ဧည့်ခန်း

(၈) အရှေ့မြောက်

ဝတ်ပြုရာနေရာ၊ ကလေးများအိပ်ခန်း၊ မြေအောက်ရေကန်၊ ဆင်ဝင်၊ ဝရန်ဒါ

လုပ်ငန်းခွင်တွင်ပျော်ရွှင်အဆင်ပြေစေသောယတြာ

အနီရောင်ဖဲကြိုးကိုမိမိ၏အလုပ်စားပွဲအောက်တွင် ချည်ထားပါ။
အနီရောင်သည် မည်သည့်နေရာတွင်မဆို မလိုလားအပ်သော မကောင်းသည့်စွမ်းအင်များအားဖယ်ရှားပေးသည်။

မသန့်ပြန့်သောနေရာအတွက် ကြက်သွန်နီယတြာ

ဝါစတုသျှတ္တရ (သို့မဟုတ်) မဟာမုနိသျှတ္တရ

ကြက်သွန်နီတစ်ဥကိုအခွံမနွှာပဲ လေးစိတ်စိတ်ပြီး သန့်ရှင်းစေလိုသောအခန်း၏ ထောင့်လေးထောင့်တွင် တစ်ညထားကာ နောက်တနေ့ နံနက်တွင် အိမ်အပြင်ဖက်တွင် မြေမြုပ်၍စွန့်ပစ်ပါ။ ၅ ညဆက်တိုက် ပြုလုပ်ပေးခြင်းဖြင့်သင့်နေရာသည် စွမ်းအင်အသစ်ဖြင့် လန်းဆန်း လာပါလိမ့်မည်။

ရှာလကာရည်သုံး၍ သန့်ရှင်းစေခြင်း

ဝါစတုသျှတ္တရ (သို့မဟုတ်) မဟာမုနိသျှတ္တရ

မကောင်းဆိုးဝါး အနှောင့်အယှက်များကြောင့် မသန့်သောနေရာတွင် ရှာလကာရည်နှင့် ပရုတ်အား ပန်းကန်းလုံးတွင် ထည့်ပြီး အခန်းတွင် ထားရှိကာအပတ်စဉ် အသစ်လဲပေးခြင်းဖြင့် မကောင်းသော အနှောင့်အယှက်များမှ ကင်းဝေးစေနိုင်ပါသည်။

ကံနိမ့်ခြင်းအတွက် ပန်းနံ့သာရေချိုးခြင်း

ဝါစတုသျှတ္တရ (သို့မဟုတ်) မဟာမုနိသျှတ္တရ

စိတ်မလန်းခြင်း ၊စိတ်ဓါတ်ကျခြင်း ၊လုပ်သမျှအဆင်မပြေခြင်း ၊စိတ်အားငယ်ဝမ်းနည်းခြင်း၊လူရောစိတ်ပါ မောပန်းနွမ်းနယ်ခြင်းတို့အတွက် သင့်ပတ်ဝန်းကျင်တွင် အလွယ်တကူရနိုင်သောပန်း ( ၇ ) မျိုးကို စုဆောင်းပါ။

ရေချိုးကန်၊ရေစည် (သို့မဟုတ်) ရေပုံးသန့်သန့်တွင် တစ်နာရီခန့် စိမ်ပြီးလျှင် ထိုရေဖြင့်ခေါင်းလျှော်ရေချိုးပါ။ ပန်းပွင့်ချပ်များနှင့် ကိုယ်ကိုပွတ်သပ်ပေးပါ။ စိတ်ကြည်လင်လန်းဆန်းကာ အားအင်များ ပြန်လည်ပြည့်ဖြိုးလာပါလိမ့်မည်။

ကြက်ဥကုထုံး

ကြက်ဥအစိမ်းတစ်လုံးကိုယူ၍ သင်ယုံကြည်ရာ ဘုရား၏ဂုဏ်တော်ကို ရွတ်ဆိုကာ မကောင်းသော အညံ့တို့မှ ဖယ်ရှားပေးပါရန် ဆုတောင်းပါ။

