Diamond Inya Palace Condo သည် အင်းယားကန် အနီးရှိ မြေ (၂) ဧကပေါ်တွင် တည်ဆောက်ထားပြီး မြန်မာနိုင်ငံသားများအတွက် မြေအချိုးကျ ပူးတွဲပိုင်ဆိုင်ခွင့်ရရှိ့မည့်အပြင် ထူးခြားဆန်းပြားသော ဗိသုကာပညာရပ်များဖြင့် ပေါင်းစပ်ကာ luxury life Style တစ်ခုကို အပြည့်အဝဖန်တီးပုံဖော် တည်ဆောက်ထားပါသည်။
Diamond Inya Palace Condo သည် 5 stars hotel level service ပေးထားသော condo ဖြစ်ပြီး facility floor (၃) လွှာထည့်သွင်းပေးထားပြီးလူကြီးမင်းတို့အတွက် luxury life style တစ်ခုရရှိအောင် ဖန်တီးပေးထားသော ရန်ကုန်မြို့၏ အကောင်းဆုံးသော luxury condo ဖြစ်ပါသည်။
Facility အလွှာများမှာ မြေညီထပ်၊(၆) လွှာနှင့် (၂၂) လွှာတို့ဖြစ်ပါသည်။
လူကြီးမင်းတို့၏ကျန်းမာရေးအတွက် ပြီးပြည့်စုံသော ဝန်ဆောင်မှုတွေနှင့် clinic ပါဝင်ပါသည်။ နိုင်ငံတကာအဆင့်မှီ Hygiene အဆင့်ပြည့်မှီသော အစားအစာများရရှိနိုင်တဲ့ Restaurant နှင့် Cafe & Bakery ဆိုင်များပါဝင်ပါသည်။ Beauty Sloon ၊ Car-Wash နဲ့အခြား facilities များစွာကို ground floor တွင်ထည့်သွင်းပေးထားပါသည်။
(၆) လွှာမှာဆိုရင်တော့ အိုလံပစ်အရွယ်အစားရေကူးကန်ကြီးတွင် လူကြီးရေကူးကန်နှင့်ကလေးရေကူးကန်ပါဝင်ပါသည်။ Pool Bar ကိုလဲ တွဲလျက် ဖန်တီး တည်ဆောက် ပေးထားပါသည်။ Party ကျင်းပဖို့အတွက် စိတ်ပူစရာမလိုအောင် လုံလောက်တဲ့ Party Area နဲ့ အကင်လေးစားရင်း အိုလံပစ်အရွယ်အစား ရေကူးကန်ကြီးမှာ ရေကူးဖို့အတွက် BBQ Area များလည်း ရေကူးကန်ဘေးမှာ ပါဝင်ပါသည်။ ကလေးများအတွက် ကစားကွင်း ပါဝင်ပါသည်။ Kitchen နှင့် mini Banquet Area များလဲပါဝင်ပါသည်။ ကျန်းမာရေး နှင့် အလှအပအတွက် Fitness Centreနှင့် Beauty Sloon ကိုလဲထည့်သွင်းပေးထားပါသည်။ လူကြီးမင်းတို့၏ အသားအရည် ကြည်လင်ပြီး ခန္ဓာကိုယ် အညောင်းအညာ ပြေစေဖို့ Steam Room များကလဲကြိုဆိုနေပါသည်။ Table Tennis Room ၊ Billiard Room များလဲ ထည့်သွင်းပေးထားပြီး Facilities အမျိုးပေါင်း (၂၀) ကျော်နှင့် ဖွဲ့စည်းဖန်းတီးထားပါသည်။
လတ်ဆတ်တဲ့ မနက်ခင်း နေရောင်ခြည်လေးကိုခံစားရင်း မတူညီတဲ့ လေနုအေးလေးတွေနဲ့အတူ လှပတဲ့ မနက်ခင်းလေးကို အစပြုဖို့ Facilities အလွှာဖြစ်တဲ့ (၂၂) လွှာမှာ အပြည့်အဝ ခံစားနိုင်ပါတယ်။ ညနေပိုင်းမှာလဲ ရန်ကုန်မြို့ရဲ့ အလှအပကို တဝကြီး ကြည့်ရှူခံစားပြီး လူကြီးမင်းတို့ကို စိတ်ကျေနပ်စရာ ခံစားချက်လေးအဖြစ် ဖော်ကြူးပေးမှာပါ။ ညနေပိုင်းမှာ ကိုယ်ခန္ဓာ အညောင်းအညာဖြေဖို့ Jacuzzi Room ၊ Massage Room ၊ Foot Reflexology Room တွေ ထည့်သွင်း တည်ဆောက် ပေးထားပါသည်။ Swimming Pool (၂)ကန်ပါရှိပါသည်။ ထို့အပြင် ဝိုင်လေးသောက်ပြီး BBQမှ အကင်တွေ မှာစားပြီး