နေထိုင်မှုက စိတ်ကူးထဲကအတိုင်း မဖြစ်ပေမယ့် အဆင်ပြေပါတယ်ဆိုတဲ့ မင်းလူလူ - Celebrity Interview on Property from iMyanmarHouse.com
2083 ကြိမ် ကြည့်ရှု့ပြီး

နေထိုင်မှုက စိတ်ကူးထဲကအတိုင်း မဖြစ်ပေမယ့် အဆင်ပြေပါတယ်ဆိုတဲ့ မင်းလူလူ

Posted by နန္ဒာယမင်း (iMyanmarHouse.com)

နယ်ပရိသတ်တွေရဲ့ ရင်ထဲကနေတစ်ဆင့် မြို့ပြတွင်ရှိသည့် ပရိသတ်တွေရဲ့ ရင်ထဲကို တစ်စစ၀င်ရောက်လာပြီး အနုပညာ နှင့် ပတ်သက်ပြီး ဘက်စုံဖြစ်ထွန်းချင်တယ်ဆိုတဲ့ အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်မင်းလူလူနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ် . . .





လတ်တလောအနုပညာလှုပ်ရှားမှုကတော့ (၃)လပိုင်း (၂၅)ရက်နေ့ကနေစပြီး ရုပ်ရှင်ကားကြီး ရိုက်ကူးပါမယ်။ ဒီကား ကြီးမှာက သရုပ်ဆောင်အသစ်တွေများပါမယ်။ ဒီလောကထဲ ၀င်လာပြီး အတည်တကျလုပ်ဖြစ်တာ ၆ နှစ်ကျော်ပါပြီ။ ပထမ ခြေလှမ်းအနေနဲ့ Model Boy စလုပ်တယ်။ ပြိုင်ပွဲတွေ တော်တော် များများ ၀င်ပြိုင်တယ်။ ဆုတွေလည်း ရပါတယ်။ အခက်အခဲတွေ လည်း အများကြီး ရင်ဆိုင်ရပါတယ်။ ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။ နောက်ပိုင်းကျတော့ အဆိုလည်း ၀ါသနာပါ တော့ တစ်ကိုယ်တော်ခွေတစ်ခွေ ထွက်ရှိခဲ့ပါတယ်။ နောက်ပိုင်း တော့ သရုပ်ဆောင်အလုပ်ပဲလုပ်ဖြစ်သေးတယ်။ အနုပညာနဲ့ ပတ်သက် ရင် ဘယ်အလုပ်ပဲဖြစ်ဖြစ် လုပ်နေရရင်ကို ကျေနပ် ပါတယ်။





အခုလတ်တလောနေထိုင်ဖြစ်နေပုံကို ပြောဆိုရင် သင်္ကြန် ကာလက နီးနေပြီဆိုတော့ စိတ်ထဲမှာ တစ်မျိုးလေးတော့ ခံစား နေရပါတယ်။ ဒါပေမဲ့ အပူဒဏ်ကလည်း အရမ်းကို ဆိုးရွားနေ တော့ ဖက်ရှင်နဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ခေတ်ရေ စီးကြောင်းနဲ့ရော ကျန်းမာရေးရှုထောင့်ပါကြည့်ပြီး ၀တ်ဖြစ်ပါ တယ်။ ဖိုက်တင်ခန်းတွေ သရုပ်ဆောင်တာများတော့ေ ချွးထွက်များတော့ ထိန်းထိန်းသိမ်းသိမ်းတော့ နေရတယ်။ သိုင်းကား ပုံစံမျိုးတွေဆိုတော့ ခုန်လွှားနေရတော့ ရွေးပြီးဝတ်ဆင်ရပါတယ်။ နေထိုင်မှုပုံစံတွေကတော့ ကျွန်တော်က နယ်ကလာတာပါ။ ရှမ်းပြည်နယ်ဘက်ကပါ။ ရှမ်းဗမာပါ။ အခုတော့ တိုက်ခန်းငှား နေပါတယ်။ နယ်မှာကတော့ မိဘတွေနဲ့နေတဲ့ နှစ်ထပ်တိုက်ခြံဝန်း ကျယ်ကျယ်လေးနဲ့ ရှိပါတယ်။ ရန်ကုန်မှာပဲ အလုပ်လုပ်ဖြစ်တဲ့ အတွက် မိသားစုနဲ့ အခြေချပြီး ကွန်ဒိုဝယ်ဖို့ အစီအစဉ်တော့ ရှိပါတယ်။





