နွေးထွေးမှုရော ပြည့်စုံမှုရောအကုန်လုံးကို အိမ်ကပဲပေးနိုင်တာဆိုတဲ့ ပွင့်နဒီမောင် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com

နွေးထွေးမှုရော ပြည့်စုံမှုရောအကုန်လုံးကို အိမ်ကပဲပေးနိုင်တာဆိုတဲ့ ပွင့်နဒီမောင် နှင့် တွေ့ဆုံခြင်း

Posted by Phoo Phoo (iMyanmarHouse.com)

မေး - အခုလက်ရှိ နေထိုင်နေတဲ့ အိမ်ပုံစံလေးကို သိချင်တယ်။

အစ်မတို့က လုံးချင်းနှစ်ထပ် တိုက်ပုံစံလေးနဲ့ နေနေ တာပါ။ သုဝဏ္ဏက ဗိုလ်ချုပ်ရွာမှာ နေတယ်။ အိမ်လေးကတော့ ဖေဖေ့စိတ်ကြိုက်ဆောက်ထားတဲ့ အိမ်ပုံစံလေးပါ။ ဖေဖေ ကိုယ်တိုင်သူ့စိတ်ကြိုက်ပုံစံလေးကိုပဲ ဆောက်ထားတာပါ။ အခု ဒီအိမ်ကတော့ အဖေ့အိုင်ဒီယာ တော်တော်များများပါတယ်။ ဒါပေမယ့် အစ်မအခန်းကိုတော့ အစ်မဘာသာပဲ လုပ်ထားတာ ပေါ့။ အပေါ်ထပ်တစ်ထပ်လုံးက အစ်မ တစ်ယောက်တည်းပဲ နေတာပါ။ အစ်မလိုချင်တဲ့ ပုံစံမျိုးလေးအတိုင်းပဲ ဆောက်ထားတယ်။ အစ်မအခန်းကိုဆိုရင် အဖြူ၊ အမည်း ပုံစံမျိုးလေးပဲ လုပ်ထားတယ်။

မေး - အခုနေတဲ့အိမ်လေးက ကိုယ့်စိတ်ကြိုက်ဖြစ်တဲ့ အိမ်ပုံစံ လေးလို့ ပြောလို့ရမလား။

ပြောလို့ရပါတယ်။ အစ်မတို့ရှေ့က အခန်းတွေမှာ ဆိုရင်လည်း မှန်အကြီးကြီးတွေ ထည့်ထားတယ်။ အစ်မကြိုက်တဲ့ ပုံစံမျိုးလေးတွေကို ဖေဖေနဲ့ တိုင်ပင်ပြီးတော့ ဆောက်ထား တာပါ။ ဒီအိမ်ကတော့ အစ်မ စိတ်ကြိုက်ဖြစ်တဲ့ ပုံစံမျိုးလေးပါပဲ။

မေး - စိတ်ကူးထဲက အိမ်ပုံစံလေးကို ပြောပြပေးပါဦး။

အခု အစ်မတို့နေတဲ့ ဒီအိမ်လေးက ဆောက်ခဲ့တာ ရှစ်နှစ်လောက်ရှိပြီ။ အခုနောက်ပိုင်းမှာဆိုရင် ပစ္စည်းတွေက ပိုပြီးတော့ ခေတ်မီလာတယ်။ အစ်မတကယ်လို့ နောက်အိမ် တစ်လုံး ဆောက်ဖြစ်မယ်ဆိုရင်တော့ ပစ္စည်းတွေကို အပြင်မှာ ထုတ်ထားတဲ့ ပုံစံမျိုးကို အစ်မ မကြိုက်ဘူး။ တစ်အိမ်လုံးမှာ ဘာမှမရှိ တဲ့ပုံစံမျိုး တံခါးဖွင့်လိုက်တော့မှ ရေခဲသေတ္တာထွက် လာတဲ့ ပုံစံမျိုးတွေ ရှိတယ်လေ။ အခုလောလောဆယ်တော့ အစ်မ ထပ်ဆောက်ဖို့ မရှိသေးပါဘူး။ ဒါကတော့ အစ်မ စိတ် ကူးထဲက အိမ်ပုံစံလေးပေါ့။

