29159 Views

ကံကောင်းစေသော ရေခဲသေတ္တာဖုန်းရွှေအား ပိုင်ဆိုင်နိုင်စေရန် မဖြစ်မနေလိုက်နာရမည့် (၆)ချက်

သင်မြင်တာ မမှားပါဘူး။ ဟုတ်ပါတယ်။ အစားအစာ တွေနဲ့ အဖျော်ယမကာတွေ ကြာရှည်ခံအောင် သိမ်းဆည်း သိုလှောင်ရာ ရေခဲသေတ္တာကို ပြောတာပါ။

ရေခဲသေတ္တာဟာ ယနေ့ခေတ် အိမ်တိုင်းအိမ်တိုင်းမှာ ယေဘုယျကျတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်လာပါပြီ။ တချို့အိမ်တွေရှိ ရေခဲသေတ္တာတွေဟာ ကောင်းမွန်လတ်ဆတ်တဲ့ အစားအစာတွေနဲ့ ပြည့်နေပြီး တချို့အိမ်တွေက ရေခဲသေတ္တာတွေ မှာတော့ နှစ်ဆွေးနေတဲ့ အစားအသောက်အပုပ်အပျက်တွေနဲ့ ပြည့်နေတာကို သင်သတိပြုမိပါသလား။

ရေခဲသေတ္တာကို ကောင်းမွန်တဲ့ အစားအသောက်တွေနဲ့ ဖြည့်ထားတာ၊ သန့်သန့်ရှင်းရှင်းထားတာနဲ့ ကောင်းမွန်တဲ့ တည်နေရာမှာ ထားရှိတာတွေဟာ သင်နဲ့ သင့်မိသားစုဝင်တွေကို ကျန်းမာရေးကောင်းမွန်နေအောင် ကူညီဆောင်မပေးတဲ့အပြင် ကံကောင်းခြင်းတွေကိုလည်း ဖိတ်ခေါ်ပေးပါတယ်။

ကံကောင်းစေသော ရေခဲသေတ္တာဖုန်းရွှေအား ပိုင်ဆိုင်နိုင်စေရန် မဖြစ်မနေလိုက်နာရမည့် (၆)ချက်

ဖုန်းရွှေမှာ ရေခဲသေတ္တာဆိုတာ သတ္တုဓာတ်နဲ့ ရေ ဓာတ်တို့ကို ကိုယ်စားပြုပါတယ်။ အရာဝတ္တုတစ်ခုမှာ ဒီဓာတ်ကြီး နှစ်ပါး ပေါင်းစပ်မှုဟာဆိုရင် ပိုင်ရှင်ရဲ့ အစားအသောက်နဲ့ ကျန်းမာရေးကို ထိန်းချုပ်တဲ့ မြေကြီးဓာတ်နဲ့ ပတ်သက်သက်ဆိုင်ပါ တယ်။ ဒါကြောင့် သန့်ရှင်းသပ်ရပ်တဲ့ ရေခဲသေတ္တာက အိမ်သူ အိမ်သားတွေရဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးကို တိုက်ရိုက်မြှင့်တင် ပေးမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သင့်ရေခဲသေတ္တာနဲ့ ပတ်သက်ပြီး ဘာ တွေလုပ်ပြီး ဘာတွေမလုပ်ရမယ်ဆိုတာကို ကြည့်လိုက်ကြရ အောင်။

ကံကောင်းစေသော ရေခဲသေတ္တာဖုန်းရွှေအား ပိုင်ဆိုင်နိုင်စေ ရန် မဖြစ်မနေလိုက်နာရမည့် အချက်(၆)ချက်

