သင့်တော်သောဈေးနှုန်းဖြင့်နေရာကောင်း Mini Condo တိုက်ခန်းရောင်းပါမည်။(ပိုင်ရှင်ကိုယ်တိုင်)

ပုံကြီးချဲ့ရန် နှိပ်ပါ

  • သင့်တော်သောဈေးနှုန်းဖြင့်နေရာကောင်း Mini Condo တိုက်ခန်းရောင်းပါမည်။(ပိုင်ရှင်ကိုယ်တိုင်) - ရောင်းရန် - သာကေတ (Thaketa) - ရန်ကုန်တိုင်းဒေသကြီး (Yangon Region) - 940 သိန်း (ကျပ်) - S-4041070 | iMyanmarHouse.com

30 Jul 2017 12:47 pm တွင်ကြော်ငြာတင်ခဲ့သည်2529 ကြိမ် ကြည့်ရှု့ပြီးကြော်ငြာနံပါတ် S-4041070

သာကေတ | ရန်ကုန်တိုင်းဒေသကြီး

တိုက်ခန်း

အိပ်ခန်း 2 ခန်း ရေချိုးခန်း 2 ခန်း

ဈေးနှုန်း 940 သိန်း (ကျပ်)

ယခုမိတ်ဆက်ပေးလိုသော Mini Condo(တိုက်ခန်း) လေးကတော့ ကျွန်တော်တို့၏ အမြဲတမ်း ဆန်းသစ်ခေတ်မီ နေသော interior design များဖြင့် decorated & created ပြုလုပ်ကာ ထုဆစ်ချယ်မှုန်းထားသော ....

သာကေတမြို့နယ် ၊ ၆ ရပ်ကွက် ၊ မြင်တော်သာ(ကတ္တရာလမ်းသစ်)လမ်းမကြီးပေါ်တွင်တည်ရှိသော ရန်ကုန်မြို့၏ Top Ten စာရင်းဝင် Peter & Pual Construction မှ အတွေ့အကြုံရင့်ကျက်သော Architect ၏ထူးခြားဆန်းသစ်သော အဆောက်အဦးပုံစံကိုရယူကာ (ပေ ၁၁၀) Pile Foundation ဖြင့်သေသပ်လှပ ခိုင်ခန့်စွာဆောက်လုပ်ထားသော (၈ ထပ်ခွဲ) mini condo ၏ (၇ လွှာ) ၊ (၁၉'×၅၈') (1102 sqft) ကျယ်ဝန်းပြိီး Double Bedroom (2) ခန်း နှင့် air-con (3) လုံးပါရှိပါသည်။
Japan made (To Co) 8 ယောက်စီး ( Capacity 550 kg ) ရှိသော ဓါတ်လှေကားပါရှိပြီး ၊ အကြောင်းမညိီညွတ်၍မီးပျက်သွားပါက အလိုအလျှောက်တံခါးပွင့်သော UBS System ပါရှိသောကြောင့်ဓါတ်လှေကားပိတ်မိသောဒုက္ခကင်းဝေးစေပါမည်။

(30 ltr) water heater , pressure pump နှင့် underground water tank တို့ပါရှိပါသည်။
ဧည့်ခန်းနှင့် အိပ်ခန်းတို့တွင် ရေစိုခံ ၊ အပူခံသော 12 mm အထူ AC 3 quality , high gloss surface ပါကေးခန်းလုံးပြည့်ခင်းကျင်းထားပြီး မီးဖိုခန်း ၊ ရေချိုးခန်းနှင့်သန့်စင်ခန်းတို့တွင် Thailand made ရေမပေါက်သော ဒီဇိုင်းသစ်ကြွေကြားများခင်း ကပ်ထားပါသည်။
ရေချိုးခန်း ၊ သန့်စင်ခန်းတွဲလျှက် ၂ ခန်းပါရှိပြီး ၊ ဗီယက်နမ်လုပ် (cover slowdown system) ဘိုထိုင် ၂ လုံးပါရှိပါသည်။
မီးဖိုခုံနှင့် kitchen cabinet များပါရှိပြိီး လုံခြုံမှုအတွက် ဗာဂျာတံခါးနှင့် သံဘန်း sun shade တို့တပ်ဆင်ထားပါသည်။

မီးဘေးအန္တရာယ်လုံခြုံစိတ်ချရစေရန်အတွက် မီးလိုင်း ၁၁ လိုင်းခွဲထားကာ 4 mm နှင့် 2.5 အရည်အသွေးမြင့်မီးကြိုးများအား လိုအပ်သလိုအနေအထားမှန်ကန်စွာအသုံးပြုတပ်ဆင်ထားပါသည်။
မျက်နှာကြက်ကိုလည်း ခေတ်မီလှပသော ဂျက်ဆင်ဘုတ်ဒိီဇိုင်းရေးဆွဲကာ Light tray , Sport light တို့ဖြင့်ဆင်ယင်ထားပါသည်။မီးပွင့် ၆၀ ကျော်တပ်ဆင်အသုံးပြုထားသော်လည်း မီတာခသက်သာစေသော LED လျှပ်စစ်ပစ္စည်းများကိုသာအသုံးပြုထားပါသည်။

