4118 Views

ကိုယ်ဝန်ရရှိရန်အတွက် ဆောင်ရွက်ရန်ဖုန်းရွှေ (၁၀)ချက်

 

ယနေ့ခေတ်မှာ လုပ်ငန်းခွင်အတွင်း အသိအမှတ် ပြုမှုပိုမိုရရှိရေးမှသည် အလုပ်အကိုင်အောင် မြင်ကျော်ကြားရေးအထိ အရာရာတိုင်းအတွက် ဖုန်းရွှေကို အသုံးချနေကြပါပြီ။ စာရှုသူတွေနဲ့ စာရှုသူတွေရဲ့ မိတ်ဆွေတွေ ထဲမှာ ရင်သွေးရတနာလိုချင်နေပြီး မရသေးတဲ့သူတွေများ ရှိ နေပါသလား။ ဒါဆိုရင်တော့ မပူပါနဲ့။ အဲဒီဆန်္ဒပြည့်ဝအောင် အမြန်ဆုံးနည်းနဲ့ သနေ်္ဓအောင်စေဖို့ ကူညီပေးမယ့် ဖုန်းရွှေရှိ ပါတယ်။ မိမိဘက်က လိုက်နာလုပ်ဆောင်ပေးဖို့သာ လိုတာပါ နော်။ အောက်မှာဖော်ပြထားတာတွေကတော့ ကိုယ်ဝန်ရရှိ စေမယ့် ဖုန်းရွှေ (၁၀) ချက်ပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ရရှိရန်အတွက် ဆောင်ရွက်ရန်ဖုန်းရွှေ (၁၀)ချက်

၁။ အသီးသီးသော သစ်ပင်တစ်ပင်ကို စိုက်ပျိုးပါ

နေအိမ်ခြံဝင်းထဲ အသီးသီးသော သစ်ပင်တစ်ပင် ကို စိုက်ပျိုးပြီး သေချာရေလောင်းပေါင်းသင်ပါ။ သစ်သီးပင် တွေဟာ မျိုးအောင်မှုရဲ့ အထိမ်းအမှတ်သင်္ကေတပဲဖြစ်ပါ တယ်။ သစ်သီးပင်ကနေ အသီးပိုမိုသီးလေလေ ကိုယ်ဝန်ရရှိ ဖို့ အခွင့်အလမ်း မြင့်မားလာလေလေ ဖြစ်ပါတယ်။

ကိုယ်ဝန်ရရှိရန်အတွက် ဆောင်ရွက်ရန်ဖုန်းရွှေ (၁၀)ချက်

၂။ အိပ်ခန်းအား သန့်ရှင်းနေပါစေ။

အနားယူရန်နှင့် ကြည်နူးဆွတ်ပျံ့စေရန်နှင့် မသက် ဆိုင်သည့် အရာများအား အိပ်ခန်းထဲမှဖယ်ရှားပစ်ပါ။ ဥပမာ- ကွန်ပျူတာ၊ လေ့ကျင့်ခန်းပြုလုပ်တဲ့ စက်ကိရိယာများ၊ မိသားစု ဓာတ်ပုံတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဓာတ်ပုံတွေနဲ့ အ၀တ် ဗီရို၊ အံဆွဲ၊ အိပ်ရာအောက်တို့မှ ဗြုတ်စဗျင်းတောင်းအရာ တွေကို ဖယ်ရှားပြီး သန့်ရှင်းအောင်ထားပါ။

ကိုယ်ဝန်ရရှိရန်အတွက် ဆောင်ရွက်ရန်ဖုန်းရွှေ (၁၀)ချက်

၃။ အိမ်ရှေ့တံခါးမကို ဂရုစိုက်ပါ။

အရာအားလုံး သဟဇာတဖြစ်ကာ စည်းချက်ညီနေ ချိန်မှာတော့ အကောင်းဓာတ်ဖြစ်တဲ့ ချီစွမ်းအင်ဟာ မြစ်တစ် စင်းလိုပဲ အိမ်ထဲမှာ စီးဝင်မှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ပတ်ဝန်းကျင်က ဖုန်းရွှေရဲ့ အဓိကနိယာမတွေကို မလိုက်နာ ထားဘူးဆိုရင်တော့ စွမ်းအင်တွေ တန့်နေ၊ ပိတ်နေပြီး ခေါင်း ကိုက်ခြင်း၊ မောပန်းခြင်းမှသည် အလုပ်အကိုင်မကောင်းခြင်း၊ သန္ဓေမအောင်ခြင်းအထိ မကောင်းတာတွေ စတင်ကာ ဖြစ် ပွားတော့မှာပါ။ ဒါကြောင့်မို့လို့ “ချီရဲ့ ပါးစပ်”လို့ ယူဆကြတဲ့ အိမ်ရှေ့တံခါးမကို ကြံ့ခိုင်စေဖို့နဲ့ တံခါးဖွင့်ချိန် သူ့လမ်းကြောင်း မှာ ပိတ်ဆို့မှုမရှိစေဖို့ ဂရုစိုက်ပါ။