မေး - သဘောကျတဲ့ အိမ်ပုံစံက ဘယ်လိုပုံစံမျိုးလဲ။

အထပ်အမြင့်ကြီးကိုတော့ အစ်မက မကြိုက်ဘူး။ ဒါ ပေမယ့် နှစ်ထပ် အိမ်လေးမှာပဲ ဧည့်ခန်းလေးဆိုရင်လည်း နှစ်ထစ်၊ သုံးထစ်လောက် တက်ပြီးရင် ဧည့်ခန်းလေးကိုရောက်မယ် အဲ့လို မျိုးလေးတော့ လုပ်ထားတယ်။ အထပ်အရမ်းမြင့်တာမျိုး တော့ အစ်မက မကြိုက်ဘူး။ မြေညီမှာကိုပဲ နည်းနည်းလေးတစ် ဆင့်၊ နှစ်ဆင့် တက်သွားတာကိုပဲ ကြိုက်တယ်။ အဲဒါကြောင့်လည်း အခုအိမ်လေးကို အဲ့လိုပုံစံမျိုးအတိုင်းပဲ ဆောက်ထားတာပါ။

မေး - အနုပညာပစ္စည်းတွေနဲ့ အိမ်ကိုအလှဆင်ရတာကိုရော သဘောကျလား။

အစ်မက အိမ်ကိုလေ အဲ့လိုပစ္စည်းသေးသေးလေးတွေ ထည့်ပြီးတော့ အလှဆင်ရတာကို မကြိုက်ဘူး။ တော်တော်များ များက ပစ္စည်းတင်တဲ့နေရာဆိုရင်လည်း Family ဓာတ်ပုံတို့ လောက်ပဲထားဖြစ်တယ်။ ညီမလေးပြောသလို တချို့အိမ်တွေ ဆိုရင်တော့ အဲ့လိုမျိုးထားကြတာတော့ ရှိပါတယ်။ အစ်မက တော့ အိမ်ကို ရှင်းရှင်းလေးပဲ သဘောကျတယ်။ ပြီးတော့ အစ်မ က အရုပ်တွေကို သိပ်သဘောမကျတတ်ဘူး။ အလှဆင်တဲ့ အပိုင်းမှာတော့ အဲ့လိုမျိုးပစ္စည်းသေးသေးလေးတွေ တင်တာ တော့ မကြိုက်ဘူး။့ အစ်မတို့အိမ်ရဲ့ ပစ္စည်းတင်လို့ရတဲ့နေရာ မှာဆိုရင် မိသားစုဓာတ်ပုံလေးကိုပဲ တင်ထားတာများပါတယ်။

မေး - အိမ်အတွင်းအပြင် သုံးချင်တဲ့အရောင်ဆိုရင် ဘယ်လို အရောင်မျိုးကို သုံးချင်တာလဲ။

အစ်မကတော့ အိမ်ကို အဖြူပဲ ကြိုက်တယ်။ တစ်အိမ် လုံး ကိုတော့ အဖြူပဲသုတ်ထားတယ်။ ဒါပေမယ့် အစ်မအခန်းထဲ မှာတော့ အဖြူနဲ့ အမည်းနဲ့ အဲ့လိုမျိုးလေးသုတ်ထားတယ်။ တီဗီ ထားတဲ့ နေရာလေးတွေဆိုရင် အဖြူနဲ့ အမည်းနဲ့ သုတ်ထား တယ်။ ကျန်တဲ့တစ်အိမ်လုံးကတော့ အဖြူရောင်ချည်းပါပဲ။ အဖြူနဲ့ မှန်နဲ့ချည်းပဲ အိမ်ကို ဆောက်ထားတာပါ။

မေး - နေရာဒေသ ရွေးချယ်ခွင့်ရမယ်ဆိုရင် ဘယ်လိုနေရာ ဒေသမှာ နေချင်တဲ့ စိတ်ကူးရှိလဲ။

မေမြို့၊ ကလောဘက်တွေကတော့ ရာသီဥတုအေး တဲ့ အတွက် ကြိုက်တယ်။ ဒီနေရာဒေသလေးတွေမှာ ဆောက် ထားတဲ့ အိမ်လုံးချင်းလေးတွေဆိုရင်တော့ သဘောကျတယ်။ အရမ်းပိုက်ဆံရှိလာတဲ့ အချိန်ကျရင်တော့ အဲ့ဘက်မှာ အိမ်လေး တစ်လုံးလောက်ဆောက်ပြီးနေဖို့တော့ စိတ်ကူးရှိတယ်။

မေး - ကိုယ်တိုင်ဖန်တီးချင်တဲ့ မိသားစုပုံစံမျိုးလေးရှိမလား။

အခုကတော့ မိသားစုနဲ့ပဲ နေနေတာပဲပေါ့။ ဒီမိသားစု လေးက အစ်မရဲ့ စိတ်ကြိုက်မိသားစု ပုံစံလေးဖြစ်ပါတယ်။ အခုနေနေတဲ့ အိမ်လေးကလည်း အမရဲ့ စိတ်ကြိုက်အိမ်ပုံစံ လေးလည်း ဖြစ်ပါတယ်။

