သရာစောထိ ရုပ်ရှင်ဇာတ်ကားကြီးမှာ နော်ပဲလှော်ဆိုတဲ့ မိန်ကလေးအဖြစ် ပီပြင် အောင် သရုပ်ဆောင် နိုင်ခဲ့ရုံသာမက “စစ်ကိုမုန်း၍ တိုက်ခဲ့သည်”ဆိုတဲ့ ဇာတ်ကားမှာ ခင်လေးအဖြစ် ပရိသတ်ရင်ထဲကို နေရာ အပြည့် ယူသွားနိုင်သူက ပြည်သူချစ် အနုပညာရှင် ယဉ်လက်ပါ။
သူနဲ့တွေ့ဆုံစဉ် သူ့စိတ်ကူးထဲက အိမ်လေးအကြောင်း၊ သူ အိပ်မက်တွေအပြင် သူ့အချစ်ရေး၊ လက်ရှိအနုပညာလှုပ်ရှားမှု တွေကိုလည်း မေးမြန်းခဲ့ရာ iMyanmarHouse.com (အိုင်မြန်မာ ဟောက်စ်ဒေါ့ကွန်း) ပရိသတ်ကြီးအတွက် ပြန်လည်ရေးသား ဖော်ပြလိုက်သည်။
မေး - အိမ်ဆိုတဲ့ ဝေါဟာရကို ယဉ်လက်ဘယ်လိုဖွင့်ဆိုချင်လဲ။
အိမ်ဆိုတာ ယဉ်လက် နားလည်ထားတာကတော့ House+Love =Home ပါ။ အိမ်ဆိုတဲ့ အဆောက်အဦကို ချစ်ခြင်းမေတ်္တာတွေနဲ့ကာရံမိုးလိုက်တဲ့ ဂေဟာလေးတစ်ခုပေါ့။
မေး - လက်ရှိနေတဲ့ အိမ်လေးကကော ယဉ်လက်အတွက် ဘယ်လိုအဓိပ္ပါယ်တွေရှိနေလဲ
လက်ရှိနေနေတဲ့အိမ်လေးက ယဉ်လက်အတွက်တော့ အရမ်းအဓိပ်္ပာယ်ရှိတယ်။ ဒါပေမယ့် ဘယ်နေရာ ဘယ်ဒေသမဆို ကိုယ့်မိသားစုနဲ့ အတူတူနေနေတဲ့နေရာလေးတစ်ခုက ကိုယ့် အတွက် တန်ဖိုးဖြတ်မရတဲ့အိမ်လေးပါပဲ။
မေး-ယဉ်လက် စိတ်ကူးထဲက အိမ်ပုံစံလေးကော ရှိလား။ ရှိရင် သိချင်တယ်။
ငယ်ငယ်လေးကတည်းက နေချင်တဲ့အိမ်မျိုးလေး စိတ်ကူးထဲမှာရှိပါတယ်။ စိတ်ကူးထဲမှာ ခြံဝန်းလေးနဲ့ အိမ်လေး က စပယ်ခင်းလေးထဲက သစ်သားအိမ်လေးပေါ့။ မိသားစု လေးယောက်ကို ကိုယ်စားပြုတဲ့ လှေကားထစ်လေး (၄)ထစ်။ ပြီးတော့ အိမ်လေးရဲ့ ဘယ်ညာနှစ်ဖက်မှာ စောင်းလျားပင်ရှိ တယ်။ မေမေ့အတွက် အထူးစိုက်ပေးထားမှာ။ မေမေ့ကျန်းမာ ရေးအတွက် ဒီအပင်က အရမ်းဆေးဖက်ဝင်တယ်။ မေ့မေ့ကို စောင်းလျားသီးလည်း ကျွေးမယ်။ ဖျော်ရည်လည်းဖျော် တိုက် မယ်ပေါ့။ ယဉ်လက်က စိတ်ကူးတော့နည်းနည်းယဉ်တတ်တယ် (ရယ်လျက်)
မေး -အဲလိုမျိုးအိမ်လေး ဆောက်ပေးနိုင်ရမယ်ဆိုတဲ့ ရည်မှန်း ချက်ကော ရှိနေပြီလား။
ရှိတာပေါ့ ကိုယ့်လုပ်အားခနဲ့ ကိုယ့်မိသားစုအတွက် အိမ်လေးဆောက်ပေးနိုင်ရမယ်ဆိုတာ ယဉ်လက်ဘ၀ရဲ့ လုပ်ကို လုပ်ရမယ့်အရာထဲမှာပါတယ်။ ကိုယ်တိုင်ဆောက်နိုင်ဖို့လည်း ခုအလုပ်တွေ အရမ်းကြိုးစားနေပါတယ်။