နံရံများကို ရေစိုခံသော ကိုးရီးယားနိုင်ငံမှအသစ်ဝင်ရောက်လာသော PVC Wallpaper နှင့် premier plastic paint များကိုအသုံးပြုထားပါသည်။

Location အနေဖြင့်လည်း သွားလာရလွယ်ကူကာ ယာဉ်ကြောပိတ်ဆို့မှုမရှိသော မြင်တော်သာလမ်းမကြီးပေါ်တွင် တည်ရှိပြီး မဟာဗန္ဓုလတံတားကိုဖြတ်၍မြို့ထဲသို့ ၅ မိနစ်ခန့်အတွင်းသွားရောက်နိုင်ပြီး အခြေခံလိုအပ်ချက်များဖြစ်သော public area နှင့်ဈေးများ၊ကျောင်းများ ၊ ဘဏ်များ ၊ ကုန်တိုက်နှင့်ကားမှတ်တိုင်များနှင့်လည်းနီးကပ်စွာတည်ရှိပါသည်။

တိုက်ခန်းတစ်ခန်း၏လိုအပ်ချက်များအားလုံးနီးပါးပြည့်စုံအောင် ပြင်ဆင်ဖန်တီးထားပြီး လျှပ်စစ်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းထားရှိရန်နေရာများကိုလည်းစနစ်တကျစီမံပြင်ဆင်ထားရှိပါသည်။

ဈေးနှုန်းအနေဖြင့်လည်းလက်ရှိ ကာလပေါက်ဈေးအရ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးသွားပါမည်။

လူနေထိုင်ခွင့်ရရှိပြီးဖြစ်သော အဆောက်အဦးသစ်တွင် အသုံးပြုတပ်ဆင်ထားသော ရေလိုင်း မီးလိုင်းများ ၊ ဘိုထိုင်များ ၊ ဘေစင်များ ၊ တန်ဘိုးကြီးသောကျွန်းတံခါးများ ၊ A/C များ နှင့်တခြားလျှပ်စစ်ပစ္စည်းများအားလုံးမှာ အသုံးမပြုရသေးသော ပစ္စည်းအသစ်စက်စက်များဖြစ်သောကြောင့် စိတ်နှလုံးသန့်ရှင်းစွာဖြင့်နေထိုင်အသုံးပြုနိုင်ပါသည်။

မိမိတိုက်ခန်းအတွင်းမှနေ၍ ရွှေတိဂုံစေတီတော် ၊ ဇိနမာန်အောင်စေတီနှင့် ၁၀၈ တောင်ဘုရားတို့ကိုဖူးမြှော်ကြည်ညိုနိုင်သောအခွင့်ထူးကိုရရှိစေပြီး ပဲခူးမြစ်ပြင်မှဖြတ်သန်းတိုက်ခတ်လာသောလေကောင်းလေသန့်ကိုရှုရှိုက်ရင်း သန်လျှင်တံတား view ကိုလည်းကြည့်ရှုခံစားစေနိုင်ပါမည်။

အထက်ပါအချက်အလက်များနှင့်ပြီးပြည့်စုံပြီး အဆင်သင့်တက်ရောက်နေထိုင်နိုင်သော mini condo (တိုက်ခန်း)၏ဈေးနှုန်းကတော့.....

သိန်း - 980 (nego)
---------------------
ဆက်သွယ်ရန်ဖုန်း
-------------------
ကိုအောင်မြင့်ဦး

095140630 ,
09785140630 ,
09965140630 ,
09445140630
--------------------------------------------