ကိုယ်ဝန်ရရှိရန်အတွက် ဆောင်ရွက်ရန်ဖုန်းရွှေ (၁၀)ချက်

၎။ အိပ်ခန်းအရောင်

ကိုယ်ဝန်ရဖို့ ကြိုးစားချိန်မှာ အဓိကကတော့“ယင်”လို့ခေါ်တဲ့ အမစွမ်းအင်နဲ့ “ယန်” လို့ခေါ်တဲ့ အဖိုစွမ်းအင်တို့ ကို မျှတစေဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် အိပ်ခန်းကို အလှဆင် လိုက်ပါ။ အဖြူရောင်၊ ဆင်စွယ်ရောင်၊ သံရောင်၊ အညိုရောင်၊ ပန်းရောင်နဲ့ ရွှေရောင်တွေကို အသုံးပြုပါ။ ဒီအရောင်တွေက ဟန်ချက်ညီမျှတစေဖို့နဲ့ လိင်ပိုင်းဆိုင်ရာစိတ်ခံစားမှုတို့ကို မြှင့်တင်ပေးနိုင်ပါတယ်။

ကိုယ်ဝန်ရရှိရန်အတွက် ဆောင်ရွက်ရန်ဖုန်းရွှေ (၁၀)ချက်

၅။ ပန်းမန်များကို ရှောင်ရှားပါ။

လတ်ဆတ်တဲ့ ပန်းတွေ၊ ပန်းနဲ့ပြုလုပ်ထားတာပဲ ဖြစ်ဖြစ် ပန်းပုံစံပဲ ဖြစ်ဖြစ်ရှိတဲ့ ခေါင်းအုံးတွေနဲ့ ပန်းအိပ်ရာခင်း တွေနဲ့ ပန်းဒီဇိုင်းနံရံကပ်စက္ကူတွေကို အသုံးပြုခြင်းမှ ရှောင် ကြဉ်ပါ။ ဖုန်းရွှေမှာ ပန်းမန်တွေဆိုတာ အပင်တစ်ပင်ရဲ့ ပြယုဂ်၊ အဖိုဓာတ် သို့မဟုတ် “ယန်” ဖြစ်တာကြောင့် ဒါဟာ ခင်ပွန်းဖြစ်သူ ရဲ့ ယန်စွမ်းအင်နဲ့ အပြိုင်စေဖြစ်နိုင်တာမို့ပါ။

ကိုယ်ဝန်ရရှိရန်အတွက် ဆောင်ရွက်ရန်ဖုန်းရွှေ (၁၀)ချက်

၆။ ရေပိုက်ခေါင်းများနှင့် ပန်ကာကို သတိပြုပါ။

ရေပိုက်ခေါင်းတွေမလုံဘဲ ရေများယိုစိမ့်ထွက် နေတာ မျိုး မရှိစေပါနဲ့။ ယိုထွက်ခြင်းက စွမ်းအင်ဆုံးရှုံးမှုကို ကိုယ်စားပြု လို့ပဲ ဖြစ်ပါတယ်။ ညအခါ ပူအိုက်လာ၍ ပန်ကာအသုံးပြုလျှင် မျက်နှာကြက်ပန်ကာအစား မတ်ရပ်ပန်ကာကိုသာ အသုံးပြု ပါ။ မျက်နှာကြက်ပန်ကာက မောင်နှံနှစ်ဦးရဲ့ခန်္ဓာကိုယ်ချီစွမ်းအင် ညအခါ ပြန်လည်ဖြည့်တင်းမှုကို အနှောင့်အယှက်ဖြစ်စေ နိုင်လို့ပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ရရှိရန်အတွက် ဆောင်ရွက်ရန်ဖုန်းရွှေ (၁၀)ချက်

