ကြည့်မြင်တိုင်မြို့နယ်ရှိရောင်းရန်အိမ်ခြံမြေများ

ကည့်မြင်တိုင်မြို့နယ်

ရန်ကုန်မြို့၏ သမိုင်း ၊ ရာဇဝင်များနှင့်ပြည့်နက်နေတဲ့ မြို့နယ်တစ်ခုကိုပြပါဆိုရင် ကြည့်မြင်တိုင်မြို့နယ်သည် လည်း တစ်ခုအပါဝင်ပင်ဖြစ်သည် ။ ရန်ကုန်မြို့တွင်း အနောက်ပိုင်းတွင်ကျရောက်သည့် ကြည့်မြင်တိုင်မြို့နယ် သည် မြောက်ဘက်တွင် ကမာရွတ်မြို့နယ် ၊ အနောက်ဘက်တွင် ရန်ကုန်မြစ် ၊ တွံ့တေးမြို့နယ် ၊ အရှေ့ဘက်တွင် စမ်းချောင်းမြို့နယ် ၊ တောင်ဘက်တွင် အလုံမြို့နယ်တို့တည်ရှိသည် ။ ရပ်ကွက်ပေါင်း ၂၁ ခုရှိပြီး မူလတန်းကျောင်း ၁၅ ကျောင်း ၊ အလယ်တန်းကျောင်း ၃ ကျောင်းနှင့် အထက်တန်းကျောင်း ၅ ကျောင်းရှိသည့် မြို့နယ်ဖြစ်သည် ။ ကြည့်မြင်တိုင်မြို့နယ်သည် သမိုင်းကြောင်းဖော်ပြချက်အရ ဟိုယခင် အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲတွင် နာမည်ကြီးခဲ့သောမြို့နယ်ဖြစ်သည် ။ အကြောင်းမှာ ကြည့်မြင်တိုင်တိုက်ပွဲ တွင် မြို့ရိုးခံတပ် အစီးအကြပ် ကောင်းခဲ့သောကြောင့် အင်္ဂလိပ်ဖက်မှ ဒါဏ်ရာရ အသေအပျောက်အလွန်များ ခဲ့သော သမိုင်းကြောင်းရှိခဲ့ဖူးသည် ။ ထို့ကြောင့် အင်္ဂလိပ်စကားရဲ့အဆိုအရ ကြည့်မြင်တိုင်သည် Come and Die(Kem-men-dine) မှဆင်းသက်လာသည်ဟု မြို့ရိုးခံတပ်ကြောင့် သမိုင်းတွင်ခဲ့သည့်မြို့ စာအုပ်တွင် ဖတ်ရှုခဲ့ရဖူးသည် ။ ရန်ကုန်မြို့၏ရှေးဟောာင်းအမွေအနှစ်များအဖြစ်ထိန်းသိမ်းထားသည့်အဆောက်အဦး အချို့များဖြစ်တဲ့ ပန်းပင်ကြီးလမ်းသွယ်ရှိ စလင်းဘုန်းကြီးကျောင်း ၊ အပေါ်ကြည့်မြင်တိုင်လမ်းရှိ စိန့်မိုက်ကယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းအသင်း နှင့် အုန်းပင်လမ်းသွယ်ရှိ အုန်းပင်တန်း စွန်နီဂျမာဗလီ အစရှိသည့် အမွေးနစ် သမိုင်းဝင်အဆောက်အဦးများတည်ရှိသည် ။ အချုပ်အားဖြင့်ဆိုသော် ရာဇဝင်တွင်ခဲ့သော ကြည့်မြင်တိုင်မြို့နယ်သည် ရန်ကုန်မြို့ပြ၏တိုးတက်လာမှုနဲ့အတူ အများအပြားပြောင်းလဲသွားခဲ့ပြီဖြစ်သည် ။ လူတိုက်ခန်းများ ၊ အထပ်မြင့်ကွန်ဒိုများ ၊ လုံးချင်းအိမ်ရာဝန်းများဖြင့် ခေတ်မှီစည်ကားပြောင်းလဲတိုးတက် လာသော မြို့နယ်တစ်ခုဖြစ်သည် ။