ဤကြော်ငြာမှာ သက်တမ်းကုန်သွားပါပြီ။
Ocean Condo, (၁၁)လႊာ
တည်နေရာ (လမ်း) - ပြည်လမ်း
အကျယ်အ၀န်း - 1600 Sqft
Particular
မာစတာခန်း (၁)ခန်း၊ အိပ်ခန်း (၂)ခန်း၊ အဲကွန်း (၄)လုံး၊ ပါကေးခင်းထားပြီး ပရိဘော၈အပြည့်အစုံနှင့်အသင့်နေထိုင်နိုင် သော အခန်းတစ်ခန်းဖြစ်ပါသည်။
(1M, 2B, 4A/C, F.F, ပါကေး)
မရမ်းကုန်းမြို့နယ်သည် ရန်ကုန်မြို့၏ မြောက်ပိုင်းတွင်တည်ရှိပြီး အကျယ် ၂၅.၃၄ ကီလိုမီတာကျယ်ဝန်းသည်။ မြို့နယ်၏ မြောက်ဘက်တွင် အင်းစိန်မြို့ နယ် နှင့် မင်္ဂလာဒုံမြို့နယ်၊ အရှေ့ဘက်တွင် မြောက်ဥက္ကလာပနှင့် ရန်ကင်း
မြို့နယ်၊ အနောက်ဘက်တွင် လှိုင်မြစ်နှင့်လှိုင်သာယာမြို့နယ်၊ တောင်ဘက်တွင် ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်တို့ ဝန်းရံတည်ရှိသည်။ မရမ်းကုန်းမြို့နယ်သည် ရပ်ကွက်ပေါင်း ၂၀ ခုဖြင့်ဖွဲ့စည်းထားပြီး မူလတန်းကျောင်း ၃၀ ကျောင်း၊ အလယ်တန်းကျောင်း ၇ ကျောင်းနှင့် အထက်တန်းကျောင်း ၅ ကျောင်း ရှိသည်။ ဗုဒ္ဓဘာသာဘုရားကျောင်းအများအပြားရှိသောမြို့နယ်တစ်ခုဖြစ်ပြီး ဘုန်းကြီးကျောင်းနှင့်စေတီများ အများအပြားတည်ရှိသည်။ မရမ်းကုန်း ၉ မိုင်၊ ပြည်လမ်းဆုံရှိ အောင်ရွှေဘုံသာ ဓမ္မဗိမာန် ဘုန်းကြီးကျောင်း၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ သီရိမင်္ဂလာကမ္ဘာအေးစီတီတော်၊ ရန်ကုန်-ပြည်လမ်းရှိ ကျိုက္ကလဲ့ဘုရား နှင့် ကျိုက္ကလို့ဘုရား၊ ကျိုက်ဝိုင်းလမ်းရှိ ကျိုက်ဝိုင်းဘုရားလမ်းတို့သည် ရန်ကုန်မြို့တွင် လူသိများ သောနေရာများဖြစ်ကြသည်။ ထို့ပြင် ရှေးယခင်ကတည်း ခရစ်ယာန်သာသနာပြု ဘုရားရှိုခိုးကျောင်းကြီးများဖြစ်သည့် စိန့်အက်ဒ်ဝပ် ရောမကက်သလစ် ဘုရားရှိခိုးကျောင်း၊ စိန့်ဂျော့ အန်ဂလီကန် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ လည်းရှိပြီး ယခင်က စစ်မှုထမ်းအရောရှိဟောင်း သင်တန်းကျောင်း (ယခု) တပ်မတော်အရိုးအထူးကုဆေရုံကြီး ရှိသည့်မြို့နယ်လည်းဖြစ်သည်။ အချုပ်အားဖြင့်ဆိုတော် မရမ်းကုန်းမြို့နယ်သည် စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ လည်း အလွန်ပေါများသောမြို့နယ်ဖြစ်သလို ရန်ကုန်မြို့၏ အရေးပါသော ပြည်လမ်းမကြီးနှင့် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်တွင် အချက်အချာကျသော မြို့နယ်ကောင်းတစ်ခု
ဖြစ်ပေသည်။
ဤကြော်ငြာကို နှစ်သက်သူများ => (0) ဦး