မိသားစုနဲ့အတူတူ ကိုယ်တိုင်ဖန်တီးအလှဆင်ထားတဲ့အိမ်လေးတစ်လုံးလိုချင်တဲ့ Miss Myanmar World 2017 အလှမယ် အိကျော့ခိုင် - Celebrity Interview on Property from iMyanmarHouse.com
1790 ကြိမ် ကြည့်ရှု့ပြီး

မိသားစုနဲ့အတူတူ ကိုယ်တိုင်ဖန်တီးအလှဆင်ထားတဲ့အိမ်လေးတစ်လုံးလိုချင်တဲ့ Miss Myanmar World 2017 အလှမယ် အိကျော့ခိုင်

Posted by အိမ့်မှူးခင် (iMyanmarHouse.com)

လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြသည်။ တစ်နေ့ နေ့ကျလျှင် ကိုယ်ပိုင်ဆိုင်ချင်သည့် အိမ်လေး အတွင်းမှာ ချစ်ရသည့် မိသားစုများနှင့်အတူ ပျော်ရွင်စွာ နေ ထိုင်သွားဖို့ အိပ်မက်တွေကိုယ်စီ စိတ်ကူးတွေကိုယ်စီဖြင့် ပြည့် နှက်နေသည့်

ကမ္ဘာငယ်လေး လူတိုင်းမှာရှိ သည်။ နွေးထွေးသည့် အိမ်လေးကို တောင့်တကြ

သည်။ လိုချင်ကြသည်။



လူတွေအများကြီးအနက်မှ ကောင်မလေး တစ်ယောက်က သူ၏ စိတ်ကူးအိမ်လေးအကြောင်း ကို ဖွင့်ဟ၀န်ခံခဲ့သည်။ သူက မကြာခင်မှာ နိုင်ငံ ပေါင်း ၁၀၀ ကျော်က အလှမယ်များစွာ ၀င်ရောက် ယှဉ်ပြိုင်မယ့် Miss World ၂၀၁၇ ပြိုင်ပွဲကြီးမှာ နိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် သွားရောက် ယှဉ်ပြိုင်မည့် အလှမယ် အိကျော့ခိုင် ဖြစ်သည်။



သူနှင့် ဆုံတွေစဉ်ခဏ သူ၏ စိတ်ကူးအိမ် လေးအကြောင်းကို မေးခဲ့သမျှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ပရိသတ်ကြီးအတွက် ရေးသားဖော်ပြလိုက်သည်။



မေး-ပထမဆုံးအနေနဲ့ ညီမ ခံယူထားတဲ့ မိသားစု ဆိုတဲ့ အဓိပ္ပါယ်လေးကို

ပြောပြပါဦး။



မိသားစုဆိုတာကတော့ ကောင်းတူ ဆိုးဘက်ဆိုတာတွေကို ဝေမျှပြီးတော့ အတူနေ ထိုင်ခြင်းလို့ ညီမ အဓိပ္ပာယ် ဖွင့်ဆိုချင်ပါတယ်။ ကိုယ့်ရဲ့ အခက်အခဲတွေကို ပြောပြတယ်။ မဖြေရှင်းနိုင်တဲ့ အခက်အခဲတွေရှိလာရင်လည်း ကိုယ့်မိသားစု ကို ပြောပြလိုက်ရင် စိတ်ချမ်းသာသွားတယ်။ အိကျော့အနေ နဲ့လည်း အဲလိုမိသားစုမျိုးကို လိုချင်ပါတယ်။



မေး-အဲလိုမိသားစုတွေ အတူနေတဲ့ အိမ်ဆိုတဲ့ အဓိပ္ပာယ်ကို ကော အိကျော့ ဘယ်လိုမှတ်ယူထားလဲ။



ဟုတ်ကဲ့။ အိမ်ဆိုတာကလည်း မိသားစုရှိမှ သာယာ ပျော်ရွှင်ဖွယ်ကောင်းမှာပေါ့။ ကိုယ့်အိမ်မှာ ကိုယ့်မိသားစုနဲ့ တူတူနေမယ်။ အိမ်ထဲရောက်လို့ရှိရင်လည်း မိသားစုရဲ့အရိပ် နဲ့ အေးချမ်းသွားတယ်။ အိမ်ဆိုတာ နွေးထွေးတဲ့ အသိုက်အမြုံ လေးတစ်ခုလို့ အိကျော့ ဆိုချင်ပါတယ်။



မေး-အဲဒီ အိမ်ဆိုတဲ့ နွေးထွေးတဲ့အသိုက်အမြုံလေးကို အိကျော့ ဘယ်နေရာမှာ ဆောက်လုပ်ချင်လဲ။