ဧည့်ခန်း





လူငယ်မို့လို့လားတော့ မသိဘူး ကာလာကို ငြိမ်နေတာမျိုး လေးတွေ ကြိုက်တယ်။ ပြီးတော့ အိမ်အပြင်အဆင်ဆိုလည်း ရှင်းရှင်းလင်းလင်းလေးကြိုက်တယ်။ ဒီလိုရာသီဥတုမှာက ပိုဆိုး တယ်။ ပူနေတော့ ရှုပ်ရှုပ်ယှက်ယှက်ထက် စိတ်ကြည်လင်နေ အောင် ရှင်းရှင်းလင်းလင်းပဲ ကြိုက်တယ်။ မှိုင်းမှိုင်းကြီးတွေ လည်း မကြိုက်ဘူး။ အခုလက်ရှိဧည့်ခန်းမှာလည်း အ၀ါရောင်လေး သုတ်ထားတယ်။ တော်ဝင်ဆန်တာ မကြိုက်ဘူး။ Fency ဆန်တာ ပဲကြိုက်တယ်။ အမှတ်တရဖြစ်စေမယ့် ဓာတ်ပုံတချို့ ချိတ်ထားတယ်။ တစ်ယောက်တည်းဆိုတော့ အများကြီးမပြင်ဆင်ဖြစ်ဘူး။





ဘုရားခန်း





ပုံမှန်ဘုရားရှိခိုးဖြစ်တယ်။ ဘုရားစင်သန့်ရှင်းဖြစ်တယ်။ ဆီမီး၊ ပန်း၊ နံ့သာတွေနဲ့ ပူဇော်ဖြစ်ပါတယ်။ ညစဉ်ပုံမှန်လုပ်ဖြစ် တာက မေတ္တာသုတ်ရွတ်တယ်။ ပဋ္ဌာန်းရွတ်ဖြစ်တယ်။ ပုံမှန်သွား ဖြစ်တဲ့ ဘုရားတွေလည်း ရှိပါတယ်။ ရွှေတိဂုံဘုရား၊ ဗိုလ်တထောင် ဘုရား၊ရွှေဘုန်းပွင့်ဘုရားတွေကို သွားဖြစ်တယ်။ တစ်ခါတလေ ဆို တစ်နေ့ထဲနဲ့ သုံးခုလုံး ပတ်ပြီး ဖူးဖြစ်တယ်။





အိပ်ခန်း





အိပ်ခန်းဆိုတာ ကျွန်တော့်ရဲ့ နိဗ္ဗာန်ဘုံလို့တောင် ပြောလို့ ရပါတယ်။ ရိုက်ကူးရေးက ပြန်လာတာပဲဖြစ်ဖြစ်၊ အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ပင်ပန်းပြီး ပြန်လာလာ၊ လာတာနဲ့ အိမ်ယာ ပေါ်လှဲလိုက်တာနဲ့ ပင်ပန်းမှုတွေ ပြေသွားပြီး အဲဒီအထဲမှာပဲ တီဗွီလည်းကြည့်တယ်။ သီချင်းလည်း ဆိုတယ်။





စိတ်ကူးထဲက အိမ်လေးဆိုရင်တော့ ကွန်ဒိုတိုက်ခန်းလေး ထဲမှာ မိသားစုစုံလင်စွာနဲ့ နေရာသတ်မှတ်ချက်ကိုယ်စီနဲ့ ပြင်ဆင်ပြီးသား အိမ်ခန်းလေးလိုချင်ပါတယ်။ စိတ်ကူးထဲကအတိုင်း မဖြစ်ပေမယ့် အဆင်ပြေပါတယ်။





ဖြည့်စွက်ပြောချင်တာကတော့ ပရိသတ်ကြီးအတွက် ကြိုး စားနေပါတယ်လို့ ၅ လပိုင်းကျရင် ခေါင်းဆောင်နှစ်ကား သရုပ် ဆောင်ထားတာလည်းထွက်မယ်။ လာမယ့် ဆောင်းတွင်းကျရင် လည်း ဒုတိယစီးတီးထွက်နိုင်အောင် ကြိုးစားလိုပါတယ်။ ပရိသတ်ကြီးရဲ့အားပေးမှုက အင်အားတစ်ခုဖြစ်စေတာမို့အားပေး ကြပါလို့၊ မိမိအိမ်မှာလည်းမိသားစုစုံလင်စွာနဲ့ ပျော်ပျော် ရွှင်ရွှင် နေနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။






နန္ဒာယမင်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com
နေထိုင်မှုက စိတ်ကူးထဲကအတိုင်း မဖြစ်ပေမယ့် အဆင်ပြေပါတယ်ဆိုတဲ့ မင်းလူလူ - Celebrity Interview on Property from iMyanmarHouse.com
နေထိုင်မှုက စိတ်ကူးထဲကအတိုင်း မဖြစ်ပေမယ့် အဆင်ပြေပါတယ်ဆိုတဲ့ မင်းလူလူ - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)