အိမ်ဆိုတာနှလုံးသားရဲ့  အနက်ရှိုင်းဆုံးတစ်နေရာမှာ စွဲစွဲလန်းလန်းရှိနေမယ့်အရာလို့ဆိုလာတဲ့ အိမ်ထောင်ရှင်အလှမယ် ကေခိုင်နှင်း - Celebrity Interview on Property from iMyanmarHouse.com
1802 ကြိမ် ကြည့်ရှု့ပြီး

အိမ်ဆိုတာနှလုံးသားရဲ့  အနက်ရှိုင်းဆုံးတစ်နေရာမှာ စွဲစွဲလန်းလန်းရှိနေမယ့်အရာလို့ဆိုလာတဲ့ အိမ်ထောင်ရှင်အလှမယ် ကေခိုင်နှင်း

Posted by အိမ့်မှူးခင် (iMyanmarHouse.com)

အိမ်ဆိုတာ လူတိုင်းအတွက် အိမ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခု ဖြစ်သလို၊ စိတ်ပိုင်းဆိုင်ရာအတွက် လည်း လုံခြုံမူ၊ နွေးထွေးမူပေးနိုင်ဆုံး နေရာတစ်ခုပါ။

ဒီနေရာလေးမှာ မိသားစု စည်းလုံးမူရယ်၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မူရယ် အရေးကြီးပါတယ်လို့ ဆိုလာသူကတော့ Mrs Universe Myanmar ၂၀၁၇ ဆုရှင် အိမ်ထောင်ရှင်အလှမယ် ကေခိုင်နှင်းပါ။

သူနဲ့တွေ့ဆုံစဉ် သာမန်အိမ်ထောင်ရှင်မ တစ်ဦးကနေ အိမ်ထောင်ရှင် အလှမယ်တစ်ဦးဖြစ်လာတဲ့ သူ့အတွက်အိမ်ဆိုတာ ဘယ်လိုအဓိပ်္ပာယ်တွေ ပြည့်နှက် နေလဲဆိုတာ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ပရိသတ်ကြီး အတွက် တွေ့ဆုံမေးမြန်းခဲ့သည်။

မေး - အိမ် ဆိုတဲ့ ဝေါဟာရအပေါ် နှင်း ခံယူချက်ကိုအရင်ဆုံး ပြောပြပေးပါလား။

အိမ်ကတော့ အများကြီးရှိတယ်။ Home က သပ်သပ်၊ House က သပ်သပ်ပေါ့။ House ကတော့ အိမ်၊ မိသားစု နွေးနွေးထွေးထွေးရှိတာတော့ Home ပေါ့ ၊ နှင်းအတွက်ကတော့ နှင်းတို့ မိသားစုလေးနေတဲ့ Home Sweet Home ပေါ့။ အဲဒီ လိုပဲ ခံယူထားပါတယ်။

မေး - အိမ်က လူတစ်ယောက်အတွက် ဘယ်လောက်ထိ အရေး ပါတယ်လို့ နှင်း ယူဆလဲ။

အိမ်က လူတစ်ယောက်အတွက် အရမ်းအရေးပါ တယ်။ အနည်းဆုံးတော့ ကိုယ်ပိုင်အိမ်တစ်လုံးမရှိဘူးဆိုရင် လူတစ်ယောက်ဘ၀ရပ်တည်ဖို့ အရမ်းခက်ခဲတယ်။ ကြီးသည် ဖြစ်စေ ၊ ငယ်သည်ဖြစ်စေ ၊ ကိုယ်ပိုင် ကျောချစရာနေရာတစ်ခု ဟာ အရေးကြီးပါတယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ဖြစ် သလို စိတ်ပိုင်းဆိုင်ရာမှာလည်း အိမ်မိသားစုက ဘယ်လောက် နွေးထွေးလဲဆိုတာ အိမ်နဲ့ ဝေးနေတဲ့သူတွေ ပိုပြီးတော့ ခံစား ကြရပါတယ်။ လူတိုင်းအတွက် အိမ်ဆိုတာ နှလုံးသားရဲ့အနက် ရှိုင်းဆုံးတစ်နေရာမှာ စွဲစွဲလန်းလန်း ရှိမယ့်အရာတစ်ခုလို့ နှင်း ကတော့ ယုံကြည်ပါတယ် ။