၇။ အိပ်ရာ (သို့မဟုတ်) ကုတင်၏ မည်သည့်အခြမ်းတွင် အိပ်စက်ကြသနည်း။

သားသမီးရတနာထွန်းကားလိုသော မောင်နှံနှစ်ဦး ဟာ မိမိတို့အလိုရှိတဲ့၊အိပ်စက်ချင်တဲ့ အိပ်ရာအခြမ်းကို စွန့်လွှတ် ရကောင်း စွန့်လွှတ်ရနိုင်ပါတယ်။ ဖုန်းရွှေနည်းအရ ကုတင်ရဲ့ ဘယ်ဘက်ခြမ်းမှာ အမျိုးသမီးက လဲလျောင်းအိပ်စက်ရမှာဖြစ် ပြီး အမျိုးသားက ညာဘက်ခြမ်းမှာ လဲလျောင်းအိပ်စက်ရမှာပါ။ ဒါက မောင်နှံနှစ်ဦးရဲ့ စွမ်းအင်တွေကို သမမျှတညီညွတ်စေ တယ်လို့ ယူဆလို့ပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ရရှိရန်အတွက် ဆောင်ရွက်ရန်ဖုန်းရွှေ (၁၀)ချက်

၈။ အိပ်ခန်းတွင် အနီရောင်ကို ရှောင်ရှားပါ။

အနီရောင်ဆိုတာ သင့်အိပ်ခန်းထဲကနေ လုံးဝကို ဖယ်ရှားပစ်ရမယ့် အရောင်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အပူရောင်ဖြစ်ပြီး သင့်ရဲ့ကလေးရနိုင်တဲ့ စွမ်းအင်ကို အခန်းကနေ အလျင်အမြန်ဖယ်ထုတ်ပစ်စေလို့ပါ။

ကိုယ်ဝန်ရရှိရန်အတွက် ဆောင်ရွက်ရန်ဖုန်းရွှေ (၁၀)ချက်

၉။ အိပ်ရာ သို့မဟုတ် ကုတင်ကလည်း အရေးကြီးသောအခန်း ကဏ္ဍတစ်ခုမှ ပါဝင်သည်။

သင့်အိပ်ရာကို သေချာဂရုစိုက်ပါ။ ချွန်ထက်တာ တွေနဲ့ မျက်နှာမူမနေပါစေနဲ့။ ဥပမာ - ပရိဘောဂ ဒါမှမဟုတ် နံရံရဲ့ ထောင့်စွန်းက သင့်အိပ်ရာကို မျက်နှာခြင်းဆိုင်နေတာ မျိုး။ လျှပ်စစ်ပစ္စည်းတွေကိုလည်း သင့်အိပ်ရာအနားမှာ မထား မိပါစေနဲ့။ ပြီးတော့လည်း အိပ်ရာအနားမှာ ကြည့်မှန်မတပ်ဆင် ဖို့ အကြံပြုပါရစေ။

ကိုယ်ဝန်ရရှိရန်အတွက် ဆောင်ရွက်ရန်ဖုန်းရွှေ (၁၀)ချက်

၁၀။ ကလေးအတွက် အခန်းကြိုပြင်ထားပါ။

ကလေးက မွေးဖွားလာဖို့နေနေသာသာ ကိုယ့်ဆီ ရောက်တောင် မလာသေးဘူးဆိုပေမယ့်လည်း ဖုန်းရွှေနည်းအရ တော့ သင့်ကလေးအသစ်စက်စက်လေးအတွက် အခန်းနေရာ ကြိုပြင်ထားဖို့လိုပါတယ်။ အခန်းကျယ်ရယ်မှမဟုတ်ပါဘူး။ အိမ်ထဲမှာ စုပုံနေရာယူနေတဲ့ မလိုတာတွေကို ဖယ်ရှားစွန့်ကြဲ လိုက်ပြီး ရင်သွေးလေးအတွက် အချိန်ဆိုင်းမနေဘဲ သင့်လျော် တဲ့နေရာလေးတစ်နေရာ ဖန်တီးပြင်ဆင်လိုက်ပါတော့။
သားသား မီးမီးတို့နဲ့ စိုပြေဝေဆာတဲ့ မိသားစုဘ၀ ဖန်တီးချင်သူတွေအားလုံး လိုအင်ဆန်္ဒပြည့်ဝကြပါစေလို့ ဆုတောင်းရင်း ...

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Other Poperty Feng Shui Articles

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)