မေး - နေရာတစ်ခုအခြေချမယ်ဆို ဘယ်လိုနေရာဒေသတွေကို သဘောကျနှစ်သက်လဲ။
နေရာက တောင်ကုန်းမို့မိုလေး။ ရေတံခွန်ကလာတဲ့ ရေသံလိုမျိုး အသံလေးတွေလည်းကြားနေနိုင်ရမယ်။
မေး-အိမ်အတွင်းပိုင်းပြင်ဆင်မယ်ဆိုရင်ကော ဘယ်လိုပုံစံမျိုး လေး ဖြစ်စေချင်တာလဲ။
အိမ်အတွင်းပိုင်းကိုလေ ဖြစ်နိုင်ရင် အနက်ရောင်လေး သုတ်ချင်တာ ။ ထောင့်မှာ စာဖတ်မီးလေးနဲ့ပေါ့။ သူများတွေ က အိမ်နံရံကို တော်ရုံအနက်မသုတ်တတ်ကြဘူးလေ။ ယဉ်လက် က ရေနံချေးဝတဲ့ အိမ်မယ် အနက်ရောင်လေးသုတ် အ၀ါဖျော့ မီးလေးထွန်း စာဖတ်ချင်သူပါ။
မေး - အနုပညာလမ်းကြောင်းအပေါ် လျှောက်လှမ်းဖြစ်ခဲ့ပုံ လေးလည်း သိချင်ပါတယ်။
အနုပညာလောကထဲရောက်လာဖြစ်တာ ဖေဖေ့ကြောင့် ပါ။ ဖေဖေက ကိုယ်ငယ်ငယ်လေးကတည်းက ဒီလောကထဲ တစ်ချိန်ရောက်ကို ရောက်လာရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အနုပညာဝမ်းစာတွေဖြည့်ပေးခဲ့တယ်။ ကိုယ်ကတော့ မိဘ စိတ်ချမ်းသာအောင် အဖေ့ကိုချစ်လို့သာ အဖေခိုင်းသမျှ အကုန် လုပ်ခဲ့တာပေါ့။ ဒီလိုနဲ့ဒီလောကထဲ ရောက်မှန်းမသိရောက်လာ ခဲ့တယ်။ ကံတရားလေးကလည်း မျက်နှာသာပေးတော့ ကိုယ့် အပေါ်စစ်မှန်တဲ့ မြေတောင်မြှောက်ပေးခဲ့တဲ့ ကျေးဇူးရှင်တွေ နဲ့တွေ့ဆုံခွင့်ရခဲ့ပြီး ဒီလမ်းကြောင်းပေါ်ဆက်လက်လျှောက်လှမ်း နိုင်ခဲ့တယ်။
မေး - သရာစောထိ ဇာတ်ကားမှာ နော်ပဲလှော်ရယ်လို့ ပရိသတ် ရင်ထဲကို အမှတ်တံဆိပ် ရိုက်နှိပ်နိုင်ခဲ့တဲ့ အပေါ်မှာကော ပြော ပြချင်တာရှိလား။
သရာစောထိမှာလည်း နော်ပဲလှော်အဖြစ် ပရိသတ် အချို့ရဲ့ရင်ထဲ ခုထိစွဲလမ်းနေကြဆဲလို့ သိရတဲ့အတွက်လည်း အတိုင်းမသိပျော်ရွှင်ရသလို ပဲလှော်ဖြစ်ခွင့်ပေးခဲ့တဲ့ ကျေးဇူးရှင် တွေကိုလည်း ကျေးဇူးအထူးတင်မိတယ်။ ကိုယ့်ကို ဘယ်သူမှ မယုံကြည်ရဲသေးတဲ့အချိန်မှာ ယုံကြည်စွာနဲ့ ကြိုးစားခွင့်အပြည့် အ၀ပေးခဲ့တဲ့အတွက်လည်း ပဲလှော်ကို မွေးဖွားပေးခဲ့တဲ့ ကျေးဇူး ရှင်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
မေး - စစ်ကိုမုန်း၍ တိုက်ခဲ့သည်ဇာတ်ကားမှာ ခင်လေးအဖြစ် သရုပ်ဆောင်ရတဲ့ နေရာမှာကော အခက်အခဲတွေရှိလား။ အမှတ်တရလေးတွေရှိရင် သိချင်တယ်။
