7734 Views

ပိုမိုကောင်းမွန်သော အိပ်စက်အနားယူမှုအတွက်အိပ်ခန်းဖုန်းရွှေသိမှတ်ဖွယ်ရာများ

၈နာရီပြည့်အောင် အိပ်ပေမယ့်လည်း မလန်း ဆန်း ပင်ပန်းနွမ်းနယ်စွာနဲ့ နိုးထလာရဆဲဖြစ် နေပါသလားရှင်။

အိပ်မပျော်ခြင်းများ တာရှည်ဖြစ်ပွားခြင်းဟာ လေ့လာသင်ယူမှတ်သားနိုင်စွမ်းကျဆင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ အအေးမိခြင်း၊ လိင်စိတ်နည်းခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းနှင့် အခြားမထိတ်သာမလန့်သာ ဆိုးရွားဆုတ်ယုတ်တဲ့ အခြေအနေများစွာကို ဖြစ်စေနိုင်ပါတယ်။

ပိုမိုကောင်းမွန်သော အိပ်စက်အနားယူမှုအတွက်အိပ်ခန်းဖုန်းရွှေသိမှတ်ဖွယ်ရာများ

အနားရတယ်ဆိုတာဟာ အိပ်ရေးတစ်ခုရဲ့ ကြာချိန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် ရှိမရှိဆိုတာတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။ အိပ်မရတဲ့ညတွေ ဖြစ်စေတဲ့ စိတ်ဖိစီးမှုနဲ့ အခြားစိတ်လှုပ်ရှားမှုတွေအပြင် အိပ်ခန်းဖုန်းရွှေလိုမျိုး ပြင်ပအချက်များစွာကလည်း သင်မြန်မြန်ဆန်ဆန် အိပ်ပျော်ခြင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ရခြင်း ရှိမရှိ ဆိုတာတွေနဲ့ ဆက်စပ်နေပါတယ်။

သင့်အိပ်ခန်းဖုန်းရွှေက သင့်အိပ်ရေးကို ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို သင့်အနေနဲ့ ဒီ ဆောင်းပါးမှာ သိရှိရမှာပဲ ဖြစ်ပါတယ်။

ခေါင်းချလိုက်တာနဲ့ တန်းအိပ်ပျော်ပြီး တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေဖို့ ကူညီပေးမယ့် သတိပြုလိုက်နာ၊ ရှောင်ကြဉ်စရာ အိပ်ခန်းဖုန်းရွှေအချက်လေးတွေကို ဖုန်းရွှေချစ်သူတွေအတွက် စေတနာရှေ့ထား၍ တင်ပြပေးလိုက် ရပါတယ်ရှင်။

အိပ်ခန်းတည်နေရာ

ပိုမိုကောင်းမွန်သော အိပ်စက်အနားယူမှုအတွက်အိပ်ခန်းဖုန်းရွှေသိမှတ်ဖွယ်ရာများ

အိပ်ခန်းနေရာအား အိမ်၏ နောက်ဘက်ပိုင်း၌ ရွေးချယ်ပါ။ အိပ်ခန်းနေရာအား ကားဂိုဒေါင်၏အပေါ်တွင် ရွေးချယ်ခြင်းမှ ရှောင်ရှားပါ။ သန့်စင်ခန်း၊ ဖျော်ဖြေရေးခန်းကဲ့သို့သော တက်ကြွလှုပ်ရှားသော ဧရိယာများ၏ အောက်တွင် အိပ်ခန်းဖွဲ့ ထားရှိခြင်းမှ ရှောင်ကြဉ်ပါ။ မီးဖိုခုံ၏ အပေါ်တည့်တည့်နေရာ၌ အိပ်ခန်းထားရှိခြင်းမှ ရှောင်ရှားပါ။ အိပ်ခန်းအား အလွန်မကျယ်ပါ စေနှင့်။

အိပ်ရာကုတင်ခင်းကျင်းထားရှိမှု

ပိုမိုကောင်းမွန်သော အိပ်စက်အနားယူမှုအတွက်အိပ်ခန်းဖုန်းရွှေသိမှတ်ဖွယ်ရာများ

အိပ်ရာခေါင်းရင်းအား နံရံဘက်ထားရှိပါ။အိပ်ခန်းတံခါးရှိသည့် နံရံအား ခေါင်းရင်းဘက်ထား၍ ကျောပေးအိပ်ခြင်းမှ ရှောင်ရှားပါ။ အိပ်ရာခေါင်းရင်းအား ပြတင်းပေါက်၏ အောက် ဘက်တည့်တည့်ထားရှိခြင်းမှ ရှောင်ကြဉ်ပါ။ အိပ်ခန်းတံခါးနှင့် မျက်နှာချင်းဆိုင်နံရံအား အိပ်ရာခေါင်းရင်းဘက်အဖြစ်ထားပါ။အိပ်ရာရှိသည့် နံရံနှင့် သန့်စင်ခန်းရှိသည့် နံရံ တစ်ခုတည်းမဖြစ် စေရ။ အိပ်ရာတည်ရှိရာ နံရံနှင့်မီးဖိုချောင်နံရံ တစ်ခုတည်းမဖြစ် စေရ။ လျှောစောက်မျက်နှာကြက်၊ တစ်စောင်းမျက်နှာကြက် တို့အား ရှောင်ကြဉ်ပါ။ မီးချောင်း၊ မီးလုံးစသည့် လျှပ်စစ်အလင်း တန်းဖြာထွက်သောအရာအောက် အိပ်ရာမထားရှိရ။

