(iMyanmarHouse.com မှ ကြီးမှူးကျင်းပသည်။)
Wa Minn Corporation မှ Kalaw Garden Paradise ၊ Kalaw Garden Valley မြေကွက်များနှင့် A Frame Cabin အသင့်ဆောက်လုပ်ပြီး လုံးချင်းအိမ်များကို အထူး Discount များဖြင့် ရောင်းချပေးမည်။
ကလောမြို့ရှိ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပြီး ၉၀% ကျော် ရောင်းချထားပြီး ပိုင်ဆိုင်မှု ခိုင်မာသည့် မြေကွက်များဖြစ်သည်။
အခုထပ်မံအရောင်းဖွင့်ပေးမည့် Kalaw Garden Paradise (zone 1) နှင့် Kalaw Garden Valley (zone 2) မြေကွက်များကို ရွေးချယ်ဝယ်ယူနိုင်မည်။
ရှမ်းပြည်တောင်ပိုင်း ကလောမြို့ရှိ အင်းပြင်တွင် တည်ရှိပြီး မုဒ်ဦး ၊ လမ်းများခင်းခြင်း ၊ A frame house များဆောက်လုပ်ခြင်း ၊ အုတ်တံတိုင်းများခတ်ပေးခြင်း ၊ ပန်းခြံဥယျာဉ်များစိုက်ပျိုးခြင်း စသည်တို့ဆောက်လုပ်ပြီးစီးထားပြီးဖြစ်သည်။
ကလောဈေးမှ ၂ မိုင်ခန့်အကွာတွင်တည်ရှိပြီး ကမ္ဘာကျော် အင်းလေးကန် ၊ သမိုင်းဝင်ကလောဘူတာ ၊ နာရီစင် ၊ နှီးဘုရားကြီး ၊ City View Point ၊ ရေယောင်းမ View Point ၊ ဗျိုက်တောင်နှင့် ရေပူစမ်း တို့အနီးတွင်ရှိပြီး အလွယ်တကူသွားလာအပန်းဖြေနိုင်မည်။
မင်္ဂလာပွဲ ၊ မွေးနေ့ပွဲ နှင့် ဧည့်ခံပွဲများပြုလုပ်ဖို့ destinations နေရာများ ထည့်သွင်းပေးမည်ဖြစ်ပြီး စီမံကိန်းအတွင်းတွင် Hotel ၊ Restaurant ၊ Event Area ၊ Convenience Storeတို့ပါဝင်မည်။
ပြပွဲ(၂)ရက်အတွင်းဝယ်ယူပါက
🟧 Up to 15% Discount ရရှိမည်။
🟧 (၅) နှစ်အရစ်ကျ ဖြင့် ဝယ်ယူနိုင်မည်။
🟧 100% Bank Transfer လက်ခံသည်။
စာရင်းပေးသွင်းပြီး အထူးလက်ဆောင်များရယူလိုက်ပါ။
ရရှိနိုင်မည့် Facilities များ
- Restaurant
- Coffee Shop
- Convenience Store
- Landscaping
- Housekeeping Service
- Laundry Service
- Rental Service
- 24 Hours Security စသည်တို့ ပြည့်စုံစွာ ပါဝင်သည်။
ကလောမြို့ရှိ Kalaw Garden Paradise ကိုဘာကြောင့်ရွေးချယ်သင့်သလဲ?
- ကလောမြို့မဈေးမှ ကားဖြင့်မိနစ်အနည်းငယ်အတွင်း ကားမောင်းရုံဖြင့်ရောက်ရှိနိုင်မည့် အင်းပြင်ရွာတွင်တည်ရှိခြင်း
- ကိုယ်ပိုင်ဂရန်မြေပေါ်တွင် ဖော်ဆောင်နေသည့် ဝယ်ယူသူ ဂရန်အမည်ပေါက် (၆၀x၆၀) ပေ ၊ (၄၀x၆၀) ပေ မြေကွက်များ ၊ ဖုန်းရွှေမြေအကောင်းဆုံးမြေကွက်များ ရွေးချယ်ဝယ်ယူနိုင်ခြင်း
- ဝယ်ယူထားသော ပိုင်ရှင်များလာရောက် အနားယူနိုင်ရန် Kalaw Garden Lodge ကိုတည်ဆောက်ပေးမည်ဖြစ်ပြီး (၃) ကြိမ်အခမဲ့နေထိုင်ခွင့်ရရှိနိုင်ခြင်း
- ကလောမြို့သည် ရှမ်းပြည်နယ်မှာ ခရီးသွား Tourist တွေ စိတ်ဝင်တစား လာရောက်လည်ပတ်ကြတဲ့ တောင်စခန်းမြို့လေးဖြစ်ပြီး ကားလမ်း ၊ ရထားလမ်း ၊ ပြည်တွင်းလေကြောင်းလမ်းတွေနဲ့ အလွယ်တကူရောက်ရှိနိုင်သည့် နေချင်စရာကောင်းသည့်မြို့တစ်မြို့ဖြစ်ပြီး မြို့နှင့်အနီးဆုံး ဟဲဟိုးလေဆိပ်မှ ပုဂံ ၊ ရန်ကုန် စသည့်မြို့များသို့ ဆက်လက်သွားရောက်နိုင်မည့် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေသည့်မြို့ဖြစ်ခြင်း