စစ်ကိုမုန်း၍တိုက်ခဲ့သည်မှာ ခင်လေးအဖြစ် သရုပ် ဆောင်တဲ့နေရာမှာ အခက်အခဲတွေရှိခဲ့လားဆိုတော့ ရှိတာပေါ့ မမရယ်။ အခက်အခဲတွေ ဝေဖန်တိုက်ခိုက်မှုတွေ အများကြီး ကြားထဲမှာ လူရော စိတ်ရောနှစ်ပြီး ဒီဇာတ်ရုပ်ပီပြင်အောင် အရမ်းကြိုးစားထားခဲ့ပါတယ်။ ကိုယ့်ကြိုးစားမှုကိုအသိအမှတ် ပြုပေးခဲ့ကြတဲ့ပုဂ်္ဂိုလ်တွေကိုလည်း ကျေးဇူးအများကြီးတင်လျက် ပါ။ ခင်လေးဖြစ်ခွင့်ရခဲ့ခြင်းကိုက ယဉ်လက်ဘ၀အတွက် အမြဲ တမ်းအမှတ်ရနေမယ့်အရာတစ်ခုပါ။
မေး-ယဉ်လက်ရဲ့ အိပ်မက်ကကော ဘာများဖြစ်မလဲ၊ ဖြစ်ချင်တဲ့ ဘ၀ပုံစံက ဘယ်လိုမျိုးလဲ။
အိပ်မက်ဆိုတာ လူတိုင်းမှာရှိပါတယ်။ အိပ်မက်ကို အကောင်အထည်ဖော်ဖို့သာခက်တာ။ ယဉ်လက်မှာ အိပ်မက် တွေရှိတယ်။ ဒီအိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။ ဘ၀ပုံစံက တော့ အသက်ရွယ်ပေါ်မူတည် ပြီး ပြောင်းလဲနေတတ်ပေမဲ့ တစ်ချိန်ကြရင်တော့ ရှေ့မှာပြောထား ခဲ့လို ငြိမ်သက်အေးချမ်းပြီး ရိုးရှင်းတဲ့ ပျော်ရွှင်ဖွယ်ဘ၀မျိုးနဲ့ နောက်ဆုံးအချိန်ကို ဖြတ်သန်းချင်ပါတယ်။
မေး-အချစ်ရေးကိုကော စဉ်စားနေပြီလား။
အချစ်ရေးကတော့ရ ခုအရွယ်အထိ တစ်ခါမှ ရည်းစား မထားဖူးပါဘူး။ ကိုယ့်မိဘအတွက် ကိုယ်ထမ်းဆောင်ရမယ့် တာဝန်တွေ အများကြီးရှိနေသေးတဲ့အတွက်ကြောင့်ရော အချိန်အတိုင်းအတာ တစ်ခုအထိ အချစ်ရေးကိုလျစ်လျူ ရှုထား ဦးမှာပါ။
မေး - လတ်တလော အနုပညာလှုပ်ရှားမှုတွေကိုလည်း သိချင်တယ်
လက်တလောအနုပညာလှုပ်ရှားမှုက သင်္ကြန်ပြီးတာ နဲ့ ဗီဒီယို၂ကားဆက်တိုက်ရိုက်ဖို့ရှိပါတယ်။ တစ်ခါမှ မလုပ်ဘူး တဲ့ပုံစံမျိုးနဲ့ ကြော်ငြာတစ်ခုရိုက်ဖို့ရှိသလို ကားကြီးတွေလည်း အခွင့်ရေးပေးတဲ့ဇာတ်ရုပ်ပေါ် အကောင်းဆုံးကြိုးစားသွားမှာပါ။
မေး - နောက်ဆုံးအနေနဲ့ ပရိသတ်ကြီးအတွက် အမှတ်တရ စကားလေး ပြောပေးပါဦး။
ယဉ်လက်လေးကို အားပေးချစ်ခင်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ရ အမြဲတမ်းဆက်ပြီးကြိုးစား နေပါ့မယ်လို့ ပြောချင်ပါတယ်။
အိမ့်မှူးခင် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com