4991 ကြိမ် ကြည့်ရှု့ ပြီး

မြန်မာ့အကြီးဆုံး အိမ်ခြံမြေဝဘ်ဆိုက် iMyanmarHouse.com ၏ ၂၀၁၈ ခုနှစ်အတွက် အောင်မြင်မှု မှတ်တိုင်များ

အိမ်ခြံမြေများကို အွန်လိုင်းမှတဆင့် ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်နိုင်ရန် ဝန်ဆောင်မှု အမျိုးမျိုး ပေးနေသည့် မြန်မာ့အကြီးဆုံးအိမ်ခြံမြေ အွန်လိုင်းဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) သည် ၂၀၁၈ ခုနှစ်အတွင်း အောင်မြင်မှု မှတ်တိုင်များစွာ ထပ်မံစိုက်ထူနိုင်ခဲ့ပါသည်။

ထိုအောင်မြင်မှုများကို အောက်ပါအတိုင်း ကဏ္ဍခွဲခြား၍ ဖော်ပြလိုက်ရပါသည်။
ဆက်သွယ် စုံစမ်းမေးမြန်းမှုပေါင်း ၇ သိန်းကျော်

 

iMyanmarHouse.com မှတဆင့် အိမ်ခြံမြေ ရောင်း/ဝယ်/ငှား လိုသူများ အချင်းချင်း၊ တယ်လီဖုန်း၊ အီးမေးလ်၊ Viber ၊ Facebook Messenger ၊ WhatsApp စသည့် ဆက်သွယ်မှု အမျိုးမျိုးကို အသုံးပြုပြီး အပြန်အလှန် ဆက်သွယ် ရောင်းဝယ်နိုင်ရန် ဆောင်ရွက်ပေးထားရာ ၂၀၁၈ ခုနှစ်အတွင်း အိမ်ခြံမြေနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှုပေါင်း ၇ သိန်း ၃ သောင်းကျော် (730,650)ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် 86% အထိ တိုးတက် များပြား လာခဲ့ခြင်းဖြစ်သည်။

 
ကြော်ငြာရှင်ပေါင်း ၄ သောင်းကျော်

၂၀၁၈ ခုနှစ်အတွင်း iMyanmarHouse.com ဝဘ်ဆိုက်တွင် အိမ်ခြံမြေ ကြော်ငြာတင်ခဲ့သော ကြော်ငြာရှင်ပေါင်း ၄ သောင်း ၁ ထောင်ကျော် (41,285) ရှိခဲ့ရာ၊ ယခင်နှစ် ၂၀၁၇ တွင် ရှိခဲ့သည့် အရေအတွက် 28,442 ဦးဖြင့် နှိုင်းယှဉ်ပါက 45% နှုန်းတိုးတက်လာခဲ့ခြင်း ဖြစ်ပါသည်။

 
ဖုန်းအက်ပလီကေးရှင်းဖြင့် အသုံးပြုသူပေါင်း ၃ သန်းကျော်

၂၀၁၈ ခုနှစ်အတွင်း iMyanmarHouse.com မှ ထုတ်ဝေဖြန့်ချိထားသော ဖုန်းအက်ပလီကေးရှင်းဖြင့် အသုံးပြုသူပေါင်းမှာ ၃ သန်းကျော် (3,084,612)ရှိခဲ့ပါသည်။

 
အိမ်ခြံမြေကြော်ငြာပေါင်း ၃ သိန်းခွဲကျော်

iMyanmarHouse.com တွင် အိမ်ခြံမြေကြော်ငြာစုစုပေါင်း ၃သိန်းခွဲကျော်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ တစ်လချင်း နှိုင်းယှဉ်ကြည့်သောအခါ ကြော်ငြာအရေအတွက် 74% အထိ တိုးတက် များပြားလာခဲ့သည်ကို တွေ့ရှိရပါသည်။
ဒေါ်လာ သန်း ၃၅၀ ကျော်တန်ဖိုးရှိသော အိမ်ခြံမြေများ ရောင်းချခဲ့

၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် နှစ်ကုန်အထိ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် တန်ဖိုးရှိသော အိမ်ခြံမြေများကို iMyanmarHouse.com ၏ အိမ်ခြံမြေအရောင်းပြပွဲများနှင့် အွန်လိုင်းဝဘ်ဆိုက်မှတဆင့် ဆက်သွယ်ချိတ်ဆက်ကာ ရောင်းချပေးနိုင်ခဲ့သည်။ ယခုအချိန်တွင် တိုက်ခန်းအသစ်များ၊ ကွန်ဒိုအသစ်များနှင့် စီမံကိန်းအသစ်များပေါင်းများစွာကို ရောင်းချပေးလျှက် ရှိသည်။
ကြည့်ရှု့မှုနှုန်း ၃၁ သန်းကျော်

iMyanmarHouse.com ဝဘ်ဆိုက်နှင့် ဖုန်းအက်ပလီကေးရှင်းထဲသို့ ဝင်ရောက်ကြည့်ရှု့မှုနှုန်း ၃၁ သန်းကျော် (31,613,079)ရှိသဖြင့် မြန်မာနိုင်ငံ၏ လူကြည့်အများဆုံး ဝဘ်ဆိုက်တစ်ခုအဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။

 

မြန်မာ့အကြီးဆုံး အိမ်ခြံမြေဝဘ်ဆိုက် iMyanmarHouse.com ၏ ၂၀၁၈ ခုနှစ်အတွက် အောင်မြင်မှု မှတ်တိုင်များ