မေး - နှင်းရဲ့ အတွေးပုံရိပ်ထဲက အိမ်လေးက ဘယ်လိုမျိုး ဖြစ်မလဲ။

နှင်းကလေ အိမ်အကြီးကြီးတွေထက် အိမ်သေးသေး လေးနဲ့ မိသားစုတွေစည်းစည်းလုံးလုံး ကျစ်ကျစ်လျစ်လျစ် လုံလုံလောက်လောက် အခန်းလေးရှိရင် သဘောကျပါတယ်။ အိမ်အကြီးကြီး ၊ တိုက်ကြီးတာကြီးတွေ နှင်း မမျှော်လင့်ထား ပါဘူး။

မေး - လက်ရှိနေတဲ့ အိမ်လေးကိုရောသဘောကျလား။

သဘောကျပါတယ်။ နှင်းတို့ မိသားစု လေးယောက် နေလို့ အဆင်ပြေတယ်။ ကျယ်ကျယ်ဝန်းဝန်းလေးလည်းရှိတဲ့ အတွက် သဘောကျပါတယ်။
မေး - အိမ်အတွင်းပိုင်း ပြင်ဆင်မူတွေကော နှင်းသဘောကျ လား။

Decorations တွေဆင်ရတာ သဘောကျတယ်၊ အရောင်ငြိမ်ငြိမ်လေးတွေ နဲ့  သစ်သားများများသုံးထားတာမျိုး ၊ သဘာဝဆန်တဲ့ ပစ္စည်းတွေသုံးထားတာမျိုး အလွန်သဘော ကျတယ်။

မေး - နေရာဒေသ တစ်ခုခုကို ရွေးပါ ဆိုရင် နှင်း ဘယ် နေရာ၊ ဘယ်ဒေသကို ရွေးချယ်ချင်လဲ။

နှင်းက တောင်ကုန်းတွေ တောင်တန်းတွေရှိတဲ့ တောင်ပ်ါဒေသကို သဘောကျပါတယ်။ တောင်ပေါ်ဒေသက အေးချမ်းတယ်၊ သစ်ပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့သဘာဝ မြင်ကွင်းလေးတွေကြည့်ရတာကြိုက်တယ်။ အဲဒါကြောင့် တောင် ပေါ်ဒေသလေးမှာ နေချင်တယ်။

မေး - မိသားစု တစ်ခုမှာ အရေးကြီးဆုံးအစိတ်အပိုင်းတွေ က ဘာတွေဖြစ်မလဲ။

နားလည်မှုပါ။ အိမ်ထောင်တစ်ခုမှာ ဇနီးနဲ့ ခင်ပွန်း နှစ်ယောက်ကြားမှာ နားလည်မှုက အဓိကပါ။ ချစ်တာတွေ ၊ မချစ်တာတွေထက် နားလည်မှုနဲ့ ရှေ့ဆက်ရတာပါ။ ကလေး ဆိုလည်း ကလေးတွေက မိဘအပေါ်မှာ မြင်တဲ့အမြင် ၊ အမြင် မဆိုးဖို့ပေါ။ အဓိကတော့ လူလူချင်း စာနာတတ်ဖို့၊ ကိုယ့် ကိုယ်ကိုယ် ယုံကြည်ချက်ရှိဖို့  ၊ သူများကို အနိုင်မကျင့်ဖို့ပြော ပြတယ်။ ကျန်တာတွေကတော့ သူတို့ရွေးချယ်တဲ့ လမ်းကြောင်း ပေါ်မှာ နှင်းတို့က နည်းနည်း ထိန်းကျောင်းပေးရုံပဲ ၊ အတင်း ဖိအားပေးတာမျိုး နှင်း မလုပ်ဘူး။ အလိုလိုက်သင့်တာလိုက်၊ ထိန်းသင့်တာထိန်းပေါ့။ အဲဒီလိုလေးပဲ နှင်း လုပ်ဖြစ်ပါတယ်။

မေး - သာမန်အိမ်ထောင်ရှင်မတစ်ယောက်ကနေ အိမ်ထောင်ရှင် အလှမယ်တစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့အခါမှာ ကိုယ့် ဘက်က အဓိကထိန်းသိမ်းရတာဘာတွေဖြစ်မလဲ။