အိပ်ခန်းပရိဘောဂများ

ပိုမိုကောင်းမွန်သော အိပ်စက်အနားယူမှုအတွက်အိပ်ခန်းဖုန်းရွှေသိမှတ်ဖွယ်ရာများ

အလှမီးဆိုင်းကဲ့သို့သော မျက်နှာကြက်မှ တွဲလောင်း ချိတ်ဆွဲသည့် ပရိဘောဂများ အိပ်ရာထက် မရှိစေရ။ ၆ ပေ ထက်မြင့်သော စာအုပ်စင်ကဲ့သို့ ကြီးမားသည့်ပရိဘောဂများ အား အိပ်ရာနံဘေးမထားရှိရ။ အလုပ်စားပွဲကဲ့သို့ အလုပ်နှင့် သက်ဆိုင်သည့် ပရိဘောဂများ အိပ်ခန်းအတွင်း မထားရှိရ။ ရိုးရိုးရှင်းရှင်း သမားရိုးကျ ပရိဘောများကို အသုံးပြုပါ။

အိပ်ခန်းအလှဆင်ပစ္စည်းများ

ပိုမိုကောင်းမွန်သော အိပ်စက်အနားယူမှုအတွက်အိပ်ခန်းဖုန်းရွှေသိမှတ်ဖွယ်ရာများ

မီးရောင်မှိန်မှိန်ကို အသုံးပြုပါ။ အလင်းပိတ်သော ခန်းဆီး၊ လိုက်ကာ၊ ယင်းလိပ်များကို အသုံးပြုပါ။ အီလက် ထရွန်နစ်ပစ်္စည်းများအား အိပ်ရာနှင့် ခပ်လှမ်းလှမ်းတွင် ထားပါ။မှန်များအား အိပ်ရာနှင့် မျက်နှာချင်းဆိုင် မထားရှိရ။ အိပ်ခန်းအတွင်း သစ်ပင်များ မထားရှိရ။ ရေနှင့်ပတ်သက်သည့် ရေ အသားပေးပစ္စည်းများ အခန်းတွင်း မထားရှိရ။ အမြင်အေးစေ သော အရောင်များရွေးချယ်ပါ။ အရိုးခေါင်းရုပ်ကဲ့သို့ ထူးဆန်း သော မည်သည့်အလှဆင်ပစ္စည်းများ မထားရှိရ။ နှစ်လိုဖွယ် မကောင်းသော မဖွယ်မရာ ရုပ်ပုံ၊ ဓာတ်ပုံ၊ သရုပ်ဖော်ပုံ၊ အနုပညာလက်ရာများ မရှိစေရ။

နေ့စဉ်အလေ့အထ၊ အမူအကျင့်များ

ပိုမိုကောင်းမွန်သော အိပ်စက်အနားယူမှုအတွက်အိပ်ခန်းဖုန်းရွှေသိမှတ်ဖွယ်ရာများ

အိပ်စက်အနားယူသောအခါ ပြတင်းပေါက်ပိတ်၍ အိပ်ပါ။ ရေချိုးခန်း၊ သန့်စင်ခန်း တွဲလျက်ပါသည့် မာစတာအိပ်ခန်းဖြစ်ပါက ၎င်းအခန်းတံခါးအား ဖွင့်ဟမထားရ။ အိပ်ခန်း တံခါးအား ဖွင့်ဟမထားရ။ အိပ်ခန်းအတွင်း ဗြုတ်စဗျင်း တောင်း၊ အမှိုက်သရိုက်များနှင့် မရှုပ်ပွစေရ။ အိမ်ခန်းအတွင်း တီဗီရှိလျှင် ၎င်းအား မကြည့်သောအချိန်တွင် ပိတ်စဖြင့် ဖုံးအုပ်ထားပါ။ ပြတင်းပေါက်အား နေ့အခါတွင် ဖွင့်ထားပါ။

အထက်ပါအချက်တွေက မနက်ဖြန်ရဲ့ စိန်ခေါ်မှုတွေ အတွက် ကြိုတင်ပြင်ဆင်ဖို့ သင့်အား အိပ်ရေးဝ၍ ကိုယ်စွမ်း ညဏ်စွမ်း ခွန်အားပြည့်ဝစေရေး ကူညီပေးမှာပဲ ဖြစ်ပါကြောင်း ဘာသာပြန်ရေးသားဖော်ပြလိုက်ရပါတယ်ရှင်။

 


ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)