အိမ်ဆိုတာ ရိုးရှင်းတဲ့ဘဝရဲ့ ပျော်ရွှင်မှုလေးလို့ တင်စားသတ်မှတ်ချင်တဲ့ ကေကေမိုးမြင့် - Celebrity Interview on Property from iMyanmarHouse.com
2892 ကြိမ် ကြည့်ရှု့ပြီး

အိမ်ဆိုတာ ရိုးရှင်းတဲ့ဘဝရဲ့ ပျော်ရွှင်မှုလေးလို့ တင်စားသတ်မှတ်ချင်တဲ့ ကေကေမိုးမြင့်

Posted by နန္ဒာယမင်း (iMyanmarHouse.com)

အနုပညာလောကထဲကို Photo Model အဖြစ် စတင်ဝင်ရောက်လာခဲ့ပြီး ရသမျိုးစုံနဲ့ ပရိသတ်ရဲ့ရင်ထဲကို ထိုးဖောက်ခဲ့သူလေး က အိမ်ဆိုတာနွေးထွေးတဲ့ ကိုယ့်ရဲ့ ဖေဖေ၊ မေမေ နောက်ပြီး မရှိသေးတဲ့ ကိုယ့် ဘဝထဲ ရောက်လာမယ့် ခင်ပွန်းတို့ သားသား မီးမီးတို့နဲ့ အေးအတူပူအမျှ ချစ်ချစ်ခင်ခင် ပွင့်လင်းနွေးထွေးစွာနဲ့ ပျော်ရွှင်မှု၊ ကြည်နူးမှု၊ ဝမ်းနည်းမှုတွေကို အတူလက်တွဲပြီး ရင်ဆိုင်ကြရမယ့် ဘဝအေးချမ်းရာ နွေးထွေးရာ စိတ် ချမ်းမြေ့စွာ အိပ်စက်နားခိုရာ အရိပ် အမြုံ တစ်ခုအဖြစ်ရော ရိုးရှင်းတဲ့ဘဝရဲ့ ပျော်ရွှင်မှုလေး လို့တင်စားသတ်မှတ်ချင်တယ် ဆိုတဲ့ သရုပ်ဆောင် ကေကေမိုးမြင့်နဲ့ တွေ့ဆုံမေးမြန်း ခဲ့ပါတယ် . . .

အနုပညာအလုပ်ကို စလုပ်ဖြစ်တာ ၂၀ဝ၆ ခုနှစ်လောက်က စပြီး VCD ၊မဂ္ဂဇင်း Cover ၊ မြန်မာနိုင်ငံဓာတ်ပုံအသင်းရဲ့ ပြိုင်ပွဲဝင် Model Photo တွေ၊ ကိုရီးယားသရုပ်ဆောင် ရုပ်တူပြိုင်ပွဲတွေ၊ ကာယအလှမယ်ပြိုင်ပွဲတွေနဲ့ စခဲ့ပါတယ်။ အခုချိန်မှာတော့ သရုပ်ဆောင်အလုပ်တွေပဲ အများဆုံးလုပ်ဖြစ်နေပါတယ်။ ကြိုးကြားကြိုးကြားဆိုသလို သီချင်းဆိုဖျော်ဖြေရေး Show လျှောက်တာတွေ၊ မြန်မာဝတ်စုံနဲ့ ကတ်တလောက်စာအုပ်တွေ အတွက်လုပ်ဖြစ်နေပါတယ်။ Fashion အတွက်ပင်တိုင် Designer ကတော့ မေမြတ်ဝါဆို Happy heart , AAT Fashion တို့နဲ့ တိုင်ပင်ပြီး ချုပ်ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေ အများဆုံးဝတ်ဖြစ်ပါတယ်။ Fashion ကျတဲ့ Design လေးတွေကတော့ မေမေကပဲ ရွေးချယ် ပေးပါတယ်။