ဂုဏ်သိက္ခာ ပိုင်းကတော့ ပုံမှန်အိမ်ထောင်ရှင်အမျိုး သမီးတစ်ယောက် ထိန်းသိမ်းရတဲ့အတိုင်းပါပဲ။ နှင်း အရင် ကတည်းကလည်း အဲဒီပုံစံပဲနေထိုင်ပါတယ်။ နောက်ထပ်ပိုပြီး ထိန်းသိမ်းရတာကတော့ နှင်း ပုံမှန်အိမ်ရှင်မတစ်ယောက် တုန်းကဆိုရင် ပေါ့ပေါ့ပါးပါး အိမ်နေရင်း ပုံစံအတိုင်းပဲ သွား လို့ရခဲ့ပေမယ့် အခုကျတော့ အဲဒီလို မသွားဖြစ်တော့ဘူး၊ Grooming အပိုင်းနဲ့ Personality အပိုင်းကို ပိုပြီး ထိမ်း သိမ်းဖြစ်ပါတယ် ။

မေး - အိမ်ထောင်ရှင် အလှမယ် တစ်ယောက်ရဲ့နေထိုင်မှုပုံစံ က နှင်း ရည်ရွယ်ခဲ့ဖူးတဲ့  မိသားစု နေထိုင်မှုပုံစံနဲ့ ထပ်တူ ကျရဲ့လား ။

နှင်းငယ်ငယ်က စိတ်ကူးထားတာကတော့ အိမ်ရှင်မ သီးသန့်ပဲပေါ့။ ဒီလို အလှမယ်တစ်ယောက်ဖြစ်လာမယ်လို့ တစ်ခါမှ မတွေးထားဘူး ၊ အခုကျတော့ အခြားအနုပညာအလုပ် တွေလည်း လုပ်နေတာဆိုတော့နှင်း မိသားစုကိုလည်း အားနာ တယ်။ မိသားစုက နားလည်ပေးပေမယ့် နှင်းစိတ်ထဲမှာ အားနာ မိတယ်။ ကိုယ့်စိတ်ကူးနဲ့တော့ နည်းနည်းလွဲတယ်လို့ပြောရမှာ ပါပဲ။

မေး - ပရိသတ်ကိုကော နှင်းဘက်က အသိပေးချင်တာ၊ ဖြည့်စွက်ပြောပြချင်တာတွေရှိရင်လည်းပြောပြပေးပါဦး။

နှင်းကတော့ နှင်းမိသားစုနဲ့ နွေးနွေးထွေးထွေးနေ ထိုင်သွားမယ်။ အနုပညာအလုပ်တွေကိုလည်း လုပ်ခွင့်ရှိ သလောက်ဆက်လုပ်သွားမယ်။ နှင်းကိုဆက်ပြီးချစ်ပေးပါ။အားပေးကြပါလို့ ပြောချင်ပါတယ်။

အိမ့်မှူးခင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အိမ်ဆိုတာနှလုံးသားရဲ့  အနက်ရှိုင်းဆုံးတစ်နေရာမှာ စွဲစွဲလန်းလန်းရှိနေမယ့်အရာလို့ဆိုလာတဲ့ အိမ်ထောင်ရှင်အလှမယ် ကေခိုင်နှင်း - Celebrity Interview on Property from iMyanmarHouse.com
အိမ်ဆိုတာနှလုံးသားရဲ့  အနက်ရှိုင်းဆုံးတစ်နေရာမှာ စွဲစွဲလန်းလန်းရှိနေမယ့်အရာလို့ဆိုလာတဲ့ အိမ်ထောင်ရှင်အလှမယ် ကေခိုင်နှင်း - Celebrity Interview on Property from iMyanmarHouse.com
အိမ်ဆိုတာနှလုံးသားရဲ့  အနက်ရှိုင်းဆုံးတစ်နေရာမှာ စွဲစွဲလန်းလန်းရှိနေမယ့်အရာလို့ဆိုလာတဲ့ အိမ်ထောင်ရှင်အလှမယ် ကေခိုင်နှင်း - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)