မေး - နောက်ထပ် အိမ်တစ်လုံး ဆောက်ခွင့်ရမယ်ဆိုရင် ဘယ်လိုပုံစံလေး တည်ဆောက်ဖြစ်မှာလဲ။

အခုနောက်ပိုင်းထွက်လာတဲ့ Accessories တွေက လည်း အရမ်းခေတ်မီလာတယ်၊ Microwave တွေ ဘာတွေ ဆိုရင်လည်း အခုဆို အစ်မတို့ အိမ်က Microwave ဆိုရင် ကြည့်လိုက်တာနဲ့ မြင်နေရတယ်လေ။ အဲ့လိုမျိုး မဟုတ်ပဲနဲ့ နောက်ဖေး ၀င်လိုက်ရင်တောင်မှ Microwave ဘယ်နားမှာလဲ ဆိုတာကို မမြင်ရဘူး။ ဒါပေမယ့် အံဆွဲကို ဆွဲထုတ်လိုက်တော့ မှ Micro-wave ကို မြင်ရတဲ့ပုံစံမျိုးတွေ အခုနောက်ပိုင်း အရမ်း ထွက်လာပြီ။ ဒီအိမ်လေးကတော့ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က ဆောက် ခဲ့တာဆိုတော့ အဲ့ပစ္စည်းတွေမပေါ်သေးဘူး။ တကယ် လို့ နောက်တစ်ကြိမ် အိမ်ဆောက်ခွင့်ရမယ်ဆိုရင်တော့ အစ်မ က အဲ့လိုမျိုးလေးတွေနဲ့ သုံးပြီးတော့ ဆောက်ချင်တယ်။

မေး - အနုပညာရှင်တစ်ယောက်အတွက် အိမ်ဆိုတာက ဘယ်လောက်ထိ Relax ဖြစ်စေတဲ့နေရာမျိုးလဲ။

အိမ်ကိုရောက်သွားရင် ပင်ပန်းတာတွေက အလိုလို ပြေသွားတယ်။ အစ်မဆိုရင် ဘယ်လောက်ပဲ ဟိုတယ်မှာ နေရ နေရ ၊ ဟိုတယ်ဘယ်လောက်ပဲ ကောင်းကောင်း ကိုယ့်အိမ် ကတော့ ကိုယ့်အိမ်ပဲ။ အစ်မတို့အိမ်အပေါ်ထပ်မှာဆိုရင် အခန်း က နှစ်ခန်းပဲလုပ်ထားတယ်။ အစ်မအခန်းကို အကျယ်ကြီးလုပ်ထားတယ်။ တော်တော်များများ အစ်မရဲ့ Entertain လုပ်တာ ရော၊ Relax လုပ်တာရော အကုန်ုလုံးက ကိုယ့်အခန်းထဲမှာပဲ ကိုယ်လုပ်ဖြစ်တာဆိုတော့ အခန်းကိုတော့ အကျယ်ကြီးလုပ် ထားတယ်။ အစ်မက အိမ်ကိုရောက်ပြီဆိုရင် မိသားစုနဲ့ စကား ပြောပြီးရင် အစ်မအခန်းထဲကိုဝင်ပြီးတော့ တော်တော် များများ အခန်းထဲမှာပဲ အချိန်ကုန်တာများပါတယ်။

