ပုဇွန်တောင်မြို့နယ်ရှိငှါးရန်စက်မှုဇုန်များ

ပုဇွန်တောင်မြို့နယ်

ရန်ကုန်တိုင်းဒေသကြီးတွင် အဓိကသတ်မှတ်ထားသည့်မြို့နယ်များတွင်ပါဝင်သည့် ပုဇွန်တောင်မြို့နယ်သည် ၈.၅၃၈ ကီလိုမီတာကျယ်ဝန်းသောမြို့နယ်ဖြစ်သည် ။ Downtown ဧရိယာတွင်အကျယ်ဆုံးမြို့နယ်လည်းဖြစ်ပြီး ဗိုလ်တထောင်မြို့နယ် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ သာကေတမြို့နယ် ၊ ဒေါပုံမြို့နယ်တို့နှင့်ဝန်းရံထားသောမြို့နယ် ဖြစ်သည် ။ ပုဇွန်တောင်မှတဆင့်သွားလာရလွယ်ကူစေရန်အတွက် ပုဇွန်တောင်ဘက်မှ ဒေါပုံသို့ ဂျပန်-မြန်မာချစ်ကြည်ရေးသာကေတ တံတား ဖြင့် ချိတ်ဆက်ပေးထားသည် ။ မူလတန်းကျောင်း ၉ ကျောင်း ၊ အလယ်တန်းကျောင်း ၃ ကျောင်း နှင့် အထက်တန်းကျောင်း လေးကျောင်းတည်ရှိသည် ။ ပုဇွန်တောင်ဈေးနှင့် ရေကျော်ဈေးသည် ရန်ကုန်မြို့တွင်းနေထိုင်သူ တော်တော်များသွားရောက်သည့် လူသိများဈေးဖြစ်သည် ။ ဗြိတိသျှလက်ထက် အဆောက်အဦးများကျန်ရှိနေသေးသည့်မြို့နယ်များထဲကတစ်ခုဖြစ်သည့် ပုဇွန်တောင်မြို့နယ်တွင်လည်း ဗြိတိသျှဗိသုကာလက်ရာများကို မြင်တွေ့နိုင်သည် ။ ဘာသာခြားလူမျိုးပေါင်းစုံ စည်းလုံးစွာနေထိုင်သည့် မြို့နယ်ဖြစ်သည့်အပြင် အတော်အသင့်စည်ကားသည့်မြို့နယ်များထဲက တစ်ခုဖြစ်သည် ။ Downtown ဧရိယာတွင် အခြားမြို့နယ်နှင့်ယှဉ်လျင် လူနေတိုက်ခန်းများ ၊ ကွန်ဒိုများ ၊ လုံးချင်းအိမ်များ အတော်အတင့် မျှတစွာရှိသည့်မြို့နယ်လည်းဖြစ်သည် ။ အချုပ်အားဖြင့်ဆိုသော် ပုဇွန်တောင်မြို့နယ်သည် ဧရိယာကျယ်ဝန်း သည့်အပြင် လူနေထူထပ်ပြီး စည်ကားသွားလာကောင်းသောမြို့နယ်တစ်ခုဖြစ်သည် ။