အိကျော့ ငယ်ငယ်က စိတ်ကူးထားတာက ကြီးလာ လို့ရှိရင် ကမ်းခြေလေးမှာ အိမ်လေးဆောက်ပြီး နေချင်တယ် လို့ စိတ်ကူးဖူးတယ်ပေါ့။ (ရယ်လျက်)



မေး-အဲ့အိမ်လေးက ဘယ်လိုပုံစံလေး ဖြစ်လာမှာလဲ။



အိကျော့အိမ်လေးမှာ အပင်လေးတွေစိုက်ပြီး ခြံလေး တစ်ခုရှိမယ်ပေါ့။ အတွင်းပိုင်းကိုလည်း အိကျော့က လက်မှု ပစ္စည်းလေးတွေနဲ့ အလှဆင်ရတာ ၀ါသနာပါတော့ ကိုယ့်ဘာသာ ကိုယ် ဒီဇိုင်းလုပ်မယ်။ ပြီးလို့ရှိရင် သစ်သားအိမ်ကိုမှ အထဲမှာ ဆေးသုတ်တာ၊ ပြင်ဆင်တာတွေကအစ ကိုယ့်မိသားစုနဲ့အတူတူ ကိုယ်တိုင်ဖန်တီး အလှဆင်ထားတဲ့ အိမ်လေးတစ်လုံးလိုချင် တယ်။ ပြီးတော့ ကလေးတွေအတွက်လည်း အိမ်ဆိုတာ အိမ်မှာမှ နေရတာပျော်တယ် အိမ်ကိုပဲ အရမ်းပြန်ချင်တယ်ဆိုတဲ့ ကလေးမျိုးလေးတွေ သူတို့စိတ်ထဲမှာ ဖြစ်လာအောင်

လုပ်ပေးချင်ပါတယ်။ သူတို့ရဲ့အခန်းလေးတွေမှာ သူတို့ဝါသနာပါတဲ့ အရာလေးတွေ ကို သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်ကြိုက်အခန်းလေးတွေ အဖြစ် ဖန်တီးပေးချင်မိတယ်။



မေး-ဒါဆို ချစ်သူရှိနေပြီပေါ့။



(ရယ်လျက်) အဲလိုမျိုးတော့ မရှိသေးပါဘူး။ အိကျော့ စိတ်ကူးပါ။ မိသားစုတစ်ခုရလာမယ်ဆိုရင် အဲလိုလေး ကိုယ်တိုင်ကိုယ့်အိမ်လေးကို ဖန်တီးသွားမယ်လို့ စဉ်စားထားခဲ့တာပါ။



မေး-လက်ရှိနေနေတဲ့ အိမ်နဲ့ အိကျော့စိတ်ကူးထဲက အိမ်က ရော ထပ်တူကျလား။



အခုက မိဘတွေနဲ့အတူနေတာဆိုတော့ မိဘတွေ ရဲ့ စိတ်တိုင်းကျပေါ့။ ဒါပေမယ့် အိကျော့ကြီးလာရင်တော့ အိကျော့လိုချင်တဲ့ စိတ်တိုင်းကျအိမ်လေးမျိုး ပိုင်ဆိုင်ရလိမ့်မယ်လို့ အိကျော့ ထင်ပါတယ်။



မေး-ဘာ့ကြောင့် Miss တစ်ယောက်ဖြစ်ချင်ခဲ့တာလဲ။



Miss Myanmar World 2017 ပြိုင်ပွဲ မပြိုင်ခင်တုန်း က အိကျော့စဉ်းစားတယ်။ ကိုယ့်နိုင်ငံမှာဆိုရင် မြန်မာကိုယ်စား ပြုတဲ့ အလှမယ်တွေက သိပ်ပြီးတော့ အများကြီး မရှိသေးဘူး။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက အလှမယ်ဆိုတာကို တစ်ကမ္ဘာလုံး က သိလာအောင် လုပ်ပေးချင်တဲ့ စိတ်တွေ ပေါ်လာဖူးတယ်။ ဒါ့ကြောင့်မို့ ပြိုင်ပွဲကြီးမှာ တကယ်လို့ ဆုကြီးကိုရလာခဲ့ရင် တစ်ခန်းတစ်ကဏ္ဍကနေ အလှမယ်ကောင်းတစ်ယောက်အဖြစ် လုပ်ပေးမယ်ဆိုပြီး အလှမယ်တစ်ယောက်