ထို့နောက် ကြက်ဥဖြင့် လည်ဂုတ်မှစ၍ ဆံစပ်နှင့် ပခုံးစွန်းထိ အထက်အောက် လှိမ့်ပေးပါ။
ပြီးလျှင် ရေချိုးခန်း၊အိမ်သာတွင် ပေါက်ခွဲပြီး ရေဆွဲချခြင်းဖြင့်ဖြစ်စေ၊ လမ်းပေါ်တွင်ပစ်ပေါက်ခွဲ၍ဖြစ်စေ စွန့်ပစ်နိုင်ပါသည်။

ခန္ဓာကိုယ်၏် ကိုက်ခဲနာကျင်သောနေရာများတွင်လည်း ကြက်ဥဖြင့်လှိမ့်ကာ အထက်ပါနည်းအတိုင်းစွန့်ပစ်ခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါသည်။

လပြည့်ညမိုးရေကုထုံး

ဝါစတုသျှတ္တရ (သို့မဟုတ်) မဟာမုနိသျှတ္တရ

လပြည့်နေ့တွင်ရွာသော မိုးရေကိုရယူကာ ထိုရေဖြင့်ခေါင်းလျှော်ခြင်း၊ ချိုးရေတွင်ရောစပ်ချိုးခြင်းဖြင့် စိတ်ရှုပ်ထွေးခြင်းနှင့် စိတ်မကြည်လင်ခြင်းတို့မှ လျော့ပါးစေပါသည်။

အကြွေစေ့ယတြာ

ဝါစတုသျှတ္တရ (သို့မဟုတ်) မဟာမုနိသျှတ္တရ

အကြွေစေ့ ၃ စေ့ကို ကြိုးဖြင့်ချည်၍ တယ်လီဖုန်းအောက်တွင်ထားရှိပေးပါက အလုပ်နှင့်ပတ်သက်ပြီး လာဘ်လာဘ ရွှင်လန်းကာ တိုးတက်မှု ဖြစ်စေနိုင်ပါသည်။
အကြွေစေ့ ၇စေ့ (သို့မဟုတ်) ငွေ ၇ ကျပ် (သို့မဟုတ် ) ၇ ဒေါ်လာကို ကြိုးဖြင့်တွဲ၍ ဆိုင်ရှိငွေထည့်သည့် သေတ္တာထဲတွင်ဖြစ်စေ၊ ပိုက်ဆံထည့်သောအိတ်တွင်ဖြစ်စေ၊ အဆောင်အဖြစ်ထည့်ထားခြင်းဖြင့် ငွေဝင်ငွေထွက်မျှတကာ ငွေရေးကြေးရေးအတွက် အဆင်ပြေစေပါသည်။

လကွယ်ည၏နောက်တစ်ရက် လဆန်းစညတွင် ဆန်းသစ်စလကိုကြည့်လျက် ငွေအကြွေစေ့တို့ကို တချွင်ချွင်မြည်သံ ပြုလုပ်လျှင် ထိုလ တစ်လလုံး လာဘ်ရွှင်ကာ ဥစ္စာဓနတိုးတက်စေပါသည်။

ငွေကြေးကြပ်တည်းကာ ကြွေးပတ်လည်ဝိုင်းနေသူများအတွက် ဆားယတြာ

ဝါစတုသျှတ္တရ (သို့မဟုတ်) မဟာမုနိသျှတ္တရ

သောကြာနေ့တိုင်း ဆားတစ်ထုပ်ဝယ်ယူကာ မီးဖိုဆောင်ရှိ ဆားအိုးတွင်ဖြည့်တင်းပြီး ၎င်းဆားကိုချက်ပြုတ်ရာတွင်လည်းကောင်း၊ ဆေးကြောရာတွင်လည်းကောင်း နေ့စဉ်သုံးစွဲပေးပါ။

ထို့နောက် သောကြာနေ့တိုင်း ဆားတစ်ထုတ်ပြန်လည်ဝယ်ယူကာ ဖြည့်တင်းပေးပါ။ အမြဲမပြတ်လုပ်ဆောင်လျှင် အကျိုးကျေးဇူးကို သင်ကိုယ်တိုင်သိရပါလိမ့်မည်။

ရည်ညွှန်း- ဆရာကြီး T.Selva ၏ ရှေးဟောင်းအိန္ဒိယအစွမ်းထက်ယတြာများ
-A multi disciplinary approch to vaatu energy
-wikipedia


ဝေဒသုတေသီ ဆရာသြ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)