ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
၁။ ၃၂(တိုးချဲ့)၊ မြောက်ဒဂုံ၊ ဘေလီတံတားအဆင်း(ညာ
ဘက်၊ တံတားမှ ကားဖြင့် ၅ မိနစ်အကွာခန့်) တွင်
တည်ရှိပြီး ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သည်။
၂။ မြေအကျယ်မှာ (၄၀' - ၈၀') ရှိပြီး အိမ်၏အကျယ်အဝန်းမှာ (၃၅' - ၄၅') ဖြစ်သည်။
၃။ master bedroom (၁) ခန်း(ရေချိုးကန်ပါ)၊ mini master bedroom (၁) ခန်း(ရေချိုးခန်း အိမ်သာ တွဲလျက်)၊ ရိုးရိုးအိပ်ခန်း (၃) ခန်း ပါဝင်သည်။ ရေချိုးခန်းများ အိမ်သာများကို နံရံပြည့် ကြွေပြားကပ်ပေးထားပြီး ကြမ်းခင်းကို non-slip ကြွေပြားခင်းပေးထားသည်။
၃။ မီးဖိုဆောင်ရှိ အပေါ်အောက် cabinet များမှာ ကျွန်းသစ်ကိုသာအသုံးပြုထားပြီး ရေသန့်စက်၊ ညှော်စုပ်စက်များတပ်ဆင်ထားပါသည်။ ထမင်းစားခန်း၊ မီးဖိုခန်းနှင့်တွဲလျှက်
ရေချိုးခန်းကျယ်(၁) ခန်း၊ အိမ်သာ(၁) ခန်းပါဝင်သည်။
၎။ ဧည့်ခန်းနံရံကို ရွှေလာ ငွေလာကျောက်များဖြင့်အလှဆင်ထားပြီး ကြမ်းပြင်ကို ကျွန်းပါကေးခင်းထားပါသည်။
၅။ အိပ်ခန်း(၅) ခန်းအတွက် အခန်းတိုင်းတွင် Mitsubishi air-con (1-hp) (၁) လုံးစီ တပ်ဆင်ထားပြီး ဧည့်ခန်းအတွက်ကို (1.5-hp) တပ်ဆင်ပေးထားပါသည်။ တစ်အိမ်လုံးရှိ ပြူတင်းပေါက်များနှင့် ဝရံတာ တံခါးမကြီး (၂)ပေါက်ကို အပြင်မှ မှန်တံခါး၊ အလယ်တွင် end date colour သုတ်ထားသော solid သံပန်း၊ အတွင်းမှ ကျွန်းတံခါးပေါင်တပ် ခြင်လုံဇကာဖြင့် (၃) ထပ် ပိတ်ထားပါသည်။
၆။ အိမ်ရှေ့တွင် ၄၀' - ၂၃.၅' မြေပိုရှိပြီး landscaping ကို ၁၂' - ၂၃.၅' ကို မြက်ခင်းပြင်ပြုလုပ်ထားပြီး အုတ်တံတိုင်းနှင့်ကပ်ရက်တွင် ရေတံခွန်ငယ်လေးဖြင့်အလှဆင်ထားပါသည်။ ကျန်မြေကို non-slip ကြွေပြာကို ၁' ပတ်လည် အကွက်ဖော်ခင်းပေးထားပြီး ကား (၂)စီး ထား၍ရပါသည်။
၇။ ရေအတွက် အဝီစိတွင်းရှိပြီး steel tank(1000 lit) ၂ လုံး၊ ရေပူစက်၊ Mitsubishi pressure pump (၁) လုံး တပ်ဆင်ထားပါသည်။ တစ်အိမ်လုံးအတွက် ရေပူ/ရေအေးစနစ် သုံးပေးထားပါသည်။ ရေပူစနစ် အန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန် Lighting protection Testing link မြှပ်ပေးထားပါသည်။
၈။ အိမ်နောက်ဖက်တွင် အိမ်အကူများထားရန် ၁၈' - ၁၀' အုတ်အဆောင်ငယ်တစ်လုံးဆောက်ထားပြီး ၎င်းတို့အတွက် ရေချိုးခန်းအိမ်သာ သီးသန့်ပါရှိသည်။
၉။ အိမ်နောက်ခြံအပြင်ဘက်တွင် မြောင်းငယ်တစ်ခုက နောက်ဘက်ခြံများနှင့် ခြားပေးထားသည့်အတွက် မီးဘေးအတွက် စိတ်ချရသည်။ မြောင်းနှင့် အိမ်ခြံဝင်းအကြားကို ၆" - ၉" ဂရက်နိုက်ကျောက်ကြီးများစီချပြီး မြေကာနံရံပြုလုပ်ထားပါသည်။
၁၀။ VIP ရပ်ကွက်ဖြစ်သဖြင့် လျှပ်စစ်မီးပုံမှန် 200- 220 ရှိသော်လည်း 15 KVA voltage regulator ခံပေးထားပါသည်။ ရံဖန်ရံခါ မီးပြတ်တောက်လျှင် အသုံးပြုရန်အတွက် 25 KVA generator တပ်ဆင်ထားပါသည်။
##ဈေးနှုန်းအလျှော့အတင်းရှိပါသည်။
ဤကြော်ငြာကို နှစ်သက်သူများ => (10) ဦး