မေး - အိမ်ဆိုတဲ့ ခေါင်းစဉ်ကိုရည်ညွှန်းချင်တဲ့ စကားလေး များရှိမလား။

တစ်ခါတလေကျရင် တချို့လူတွေက ကားတွေအရမ်း ကောင်းတာ စီးကြတယ်။ နေတဲ့ အိမ်ကို သိပ်ပြီးတော့ မလုပ်ချင် ကြဘူး။ အစ်မကတော့ ပြောင်းပြန်ဖြစ်တယ် အိမ်သည်သာ နံပါတ်တစ်၊ နေစရာသည်သာ နံပါတ်တစ်ဖြစ်တယ်။ နေစရာ ရှိရင် လူကဘာမဆို ကျန်တာတွေက အကုန်လုပ်လို့ရတယ် လေ။ ကိုယ့်အိမ်က အခန်းပဲကျဥ်းကျဉ်း၊ အခန်းပဲကျယ်ကျယ် ကိုယ့်အိမ်က ကိုယ့်အိမ်ပဲ။ အဲ့တော့နေစရာသည် ဘ၀မှာ အရေး ကြီးဆုံးပါပဲ။ ကိုယ့်ရဲ့ နေစရာလေးက အခန်းကျဉ်းကျဉ်းလေး မှာလည်း ကိုယ်နှစ်သက်တဲ့ ပုံစံမျိုးလေးဖြစ်အောင် ဖန်တီးနိုင် တာမျိုးကို သဘောကျတယ်။ နွေးထွေးမှုရော ပြည့်စုံမှုရော အကုန်လုံးကို အိမ်ကပဲ ပေးနိုင်တာပါ။ အလုပ်တွေ ပင်ပန်းလို့ ပြန်လာရင်လည်း ကိုယ်က ဒီအိမ်မှာပဲ အချိန်ယူရမှာ၊ စိတ်ညစ် ရင်လည်း ကိုယ်က ဒီအိမ်မှာပဲ ငိုတာရော၊ ပျော်တာရော အကုန် လုံးက ဒီအိမ်လေးထဲမှာပဲဖြစ်တာဆိုတော့ ကိုယ်နေရမယ့် အိမ် လေးကိုတော့ အတတ်နိုင်ဆုံး ကျဥ်းကျဉ်းကျယ်ကျယ် ကိုယ်စိတ် ကြိုက်လေး လုပ်စေချင်တယ်။ ဘာလို့လဲဆိုတော့ ရေရှည်ဘ၀ အတွက် အရေးကြီးဆုံးက နေစရာပါပဲလို့ ပြောချင်ပါတယ်။

မေး - လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေရှိရင် ပရိသတ်ကြီးအတွက် မျှဝေပေးပါဦး။

အစ်မအခု မျက်လုံးမှာ အနမ်း၊ နှုတ်ခမ်းမာနဆိုတဲ့ ဇာတ်လမ်းတွဲကို MRTV 4 နဲ့ ရိုက်နေတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့ ကျရင်တော့ မင်းသားအလင်းရောင်နဲ့ ရုပ်ရှင်ဇာတ် ကားကြီး တစ်ကားရိုက်ဖို့ရှိပါတယ်။

မေး - ချစ်ခင်အားပေးနေတဲ့ ပရိသတ်အတွက် စကားလက် ဆောင်လေးပြောကြားပေးပါဦး။

အစ်မရဲ့ မိသားစုမှာ အကုန်လုံးက ကျန်းမာရေး မကောင်းလို့ပဲ ခွဲခွာသွားရတာဆိုတော့ အစ်မကိုချစ်တဲ့ ပရိသတ် ကြီးရော မချစ်တဲ့ ပရိသတ်ကြီးရော ပြောချင်တာက ကျန်းမာ ရေးကို ဂရုစိုက်ပါလို့ ပြောချင်ပါတယ်။ ကျန်းမာရေးကောင်းမှ ပဲ ကိုယ်က အရာရာ အကုန်လုံးကို ဆက်လုပ်နိုင်မှာဖြစ်တယ်။ အစ်မတို့ မိသားစုမှာလည်း အကုန်လုံးက ကျန်းမာရေးကြောင့်ပဲ ခွဲခွာသွားရတာဆိုတော့ အခုနောက်ပိုင်းဆို အစ်မကိုယ်တိုင် လည်း ကျန်းမာရေးကို ဂရုစိုက်တယ်။ အမကိုချစ်တဲ့ ပရိသတ်ကြီး လည်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပြီးတော့ စီးပွားရေးရှာကြ ပါလို့ ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါ။ အခုလိုဖြေကြားပေးတဲ့အတွက် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ကလည်း ကျေးဇူးတင်ပါတယ်။၊၊


ဖူးဖူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
နွေးထွေးမှုရော ပြည့်စုံမှုရောအကုန်လုံးကို အိမ်ကပဲပေးနိုင်တာဆိုတဲ့ ပွင့်နဒီမောင် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
နွေးထွေးမှုရော ပြည့်စုံမှုရောအကုန်လုံးကို အိမ်ကပဲပေးနိုင်တာဆိုတဲ့ ပွင့်နဒီမောင် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
နွေးထွေးမှုရော ပြည့်စုံမှုရောအကုန်လုံးကို အိမ်ကပဲပေးနိုင်တာဆိုတဲ့ ပွင့်နဒီမောင် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com
နွေးထွေးမှုရော ပြည့်စုံမှုရောအကုန်လုံးကို အိမ်ကပဲပေးနိုင်တာဆိုတဲ့ ပွင့်နဒီမောင် နှင့် တွေ့ဆုံခြင်း - Celebrity Interview on Property from iMyanmarHouse.com

Other Celebrity Interviews

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)