- ကမ္ဘာကျော် အင်းလေးကန် ၊ သမိုင်းဝင်ကလောဘူတာ ၊ နာရီစင် ၊ ကလောဈေး ၊ နှီးဘုရားကြီး ၊ City View Point ၊ ရေယောင်းမ View Point ၊ ဗျိုက်တောင်နှင့် ရေပူစမ်း တို့အနီးတွင်ရှိသောကြောင့် အလွယ်တကူသွားလာအပန်းဖြေနိုင်ခြင်း
- အခုနောက်ပိုင်း အရမ်းခေတ်စားနေတဲ့ Trekking ခရီးလမ်းလျှောက်ခြင်း ၊ Cycling စက်ဘီးစီးခြင်း တို့ ပြုလုပ်နိုင်တဲ့ တိုင်းရင်းသားရိုးရာကျေးရွာများသည် ကလောမြို့ရဲ့ မိုင် ၂၀ ပတ်လည်မှာရှိလို့ ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် အရမ်းလည်ပတ်လို့ကောင်းသည့်နေရာဖြစ်ခြင်း
- မိုးသည်းထန်စွာရွာရင် ဖြစ်ပေါ်တတ်တဲ့ ရေစီးဆင်းမှုကို လေ့လာပြုစုထားတာပြီး လေ့လာတွေ့ရှိချက်တွေကို အခြေခံ၍ လမ်း design ၊ အိမ် design များကို ဖော်ဆောင်ထားခြင်း
- ဆိတ်ငြိမ်အိမ်ရာစီမံကိန်းဖြစ်သောကြောင့် အနီးမှဆူညံမှုများကို စနစ်တကျလေ့လာ မှတ်တမ်းတင်ထားပြီး ဆူညံသံလျော့ကျစေရန် အကောင်းဆုံးဖော်ဆောင်ပေးခြင်း
- အိမ်ရာနေသူများ စိတ်အေးချမ်းသာစွာဖြင့် ရေလုံလုံလောက်လောက်အသုံးပြုနိုင်ရန် အင်းပြင်ရေကန်မှရေကို Ground Tank မှတဆင့် ပေးဝေခြင်း ၊ Developer ဘက်မှတူးထားသော အဝီစိတွင်း (၂) တွင်းမှ ရေပေးဝေမည်ဖြစ်ပြီး ဂါလံ ၆ သိန်းဆံ့ ရေလှောင်ကန်မှတဆင့်ပေးဝေခြင်း ၊ မီးကို ခြံဝအရောက်သွယ်တန်းပေးခြင်း ၊ Transformer များရရှိအောင် စီစဉ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးမည်။
- စိမ်းစိုလှပသည့်အပင်များစိုက်
- Wa Minn Group of Companies သည် Sanchaung Garden Condo Taunggyi Business Centre အစရှိသည့် စီမံကိန်းကြီးများကို ဖော်ဆောင်ထားပြီး နောက်ထပ် စီမံကိန်းများစွာကိုလည်း ထပ်မံ ဖော်ဆောင်လျက်ရှိသော ယုံကြည်စိတ်ချရသည့် Developer တစ်ဦးဖြစ်ခြင်း
စသည့်အချက်များကြောင့် အနာဂတ်မှာ အကျိုးအမြတ်ရချင်ရင်ပဲဖြစ်ဖြစ် အေးချမ်းတဲ့တောင်ပေါ်မြို့လေးမှာ အနားယူချင်လို့ပဲဖြစ်ဖြစ် Kalaw Garden Paradise ကိုလက်လွတ်မခံပဲ (စာရင်းပေးသွင်းပြီး) လေ့လာဝယ်ယူလိုက်ပါ။
စာရင်းပေးသွင်းပြီး အထူးလက်ဆောင်များရယူလိုက်ပါ။
အရောင်းပြပွဲကျင်းပမည့်မြေပုံ
Upcoming Property Events
1 March 2024 to 31 March 2024 (၅) လုံးမြောက် Tower ကို အွန်လိုင်းပရိုမိုးရှင်းနှင့်ရောင်းချပေးသွားမည့် Grand Aung Thar Yar Condo
1 March 2024 to 31 March 2024 ရောင်းရန် (၃) ကွက်သာရှိသည့် ဘဏ်အရစ်ကျဖြင့် ဝယ်ယူနိုင်မည့် Pyi Gyi Mingalar မြေကွက်များ ပရိုမိုးရှင်း
20 March 2024 to 31 March 2024 သိန်း (၂၀၀၀) ကျော်မှ စတင်သည့် ဘန်ကောက် ၊ ချင်းမိုင် ၊ ဖူးခက်တို့ရှိ လုံးချင်းအိမ်နှင့် ကွန်ဒိုများ
30 March 2024 to 31 March 2024 ဘဏ်ဖြင့် (၁၅)နှစ်အရစ်ကျဝယ်ယူနိုင်မည့် Decoration ပြင်ပြီး အသင့်နေ ရွှေမိုးကောင်းကွန်ဒို အရောင်းပြပွဲ
30 March 2024 to 31 March 2024 ဘဏ်ဖြင့်ချိတ်ဆက်ပြီး (၂၅) နှစ်အရစ်ကျဖြင့်ဝယ်ယူနိုင်မည့် Shwe Wutt Hmone Housing လုံးချင်းအိမ်ရာများ
30 March 2024 to 31 March 2024 စီးပွားရေးလုပ်ရန် အထူးသင့်တော်သည့် လှိုင်သာယာ အမှတ် ၅ လမ်းမရှိ ဘက်စုံသုံးမြေကွက်များ အရောင်းပြပွဲ
Properties For Sale\Rent In Yangon