ရေကန်ထဲကနေ လှပတဲ့ နေဝင်ဆည်းဆာကို ကြည့်ရှူပြီး အပန်းဖြေနိုင်ပါသည်။ Party ပွဲတွေအတွက်လဲ စိတ်ပူစရာမရှိအောင် လုံလောက်တဲ့ Party Space နှင့် Picnic Corner တွေပါဝင်မှာ ဖြစ်တဲ့အတွက် လူကြီးမင်းတို့ကိုယ်တိုင်လေ့လာနိုင်ဖို့ လာရောက်ကြည့်ရှူဖို့ ဖိတ်ခေါ်ပါတယ်။ မတူညီတဲ့ပုံစံအသစ်နဲ့ စာကြည့်တိုက် နှင့် စာဖတ်ခန်းတွေကလဲ လူကြီးမင်းတို့ကို ကြိုဆိုနေပါတယ်။ ဘောလုံးပွဲ ဝါသနာရှင်များအတွက် Football Lounge လဲပါဝင်ပါတယ်။ စိတ်ကို တည်ငြိမ်အေးဆေးဖို့အတွက် လတ်ဆတ်တဲ့ သဘာဝလေနှင့်အတူ ရင်သပ်ရှူမောဖွယ် မြင်ကွင်းဝန်းရံပြီး စိတ်ကို အနားယူဖို့အတွက် Meditation Deck တွေလဲ ပါဝင်ပါတယ်။ (6) Floor နဲ့ (22) Floorတွင် Gym Room များကို ခေတ်မှီလှပခန့်ညားသော Branded Machines များနဲ့ ထည့်သွင်းပေးထားပါသည်။
လူကြီးမင်းတို့အတွက် Diamond Inya Palace Condo မှာ မတူညီတဲ့ ပုံစံအသစ်နှင့်အတူ တမူကွဲပြားသော Design အသစ်ဖြစ်သည့် Deluxe Dual Key (DK) နင့်မိတ်ဆတ်ပေးချင်ပါသည်။ DK Room သည် 360 ဒီဂရီ မြင်ကွင်းများကလဲ ဆွဲမက်ဖွယ်ကောင်းလှပါသည်။
Dual Key ဆိုသည့်နာမည်အတိုင်း ကိုယ်ပိုင်သော့နှစ်ချာင်းနှင့် အိမ်၂လုံး တစ်ပြိုင်တည်းပိုင်ဆိုင်မည့် Main Door မှ separate room နှစ်ခုခွဲထားခြင်းဖြစ်သောကြောင့် အိမ်ကြီး ၊ အိမ်သေးပုံစံမျိုး ဖန်တီးပေးထားပါသည်။ အကျယ်အဝန်းမှာ 3025 sqft ရှိပါသည်။ စုစုပေါင်းအိပ်ခန်း (၄) ခန်းပါဝင်ပါသည်။ အိမ်ကြီးဘက်တွင် Master Bedroom (၂) ခန်း ၊ single Bedroom (၁) ခန်းပါဝင်ပါသည်။ Bar ကောင်တာ၊Living room ၊ Dining room ၊ Dry Kitchen နှင့် Wet Kitchen နှစ်ခုပါဝင်ပြီး Maidroom လဲပါဝင်ပါသည်။ အိမ်သေးဘက်တွင် single bedroom နှင့်စာကြည့်ခန်းပါဝင်ပြီး Living ၊ Dinning ၊ Kitchen ပါဝင်ပါသည်။
အိပ်ခန်းတိုင်းတွင်ခေတ်မှီလှပသောကျွန်းပါကေးများခင်းပေးထားပြီး Walldrobe များထည့်သွင်းပေးထာပါသည်။ Air con မှာ VRV ( centralize system) Daikin brand ကိုအသုံးပြုပေးထားပါသည်။ Kitchen တွင်Fully Equipped ဆင်ပေထားပြီး korea brand များကို အသုံးပြုပေးထားသောကြောင့် အရည်အသွေးပိုင်းသည် ပြောစရာမရှိလောက်အောင် သာလွန်ကောင်းမွန်ပါသည်။ ကျယ်ဝန်းလှပသော ရေချိုးခန်း၊အိမ်သာတွင် To To brand ကိုအသုံးပြုပေးထားသည့်အပြင် ရေပူရေအေး ၂မျိုးလုံးရရှိပြီး လှပခန့်ညားသော အပြင်အဆင်များက ဆွဲဆောင်နေပါသည်။ Water Heater ကိုလဲ Ranni တံဆိပ်တပ်ဆင်ပေးထားပါသည်။
