အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၁) - Celebrity Interview on Property from iMyanmarHouse.com
1726 ကြိမ် ကြည့်ရှု့ပြီး

အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၁)

Posted by မေသက်နှင်း (iMyanmarHouse.com)

ပရိတ်သတ်ချစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သည့် မမြတ်ကေသီအောင် နေထိုင်သော အိမ်လေးက ဒဂုံမြို့သစ်မြောက်ပိုင်း ရဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုမှာ တည်ရှိပါတယ်။ ငယ်စဉ်က မြို့ထဲတွင် နေထိုင်ရာမှ အသက်(၃၀)အရွယ်လောက်မှာ သူမမိသားစုနဲ့အတူ လက်ရှိနေအိမ်ကို ပြောင်းရွေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ ယခင်က မြို့ထဲနဲ့ ဝေးတဲ့ ဒီနေရာကို မကြိုက်နှစ်သက်ခဲ့သော်လည်း ယခုအခါမှာ အေးချမ်းစွာနေရတာကို သဘောကျ နှစ်သက်လာပါတယ်။



သူမလက်ရှိ နေထိုင်တဲ့အိမ်ဟာ သူမအဖေ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သူမ၏ မိဘ၊ ညီမနှင့် အတူတကွနေထိုင်ခဲ့ပြီး ညီမဖြစ်သူမှာ နိုင်ငံခြားသို့ ထွက်သွားပါတယ်။ မိဘနှစ်ပါးစလုံး မရှိတော့တဲ့ နောက်ပိုင်းမှာတော့ သူမကြီးဒေါ် မိသားစုနှင့် ဆက်လက်နေထိုင်ခဲ့ကြောင်း သိရပါတယ်။ သူမအိမ်ရဲ့ ဧည့်ခန်းကို စိတ်ကြိုက်ပြင်ဆင်ထားပြီး သူမရဲ့ အလှဓါတ်ပုံတွေ ကိုလည်း နံရံမှာချိတ်ထားပါတယ်။ အမေရှိစဉ်တုန်းက အမေနဲ့ အတူ ဧည့်ခန်းမှာ တီဗွီကြည့်ဖူးခဲ့ပြီး အမေဆုံးပါးသွားတဲ့ နောက်ပိုင်းမှာ ဧည့်ခန်းကို သိပ်မလာဖြစ်တော့ကြောင်း ပြောသွားပါတယ်။



သူမအိမ်ရဲ့ဘုရားခန်းကို အိပ်ပေါ်ထပ်မှာ ပြင်ဆင်ကိုးကွယ်ထားပါတယ်။ ဘုရားစင်မှာ ဘုရားပန်းများများထိုးထားတာက စိတ်ကိုလန်းဆန်းစေတယ်။ ဘုရားပန်းညှိုးတာနဲ့ ပန်းအသစ်လဲဖြစ်တယ်လို့ ပြောသွားပါတယ်။ မနက်ခင်းတိုင်းတွင် ဘုရားရှိခိုးခြင်း၊ အမျှဝေခြင်း၊ ပဠာန်းရွတ်ခြင်းတို့ကို နေ့စဉ်ပုံမှန် ပြုလုပ်ဖြစ်ကြောင်း၊ အလုပ်ကိစ္စဖြင့် ခရီးသွားရာတွင်လည်း မပျက်မကွက် ပြုလုပ်ဖြစ်ကြောင်း သိရပါတယ်။
အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၁) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၁) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၁) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၁) - Celebrity Interview on Property from iMyanmarHouse.com
အနုပညာရှင် မမြတ်ကေသီအောင် နှင့် သူမ၏ အိမ်ဖွဲ့စည်းမှု အကြောင်း တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၁) - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App