၁။ ရေခဲသေတ္တာအား ဗလာကျင်းမနေပါစေနှင့်။

ရေခဲသေတ္တာဆိုတာ ပိုင်ရှင်မိသားစုရဲ့ အစားအသောက် နဲ့ အလွန်ပတ်သက်ဆက်နွှယ်နေပါတယ်။ သူ့ထဲမှာ အစား အသောက်တွေ ပြည့်နှက်ပေါများနေတယ်ဆိုရင် အိမ်သူအိမ်သား တွေအတွက် ပွဲတော်အခါကျရောက်နေတဲ့ သဘောဖြစ်ပြီး ဟောင်းလောင်းဖြစ်နေတယ်ဆိုရင်တော့ အဲ့ဒီအိမ်ရဲ့ စီးပွားရေး အခြေအနေကို ဆိုးရွားစေမယ့် သဘောကို ဆောင်နေပါတယ်။ ဒါကြောင့် သင့်ရဲ့ရေခဲသေတ္တာထဲ အစားအသောက်တွေနဲ့ ပြည့်နှက်နေပါစေနော်။

ကံကောင်းစေသော ရေခဲသေတ္တာဖုန်းရွှေအား ပိုင်ဆိုင်နိုင်စေရန် မဖြစ်မနေလိုက်နာရမည့် (၆)ချက်

၂။ ရေခဲသေတ္တာကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။

ဖုန်းရွှေမှာ သန့်ရှင်းတဲ့ မီးဖိုချောင်ဟာ ကောင်းမွန်တဲ့ ဖုန်းရွှေပါ။ မီးဖိုချောင်ထဲက ရေခဲသေတ္တာဟာ မိသားစုဝင်တွေ ရဲ့ ဥစ္စာဓနကံနဲ့ အလွန်ဆက်စပ်နေပါတယ်။ ဒါကြောင့် သင့် အနေနဲ့ ရေခဲသေတ္တာထဲမှာ ရက်လွန်သွားတဲ့ အစားအသောက် တွေ၊ ပုပ်သိုးသွားတဲ့ ဟင်းအမည်တွေနဲ့ တခြားမလိုလားအပ်တဲ့ အရာတွေကို ဖယ်ရှားခြင်းဖြင့် သူ့ကိုသန့်ရှင်းနေအောင် ထား သင့်ပါတယ်။ ဒါဆိုရင်တော့ သင့်မိသားစုရဲ့ ကံကြမ္မာကို သူက မြှင့်တင်ပေးမှာပဲ ဖြစ်ပါတယ်။

ကံကောင်းစေသော ရေခဲသေတ္တာဖုန်းရွှေအား ပိုင်ဆိုင်နိုင်စေရန် မဖြစ်မနေလိုက်နာရမည့် (၆)ချက်

၃။ ရေခဲသေတ္တာအား မီးဖိုချောင်တံခါးနှင့် မျက်နှာ ချင်းဆိုင်မထားရှိရ။

ရေခဲသေတ္တာက မီးဖိုချောင်ထဲမှာဖြစ်စေ ဧည့်ခန်းထဲ မှာဖြစ်စေ မဖြစ်မနေရှောင်ရှားရမှာကတော့ ဘယ်တံခါးပေါက် နဲ့မှ သူ့ကိုမျက်နှာချင်းမဆိုင်ပါစေနဲ့။ ဘာကြောင့်လဲဆိုတော့ ကောင်းမွန်တဲ့ စွမ်းအင်ခေါ် ချီစွမ်းအင်စီးဆင်းမှုကို ပဋိပက္ခဖြစ် စေပြီး ဥစ္စာဓနမှာ မတည်မငြိမ်ဖြစ်စေနိုင်ကာ စီးပွားပျက် ဆင်းရဲမွဲတေသွားစေနိုင်တဲ့အထိကို ဖြစ်စေနိုင်လို့ပါ။