အကျိုးဆောင်များအား ၂% ချီးမြှင့်ပါမည်။
------------------------------------
သာ​ကေတမြို့နယ်​သည်​ ရန်​ကုန်​မြို့၏ (၁၉၅၉) ခုနှစ်​ကအသစ်​တိုးချဲ့တည်​​ဆောက်ခဲ့သောမြို့နယ်​များထဲမှတစ်​ခုအပါအဝင်​ဖြစ်​သည်​။ရန်ကုန်​မြို့ဧ။်​အ​ရှေ့ပိုင်းတွင်​တည်​ရှိပြီး(13.01)ကီလိုမီတာကျယ်​ဝန်းပါသည်​။မြို့နယ်၏မြောက်​ဘက်​နှင့်​အ​နောက်​ဘက်​တွင်​သင်္ဃန်းကျွန်းမြို့နယ်​ ၊ အရှေ့ဘက်တွင်​​ဒေါပုံမြို့နယ်​/သံလျင်​မြို့နယ်​နှင့်​ပဲခူးမြစ်​တို့တည်​ရှိပါသည်​။ရပ်ကွက်​​ပေါင်း (၁၉) ခုရှိပြီးအထက်​တန်း​ကျောင်း(၄)ကျောင်း ၊ အလယ်​တန်း​ကျောင်း (၈)ကျောင်း ၊ မူလတန်း​ကျောင်း (၄၆) ကျောင်းနှင့်​ပုဂ္ဂလိက​ကျောင်းများအပြင်​ HORIZON INTERNATIONAL SCHOOL လည်း​တည်ရှိပါသည်​။ရန်ကုန်​မြို့ဧ။်​အဓိကအားကစားရုံကြီးဖြစ်​သည့်​သုဝဏ္ဏလူငယ်​​လေ့ကျင့်​​ရေးကွင်းနှင့်​သုဝဏ္ဏမိုးလုံ​လေ​လုံအားကစားရုံတို့နှင့်​လည်းအနီးကပ်​ဆုံး​နေရာတွင်​တည်​ရှိပါသည်​။မြို့နယ်အတွင်းထင်​ရှား​သော​နေရာများမှာ ဇိန​မာန်​​အောင်​​စေတီ​တော် ၊ ၁၀၈ တောင်​ဘုရား ၊ တိုင်းရင်​သား​ကျေးရွာ ၊ သာကေတစက်​မှုဇုံ ၊ ရှုခင်းသာ ၊Capital , City Mart , ရွှေပုဇွန်​ ၊ sweety home living mall ၊ ​မြခွာညိုအိမ်​ရာနှင့်​​တောင်​ကိုးရီးယားကုမ္ပဏီ (၅) ခု၏သဘာဝဓာတ်​​ငွေ့လျှပ်စစ်ဓါတ်​အား (၅၀၀) မဂ္ဂါဝပ်​ထုတ်​လုပ်​သည့်​ဓါတ်​​ပေါင်းဖိုကြီးတို့ဖြစ်​ပါသည်။
မြို့တည်ခါစ,တွင်​လူ​နေကျဲပါးခဲ့​သော်​လည်းပြီးခဲ့သည့်​ (၅) နှစ်​ခန့်​အတွင်းလျင်​မြန်​စွာဖွံ့ ဖြိုးစည်​ကားလာကာလူ​နေသန့့်​ပြန့်​ထူထပ်​လာ​သောမြို့နယ်​လည်းဖြစ်​ပါသည်​။သာ​ကေတမြို့နယ်​သည်​လမ်းပန်းဆက်​သွယ်​​ရေး​ကောင်းမွန်​သည့်​အ​လျှောက်​ရန်​ကုန်ုမြို့ထဲသို့မိနစ်​အ​နည်း​အငယ်​အတွင်းသွား​ရောက်​နိုင်​ပြီးငမိုးရိပ်​တံတား(မင်္ဂလာ​တောင်​ညွှန့်​)အသစ်​​ဆောက်​လုပ်​ပြီး​နောက်​ပိုင်းမှာလမ်းပန်းဆက်​သွယ်​​ရေးပိုမိုလွယ်​ကူ​ချော​မွေ့လာ​ကြောင်းကို​လေ့လာ​တွေ့ရှိရပါသည်​။အချုပ်​အားဖြင့်​ဆိုရလျှင်​လက်ရှိအနေအထားအရ သာကေတမြို့နယ်သည် နေထိုင်ရ​န်​နှင့်​လုပ်​ငန်းလုပ်​ကိုင်​ရန်​အသင့်​​တော်​ဆုံးမြို့နယ်​ထဲတွင်​တစ်​ခုအပါအဝင်​ဖြစ်​ပြီးအိမ်​ခြံ​မြေဈေးနှုန်းအရလည်းသင့်​​တော်​​သောအ​နေအထားမှာရှိကြောင်း​​​ကိုလေ့လာသုံးသပ်တင်ပြလိုက်​ရပါသည်။

အချက်အလက်များ

  • ဆောက်လုပ်ပြီး
  • အလုံးစုံ ပြင်ဆင်ပြီး
 ကြော်ငြာပိုင်ရှင်သို့ ဖုန်းဖြင့် ဆက်သွယ်ရန်
 ကြော်ငြာပိုင်ရှင်နှင့် Chatting စကားပြောရန်
နှိုင်းယှဥ်ရန် နှစ်သက် မျှဝေရန် Report

အခြား ရောင်းရန် အိမ်ခြံမြေများ

Featured AdWanted Listing

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store

သာကေတမြို့နယ် ရောင်းရန် အိမ်ခြံမြေများ