ဖြစ်ချင်ခဲ့တာပါ။



မေး-ပြိုင်ပွဲကြီးပြီးသွားလို့ ကိုယ့်ရဲ့ အနာဂတ် အိပ်မက်က ဘယ်လိုရှိလဲ။



အိကျော့က ခရီးသွားတာ ၀ါသနာပါတယ်ဆိုတော့ ဒီပြိုင်ပွဲပြီးသွားလို့ အတွေ့အကြုံကောင်းတွေရတယ်ဆိုရင် နောက်ပိုင်းမှာ Travel Bloger တစ်ယောက်ဖြစ်ချင်တယ် ပေါ့။ အခုလည်း Blog မှာ နဲနဲရေးတယ်။ အများကြီးတော့ မရေးဖြစ်သေးဘူး။ ပြိုင်ပွဲရှိနေတာဆိုတော့ ဒီပြိုင်ပွဲပြီးသွားလို့ အချိန်ရခဲ့ရင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခရီးသွားပြီးတော့ ကိုယ့်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက်လည်း အထောက်အကူ ပေးချင်ပါတယ်။



မေး-မြန်မာတစ်နိုင်ငံလုံး ခရီးသွားမယ်ဆိုတော့ တစ်နေရာမှာ အိမ်တစ်လုံးဆောက်တော့မယ်ပေါ့။



(ရယ်လျက်) အဲလိုဖြစ်လာရင်တော့ ကောင်းတာပေါ့ရှင်။



မေး-နောက်ဆုံးအနေနဲ့ ပြိုင်ပွဲကြီးကလည်း သွားရောက်ယှဉ် ပြိုင်ဖို့ နီးကပ်နေပြီဆိုတော့ အားပေးနေတဲ့ ပရိသတ်ကြီးကို အမှတ်တရပြောချင်တာရှိလား။



ညီမကို အားပေးနေတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင် ပါတယ်လို့။ ပြိုင်ပွဲအတွက်ကို လပိုင်းနဲ့ ပြင်ဆင်ခဲ့ရတာဆို တော့ အိကျော့လိုအပ်တာရှိရင် အကြံဉဏ်ပေးနိုင်ပါတယ်။ အိကျော့ နိုဝင်ဘာလမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ ပြိုင်ပွဲ ကြီးမှာ အိကျော့ကို မဲတွေအများကြီးပေးကြပါလို့ ပြောချင်ပါတယ်။ Miss World 2017 အလှမယ်ပြိုင်ပွဲကြီးကို နိုဝင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ Sanya မြို့တွင် Sanya City Arena ၌ ကျင်းပသွားတော့မည်ဖြစ်သည်။



(၆၇) ကြိမ်မြောက် ကျင်းပခြင်းသည့် ယင်းပြိုင်ပွဲတွင် အလှမယ် အိကျော့ခိုင်သည် ပြိုင်ပွဲဝင်နေစဉ် ကာလအတွင်း နိုင်ငံတကာမှ ပြိုင်ပွဲဝင်များနှင့်အတူ နေထိုင်ပြီး Miss World Oraganization ၏ လှုပ်ရှားမှု အစီအစဉ်များကို လုပ်ဆောင်သွား ရမည် ဖြစ်သည်။ ပြိုင်ပွဲကြီး၏ နောက်ဆုံးပြိုင်ပွဲအခမ်းအနားကိုမှု Channel-7 ရုပ်သံလိုင်းတွင် နိုဝင်ဘာ ၁၉ ရက် မြန်မာစံတော် ချိန် ည ၇ နာရီ၌ ပြန်လည်ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။



iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မဂ်္ဂဇင်းကလည်း Miss Myanmar World 2017 အလှမယ်အိကျော့ကို တရားသော ယှဉ်ပြိုင်၍ ပွဲတိုင်းနိုင်ပါစေကြောင်း ဆုတောင်းပေးလျက်ပါ။




အိမ့်မှူးခင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
မိသားစုနဲ့အတူတူ ကိုယ်တိုင်ဖန်တီးအလှဆင်ထားတဲ့အိမ်လေးတစ်လုံးလိုချင်တဲ့ Miss Myanmar World 2017 အလှမယ် အိကျော့ခိုင် - Celebrity Interview on Property from iMyanmarHouse.com
မိသားစုနဲ့အတူတူ ကိုယ်တိုင်ဖန်တီးအလှဆင်ထားတဲ့အိမ်လေးတစ်လုံးလိုချင်တဲ့ Miss Myanmar World 2017 အလှမယ် အိကျော့ခိုင် - Celebrity Interview on Property from iMyanmarHouse.com
မိသားစုနဲ့အတူတူ ကိုယ်တိုင်ဖန်တီးအလှဆင်ထားတဲ့အိမ်လေးတစ်လုံးလိုချင်တဲ့ Miss Myanmar World 2017 အလှမယ် အိကျော့ခိုင် - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)