၎။ ရေခဲသေတ္တာကို မီးဖိုနှင့် ဝေးဝေးထားပါ။

ရေခဲသေတ္တာက သတ္တုဓာတ်ကို ကိုယ်စားပြုပြီး မီးဖို က မီးဓာတ်ကို ကိုယ်စားပြုတာမို့ ဒီဓာတ်ကြီးနှစ်ပါးနီးနေမယ်ဆို ရင် အချင်းချင်းပဋိပက္ခဖြစ်စရာရှိပါတယ်။ ဒါကြောင့် သူတို့နှစ်ခု ကို တစ်ခုနဲ့တစ်ခု ဝေးဝေးထားဖို့ အကြံပြုပါရစေ။ ဝေးဝေးထားရုံ နဲ့လည်း မပြီးသေးပါဘူး။ မျက်နှာချင်းဆိုင်လည်း မထားမိပါစေနဲ့။ ထားမိတယ်ဆိုရင် မိသားစုတွင်းမှာ အချင်းများမှု၊ မညီညွတ်မှုတွေ ဖြစ်စေနိုင်လို့ပါ။

ကံကောင်းစေသော ရေခဲသေတ္တာဖုန်းရွှေအား ပိုင်ဆိုင်နိုင်စေရန် မဖြစ်မနေလိုက်နာရမည့် (၆)ချက်

၅။ ရေခဲသေတ္တာ၏ အပေါ်တွင် မည်သည့်အီလက်ထရွန် နစ်၊ လျှပ်စစ်ပစ္စည်းမျှမတင်ရ။

ရေခဲသေတ်္တာရဲ့အပေါ်မှာ ကင်စက်၊ မိုက်ခရိုဝေ့မီးဖို (လျှပ်စစ်သံလိုက်လှိုင်းအသုံးပြု၍ အစားအစာများကို အလျင် အမြန်ချက် သို့မဟုတ် အပူပေးသောစက်)၊ ဖျော်စက် ဒါမှမဟုတ် တခြားလျှပ်စစ်ပစ္စည်းပစ္စယကိုမှ မတင်ပါနဲ့၊ မထားပါနဲ့။ဘာဖြစ် လို့လဲဆိုတော့ အဲ့ဒီပစ္စည်းတွေက ကျန်းမာရေးကို ထိခိုက်စေ မယ့် လျှပ်စစ်သံလိုက်လှိုင်းတွေကို ထုတ်လွှတ်ပေးမှာမို့လို့ပါ။

ကံကောင်းစေသော ရေခဲသေတ္တာဖုန်းရွှေအား ပိုင်ဆိုင်နိုင်စေရန် မဖြစ်မနေလိုက်နာရမည့် (၆)ချက်

၆။ အိပ်ခန်း၌ ရေခဲသေတ္တာ မထားရ။

ယနေ့ခေတ် အိမ်တော်တော်များများမှာ ရေခဲသေတ္တာ တစ်ခုထက်မက ရှိနေကြပါပြီ။ ဘယ်နှစ်ခုရှိရှိ အထက်ပါအချက် တွေအတိုင်း လိုက်နာမယ်ဆိုရင် ပြဿနာမရှိပေမယ့်လည်း ရေခဲသေတ္တာကို အိပ်ခန်းထဲ မထားမိစေဖို့လည်းအရေးကြီးပါတယ်။ ထားမိခြင်းကြောင့် ဘာတွေဖြစ်နိုင်လဲဆိုတော့ အဲ့ဒီအိပ်ခန်းမှာနေ တဲ့ သူကို အတွေးခေါင်စေတတ်သလို ကိုယ်ရည်ကိုယ်သွေးဆိုင် ရာမှာ လူထူးလူဆန်းဖြစ်စေတတ်တဲ့အပြင် အလုပ်အကိုင်ကံကို ပါထိုးကျစေနိုင်လို့ပါပဲ။ အထက်မှာ ဖော်ပြခဲ့တဲ့ ရိုးရှင်းလှတဲ့ အချက် (၆) ချက်ကို လိုက်နာခြင်းဖြင့် ကံကောင်းစေတဲ့ ရေခဲသေတ္တာဖုန်းရွှေကို ရရှိခံစားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ရပါတယ်ရှင်။

 


ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)