" တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမျိုးမှာ နေရတာ ပိုသဘောကျတယ် " ထွန်းကိုကို
Posted by Wai Phyo Thu (iMyanmarHouse.com)
[Unicode]
ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်လက်ခံလာတဲ့ သရုပ်ဆောင်ထွန်းကိုကို အောင်မြတ်သာဇာတ်လမ်းတွဲကို လတ်တလောရိုက်ကူးနေတဲ့ သူနဲ့ တွေ့ဆုံတုန်းမှာ ကိုယ်ရိုက်ထားတဲ့ဇာတ်ကားတွေ ကာလတစ်ခုအကြာမှာ ပရိသတ်ရှေ့ ရောက်လာတဲ့အပေါ် ခံစားချက်က…
“ကျွန်တော်ကတော့ ကိုယ်ရိုက်ထားတဲ့ ကားတွေကို မေ့တောင်မေ့ထားပါတယ်။ လတ်တလောကတော့ ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်နေပါတယ်။ ကျွန်တော့်ဆန္ဒအရဆိုရင် ခုရိုက်ခုတင်မယ့် ဇာတ်ကားကြီး တွေရှိလာမယ်ဆိုရင်တော့ လက်ခံဖြစ်နိုင်ပါတယ်” လို့ပြောပါတယ်။
ကာရိုက်တာတစ်ခုအတွက် လက်ခံပြီး ရိုက်ကူးဖြစ်တဲ့အခါ ဝေဖန်တိုက်ခိုက်မှုတွေရှိလာတဲ့အပေါ်မှာ “ဒါကတော့ မသိတဲ့သူတွေ၊ အဓိကအတွင်းကျကျ မသိတဲ့သူပေါ့နော်၊ အပေါ်ယံလောက်သာသိတဲ့ သူတွေ၊ ဒီနေရာကို လုယူတယ်လို့ စသဖြင့် ပြောနေကြပေမယ့် သေချာမသိလို့ပြောတယ်လို့ပဲ ခံယူပါတယ်။ တကယ့်အဖြစ်အပျက် အမှန်ကို ကောင်းကောင်းသိတဲ့သူကတော့ ဒါမျိုးတွေ မပြောတော့ပါဘူး” လို့ဖြေထားပါသေးတယ်။
လက်ရှိအချိန် သူ့ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ သူနေချင်တဲ့နေရာလေးကတော့… “လောလောဆယ်တော့ အေးချမ်းတဲ့နယ်ဘက်လို နေရာမျိုးလေးမှာပဲ နေချင်တဲ့စိတ်တော့ ဖြစ်နေပါတယ်။ အပင်တွေစိုက်မယ်။ တိတ်ဆိတ် ငြိမ်သက်တဲ့နေရာမျိုးမှာနေရတာ ပိုသဘောကျတယ်။” လို့ သူရဲ့ ခံစားချက်ကလေးတွေကိုလည်း အခုလိုဖွင့်ဟ ပြောထားပါတယ်.. ပရိသတ်ကြီးရေ…
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit: Tun Ko Ko (Fb)
[Zawgyi]
" တိတ္ဆိတ္ၿငိမ္သက္တဲ့ ေနရာမ်ိဳးမွာ ေနရတာ ပိုသေဘာက်တယ္ "
ထြန္းကိုကို
႐ုပ္သံဇာတ္လမ္းတြဲေတြနဲ႔ ပရိသတ္လက္ခံလာတဲ့ သ႐ုပ္ေဆာင္ထြန္းကိုကို ေအာင္ျမတ္သာဇာတ္လမ္းတြဲကို လတ္တေလာ႐ိုက္ကူးေနတဲ့ သူနဲ႔ ေတြ႕ဆုံတုန္းမွာ ကိုယ္႐ိုက္ထားတဲ့ဇာတ္ကားေတြ ကာလတစ္ခုအၾကာမွာ ပရိသတ္ေ႐ွ႕ ေရာက္လာတဲ့အေပၚ ခံစားခ်က္က…
“ကြၽန္ေတာ္ကေတာ့ ကိုယ္႐ိုက္ထားတဲ့ ကားေတြကို ေမ့ေတာင္ေမ့ထားပါတယ္။ လတ္တေလာကေတာ့ ဇာတ္လမ္းတြဲေတြ ႐ိုက္ျဖစ္ေနပါတယ္။ ကြၽန္ေတာ့္ဆႏၵအရဆိုရင္ ခု႐ိုက္ခုတင္မယ့္ ဇာတ္ကားႀကီး ေတြ႐ွိလာမယ္ဆိုရင္ေတာ့ လက္ခံျဖစ္ႏိုင္ပါတယ္” လို႔ေျပာပါတယ္။
ကာ႐ိုက္တာတစ္ခုအတြက္ လက္ခံၿပီး ႐ိုက္ကူးျဖစ္တဲ့အခါ ေဝဖန္တိုက္ခိုက္မႈေတြ႐ွိလာတဲ့အေပၚမွာ “ဒါကေတာ့ မသိတဲ့သူေတြ၊ အဓိကအတြင္းက်က် မသိတဲ့သူေပါ့ေနာ္၊ အေပၚယံေလာက္သာသိတဲ့ သူေတြ၊ ဒီေနရာကို လုယူတယ္လို႔ စသျဖင့္ ေျပာေနၾကေပမယ့္ ေသခ်ာမသိလို႔ေျပာတယ္လို႔ပဲ ခံယူပါတယ္။ တကယ့္အျဖစ္အပ်က္ အမွန္ကို ေကာင္းေကာင္းသိတဲ့သူကေတာ့ ဒါမ်ိဳးေတြ မေျပာေတာ့ပါဘူး” လို႔ေျဖထားပါေသးတယ္။
လက္႐ွိအခ်ိန္ သူ႕ရင္ထဲမွာ ျဖစ္ေပၚေနတဲ့ သူေနခ်င္တဲ့ေနရာေလးကေတာ့… “ေလာေလာဆယ္ေတာ့ ေအးခ်မ္းတဲ့နယ္ဘက္လို ေနရာမ်ိဳးေလးမွာပဲ ေနခ်င္တဲ့စိတ္ေတာ့ ျဖစ္ေနပါတယ္။ အပင္ေတြစိုက္မယ္။ တိတ္ဆိတ္ ၿငိမ္သက္တဲ့ေနရာမ်ိဳးမွာေနရတာ ပိုသေဘာက်တယ္။” လို႔ သူရဲ႕ ခံစားခ်က္ကေလးေတြကိုလည္း အခုလိုဖြင့္ဟ ေျပာထားပါတယ္.. ပရိသတ္ႀကီးေရ…
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Photo Credit: Tun Ko Ko (Fb)