အထက်တွင် ဖော်ပြခဲ့သည့် အောင်မြင်မှုများသည် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ကို ဦးဆောင်နေသူများ၊ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေကြသည့် ဆောက်လုပ်ရေးကုမ္ပဏီများ၊ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီများနှင့် iMyanmarHouse.com ရှိ ဝန်ထမ်းများ အားလုံးက iMyanmarHouse.com ၏ ရည်မှန်းချက်ဖြစ်သည့် "မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်" ဟူသော ဆောင်ပုဒ်နှင့်အညီ တီထွင်ဖန်တီးဆန်းသစ်သည့် ဝန်ဆောင်မှုများကို အချိန်နှင့်အမျှ ကြိုးစား လုပ်ဆောင်လျက်ရှိသည့်စွမ်းဆောင်မှုများမှ ထွက်ပေါ်လာသည့် အောင်မြင်မှု အသီးအပွင့်များပင် ဖြစ်ပါသည်။

မြန်မာ့အကြီးဆုံး အိမ်ခြံမြေဝဘ်ဆိုက် iMyanmarHouse.com ၏ ၂၀၁၈ ခုနှစ်အတွက် အောင်မြင်မှု မှတ်တိုင်များ

" ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အများပြည်သူတွေ အလွယ်တကူအိမ်ပိုင်ဆိုင်နိုင်စေဖို့ အိမ်ခြံမြေလောကထဲမှာ အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါတယ်။ အများပြည်သူတွေ လွယ်လွယ်ကူကူနဲ့ အိမ်ပိုင်ဆိုင်နိုင်စေဖို့ မြန်မာနိုင်ငံက ထိပ်တန်းဘဏ်ကြီးတွေနဲ့လည်း ပူးပေါင်းပြီး အိမ်ရာချေးငွေရရှိနိုင်အောင် ဆောင်ရွက်ပေးနေပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းပြီး တန်ဖိုးနည်း တိုက်ခန်း၊ တန်ဖိုးလတ် တိုက်ခန်း၊ တန်ဖိုးမြင့်ကွန်ဒိုတွေ၊ အိမ်ရာစီမံကိန်းတွေကို အများပြည်သူတွေ အလွယ်တကူ ဝယ်ယူနိုင်အောင်လို့ ရောင်းချပေးနေပါတယ်။ အခုဆိုရင် ကျွန်တော်တို့နဲလက်တွဲပြီး အလုပ်လုပ်နေတဲ့ အကျိုးဆောင်လုပ်ငန်းပေါင်း (၂၃၀၀) ကျော်၊ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၆၀၀) ကျော် ရှိပါတယ်။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ စစ်တွေ အစရှိတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ခြံမြေတွေအပြင် ပြည်ပနိုင်ငံတွေမှာရှိတဲ့ အိမ်ခြံမြေများကိုလည်း ရောင်းချပေးနေပါတယ်။ လူတစ်ယောက် အိမ်ပိုင်ဆိုင်သွားလို့ ကျေးဇူးတင်လိုက်တာလို့ ပြောတဲ့စကားဟာ ကျွန်တော်တို့အတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။ " ဟု iMyanmarHouse.com ၏ တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားခဲ့သည်။

မြန်မာ့အကြီးဆုံး အိမ်ခြံမြေဝဘ်ဆိုက် iMyanmarHouse.com ၏ ၂၀၁၈ ခုနှစ်အတွက် အောင်မြင်မှု မှတ်တိုင်များ

    လူတစ်ယောက် အိမ်ပိုင်ဆိုင်သွားလို့ ကျေးဇူးတင်လိုက်တာလို့ ပြောတဲ့စကားဟာ ကျွန်တော်တို့အတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။ - ဦးနေမင်းသူ (iMyanmarHouse.com ၏ တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာ)

အထက်ပါ အောင်မြင်မှုများအားလုံးအတွက်လည်း iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ကို ဦးဆောင်နေသူများနှင့် ဝန်ထမ်းများအားလုံးက "ကျေးဇူးတင်ရမည့်သူများ၊ ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း" နှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလောကကြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဆက်လက်၍ အစွမ်းကုန် ကြိုးစားသွားပါမည့်အကြောင်းကို "iMyanmarHouse.com ၏ ၂၀၁၈ ခုနှစ်အတွက် အောင်မြင်မှု မှတ်တိုင်များ" အဖြစ် မှတ်တမ်းတင် ဂုဏ်ပြုပါသည့် အကြောင်း လေးစားစွာ ဖော်ပြအပ်ပါသည်။

 

မြန်မာ့အကြီးဆုံး အိမ်ခြံမြေဝဘ်ဆိုက် iMyanmarHouse.com ၏ ၂၀၁၈ ခုနှစ်အတွက် အောင်မြင်မှု မှတ်တိုင်များ

မြန်မာ့အကြီးဆုံး အိမ်ခြံမြေဝဘ်ဆိုက် iMyanmarHouse.com ၏ ၂၀၁၈ ခုနှစ်အတွက် အောင်မြင်မှု မှတ်တိုင်များ

မြန်မာ့အကြီးဆုံး အိမ်ခြံမြေဝဘ်ဆိုက် iMyanmarHouse.com ၏ ၂၀၁၈ ခုနှစ်အတွက် အောင်မြင်မှု မှတ်တိုင်များ

မြန်မာ့အကြီးဆုံး အိမ်ခြံမြေဝဘ်ဆိုက် iMyanmarHouse.com ၏ ၂၀၁၈ ခုနှစ်အတွက် အောင်မြင်မှု မှတ်တိုင်များ

အျခား Blog မ်ား

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)