အခန်းတိုင်းတွင် အလင်းရောင်ရရှိပြီး ထူးခြားမှင်သက်ဖွယ် ဗိသုကာပညာများဖြင့် သဘာဝကျကျ ဖွဲ့စည်းထားသော အခန်းဖွဲ့စည်းပုံများကြောင့် လေ၀င်လေထွက်ကောင်းမွန်ပြီး သဘာဝလေပြေလေညင်းများနှင့်အတူ သဘာဝအလင်းရောင်ကို အိပ်ခန်းတိုင်းနှင့် ဧည့်ခန်းတိုင်းမှ တဆင့် ရရှိခံစားနိုင်ပါသည်။ ကြီးမားကျယ်ပြန့်သော Glass Doors ကြီးများကြောင့် ရန်ကုန်မြို့၏ ရှု့ခင်းပဒေသာအားလုံးကို အခန်းတိုင်းဆီမှ အတားအဆီးမရှိ ထိုးဖောက်မြင်နိုင်မှာ ဖြစ်ပြီး ဘ၀၏ နိဗ္ဗာန်ဘုံ ကို ရရှိခံစားနိုင်မှာ ဖြစ်ပါသည်။
နိုင်ငံတကာအဆင့်မှီ ခေတ်မှီဆန်းသစ်ပြီး အရည်အသွေးပြည့်ဝသော Branded ပစ္စည်းများကို အသုံးပြု ပေးထားသောကြာင့် လူကြီးမင်းတို့ အကြိုက်တွ့စေမှာဖြစ်ပြီး Luxury Life Style မျိုးဖန်းတီးပေးထားခြင်းဖြစ်သောကြာင့် လာရောက် လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်အပ်ပါသည်။
စီးပွားရေးလုပ်ငန်းရှင်ကြီးများကို လာရောက် ရင်းနှီးမြှုပ်နှံ ကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါသည်။
ဆက်သွယ်မေးမြန်းရန်
ဤ project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
Diamond Inya Palace Condo တွင် ရင်းနှီးမြုပ်နှံသင့်သည့် အကြောင်းအရင်းများ-
✔ စီးပွားရေးအချက်အချာကျသော ဗျူဟာမြောက်နေရာတွင် တည်ရှိခြင်း၊
✔ Condo Law နှင့်အညီ တည်ဆောက်ထားခြင်း၊
✔ နိုင်ငံသားများအနေဖြင့် မြေအချိုးကျပိုင်ဆိုင်ခွင့်ပါရရှိခြင်း၊
✔ ရန်ကုန်မြို့ဧ။် Facilities အများဆုံး Condo တစ်ခုဖြစ်ခြင်း၊
✔ နိုင်ငံသားများနှင့် နိုင်ငံခြားသားများ ၁၀၀ ရာခိုင်နှုန်း ရာသက်ပန် ပူးတွဲပိုင်ဆိုင်ခွင့် ရှိခြင်း၊
✔ Kone Brand ဓါတ်လှေကား (၂၁) စင်းတပ်ဆင်ပေးထားခြင်း၊
✔ Facilities များစွာ ပါဝင်မှုကြောင့် နိုင်ငံခြားသားများ များစွာ မျက်စိကျခြင်း
✔ အငှားဈေးကွက်မြင့်မားခြင်း၊
✔ ကားပါကင် (၆၀၀) ကျော် ပါဝင်ခြင်း။
ဘဏ်ချေးငွေဖြင့် ၀ယ်ယူပါက KBZ, AYA, CB, YOMA စသည့် ဘဏ်များနှင့် ချိတ်ဆက်ပြီး ၁နှစ် မှ ၁၅ နှစ် အထိ အရစ်ကျပေးချေနိုင်ပါပြီ။
ရန်ကုန်မြို့ရှိ အရောင်းပြခန်းကို နေ့စဉ် နံနက် ၈နာရီခွဲမှ ညနေ ၆နာရီအထိ ဖွင့်လှစ်ထားပြီးလိပ်စာကတော့နံပါတ်(၂) ၊ ဦးထွန်းငြိမ်းလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။
Hot Line : 09420097992 / 09777898988
Mail : mgwholdingltd@gmail.com
Website: www.diamondinyapalace.com
ဆက်သွယ်မေးမြန်းရန်
ဤ project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ဆက်သွယ်မေးမြန်းရန်
ဤ Project နှင့် ပတ်သတ်၍ စိတ်ဝင်စားပါက အောက်ပါဖောင်တွင် ဖြည့်စွက်၍ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ရန်ကုန်တိုင်းရှိ ရောင်းရန်/ငှားရန် အိမ်ခြံမြေများ
ရန်ကုန်တိုင်းရှိ ရောင်းရန် တိုက်ခန်းများ
ရန်ကုန်တိုင်းရှိ ငှားရန် တိုက်ခန်းများ
ရန်ကုန်တိုင်းရှိ ရောင်းရန် လုံးချင်းအိမ်များ