ဧည်ခန်း

အမှတ်တရလက်ဆောင်တွေ၊ တန်ဖိုးကြီးတဲ့ ပန်းချီကားတွေ၊ ပရိသတ်ကပေးတဲ့ ပန်းလေးတွေ။ အရုပ်တွေ အမှတ်တရသိမ်း ထားပါတယ်။ ဧည့်ခန်းနဲု့ငအခ့နည ကတော့ ကိုရီးယားစတိုင်ပြင်ဆင် ထားတာပါ။ စကျင်ကျောက်နဲ့ ပြုလုပ်ထားတဲ့ ရှေးခေတ်မိန်းကလေး ပုံတွေ ပန်ချီကားအကြီးကြီးတွေကို နေရာအနှံ့ အလှဆင်ထားပါ တယ်။ မီးတိုင်အလှ၊ ပန်းဆိုင်းလေးတွေလည်း ထားထားပါတယ်။

အိပ်ခန်း

မမရဲ့ အိပ်ခန်းကတော့ ပန်းရောင်လေးတွေ ကြိုက်လို့ အသုံးအဆောင်၊ အရုပ်လေးကအစ မီးအိမ်လေးတွေ၊ ခြင်ထောင် ခေါင်းအုံး၊ မွေ့ရာအားလုံးကို ဘြေပ စငညု အရောင်လေးသုံးပြီး၊ နံရံမှာ ကိုယ်စိတ်ကူးအကြိုက်၊ ကိုယ်တိုင်ပန်းလေးတွေ၊ သစ်ရွက် လေးတွေ ကပ်ထားပြီး၊ မျက်နှာကျက်ပေါ်မှာလည်း မီးပိတ်လိုက် ရင် လင်းနေတဲ့ အနုမြူကြယ်လေးတွေ လတွေ ကပ်ထားပါတယ်။

ဘုရားခန်း

မမတို့အိမ်ရဲ့ ဘုရားခန်းလေးကတော့ ပြတင်းပေါက်က ကြည့်ရင် ရွှေတိဂုံစေတီတော်ကြီးကို မျက်နှာမူပြီး ဖူးတွေ့နိုင်ပါ တယ်။ ဘုရားစင်မှာတော ဘုရားမျက်နှာတော်ကို ပိတ်ဆေးရေး ပန်းချီကားအကြီးကြီးကို မှန်ဘောင်သွင်း ပူဇော်ထားပြီး ရှေ့မှာ ဗုဒ္ဓရုပ်ပွားတော်မြတ်များဖြစ်တဲ့ အလိုတော်ပြည့်ဘုရား၊ ဒက္ခိဏသာခါဘုရား၊ အင်းလေးဖောင်တော်ဦးဘုရားစတဲ့ ဆင်းတုတော် ပုံတော်တွေကို ပူဇော်ထားပါတယ်။

အနုပညာအလုပ်ကတော့ ရင်ထဲနှလုံးသားထဲက တောင်းဆိုလို့ လုပ်တာဆိုတော့ အချိန်မရွေး၊ နေရာမရွေး၊ ကာရိုက်တာ မရွေး၊ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားနေပါတယ်။ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ရင်း ကြိုးစားနေပါတယ်။

နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
အိမ်ဆိုတာ ရိုးရှင်းတဲ့ဘဝရဲ့ ပျော်ရွှင်မှုလေးလို့ တင်စားသတ်မှတ်ချင်တဲ့ ကေကေမိုးမြင့် - Celebrity Interview on Property from iMyanmarHouse.com
အိမ်ဆိုတာ ရိုးရှင်းတဲ့ဘဝရဲ့ ပျော်ရွှင်မှုလေးလို့ တင်စားသတ်မှတ်ချင်တဲ့ ကေကေမိုးမြင့် - Celebrity Interview on Property from iMyanmarHouse.com
အိမ်ဆိုတာ ရိုးရှင်းတဲ့ဘဝရဲ့ ပျော်ရွှင်မှုလေးလို့ တင်စားသတ်မှတ်ချင်တဲ့ ကေကေမိုးမြင့် - Celebrity Interview on Property from iMyanmarHouse.com
အိမ်ဆိုတာ ရိုးရှင်းတဲ့ဘဝရဲ့ ပျော်ရွှင်မှုလေးလို့ တင်စားသတ်မှတ်ချင်တဲ့ ကေကေမိုးမြင့် - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)