အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

ဆရာ... မင်္ဂလာပါရှင့် သိချင်တာလေးမေးခွင့်ပြုပါ ဦးအောင်မြင့်နှင့်ဒေါ်အေးဝင်းမှာသားသမီး ၇ယောက်ရှိပြီး ၆ယောက်မှာ အသီးသီးအိမ်ထောင်ကျပြီးဖြစ်ပါတယ်ရှင့်။ ယခုလက်ရှိဦးအောင်မြင့်နှင့်ဒေါ်အေးဝင်းမှာ သက်ရှိထင်ရှားရှိနေပြီးအိမ်ထောင်မပြုသေးသူသမီးအငယ်ဆုံးဖြစ်သူနှင့်နေထိုင်လျက်ရှိပါတယ်။ ဦးအောင်မြင့်နှင့်ဒေါ်အေးဝင်းပိုင်ဆိုင်သည့်ခြံမြေများသည် မည်သည့်သားသမီးကိုမှခွဲဝေပေးခြင်းမရှိသေးပါ။ သို့ဖြစ်ပါ၍ မိဘနှစ်ပါးသက်ရှိထင်ရှားမရှိတော့သောအချိန်တွင်အဆိုပါခြံမြေများသည်အိမ်ထောင်မပြုသေးသူသမီးငယ်သာပိုင်ဆိုင်ပါသလား။ သို့မဟုတ်သားသမီးအကုန်ုလုံး ပိုင်ဆိုင်ပါသလားရှင်။

မေးသူ - Thiri Wai

[Unicode] အတူမနေသည့်မိဘတို့အား သားသမီးတို့ ပြုစုစောင့်ရှောက်အပ်သည့် ဝတ္တရားများကို ဆက်လက်ဆောင်ရွက်ပြီး မိဘနှင့် သားသမီးသံယောဇဉ်မပြတ်စဲဘဲ ဆက်သွယ်မှုရှိလျှင် တစ်နည်းအားဖြင့် အတူမနေသည့် မိဘက ထိုသားသမီးအား မိသားစုတစ်ဦးအဖြစ် ပြန်လည်လက်ခံလျှင် မိဘထံမှ...

ဆရာရေ ..... ကျွန်တော်က မန်းလေးစက်မှု့ထဲမှာ(ပေ ၆၀ x ပေ ၄၀) မြေကွက်ကိုတဝက်ခြမ်းပြီး ဝယ်ယူထားပါတယ်။ကျွန်တော်အရင်တခြမ်းဝယ်ထားသူကဂရန်မူရင်းရပြီးကျွန်တော်က ဂရန်မိတ္တူနဲ့စလစ်မူရင်းရပါတယ်။ ကျွန်တော်သိချင်တာက ခိုင်မာမှု့ရှိ/မရှိနဲ့ နောင်အခါ ဂရန်မူရင်းကိုင်ထားသူနဲ့ အရှုပ်အရှင်းရှိနိုင်လားဆိုတာပါ..ကျေးဇူးပြု၍ဖြေကြားပေးပါ ဆရာ ....

မေးသူ - Ko Si thu Htet

[Unicode] မြေဂရန်မူရင်းကိုင်ထားသူသည် ပေ(၄၀×၆၀)တစ်ခုလုံးကို ကိုင်ဆောင်ထားခြင်းဖြစ်၍ မေးမြန်းသူ ဝယ်ယူထားသည့် ဧရိယာပေ(၂၀×၆၀)နှင့် ပက်သက်သည့် မြေပိုင်ဆိုင်မှုကို ၎င်းမှ ရယူထားသလို ဖြစ်နေသည့်အတွက် ၎င်းဂရန်မူရင်းပျောက်ဆုံးသွားခြင်းဖြစ်စေ၊...

နိုင်ငံခြားရောက်နေပြီး မြန်မာမှာရှိတဲ့မြေကို နာမည်ပေါက်ဝယ်ချင်ပါသည်။ကိုယ်တိုင်စာချုပ်မှာ လက်မှတ်ထိုးခြင်းမရှိပဲ တခြားနည်းများနဲ့ နာမည်ပေါက်လုပ်လို့ရပါသလားရှင့်။

မေးသူ - May

[Unicode] နိုင်ငံခြားရောက်နေပြီး မြန်မာနိုင်ငံတွင်မြေအမည်ပေါက်ကို ဝယ်ယူနိုင်ပါသည်။ သို့သော် ဝယ်ယူသူ မြန်မာနိုင်ငံသို့ပြန်လည်မလာရောက်နိုင်သေးသည့်အတွက် မြန်မာနိုင်ငံတွင်ဆွေမျိုး အနီးစပ်ဆုံး တော်စပ်သူ မိဘဆွေမျိုးများထံ အခွင့်အာဏာ ပေးအပ်ပြီး...

ယခုလက်ရှိ ကျွန်မနေထိုင်သောအိမ်မှာ ကျွန်မအဖေနာမည်ဖြင်ဝယ်ခဲ့သောအိမ်ဖြစ်ပါတယ်။ အဖေဖြစ်သူကတော့သေဆုံးသည်မှာ 12 နှစ်ရှိပါပြီ အရပ်စာချုပ်ဖြင့် ဝယ်ခဲ့ခြင်းဖြစ်ပါသည် အိမ်ခေါင်ရင်းတွင်ချောင်းငယ်ကလေးရှိပါသည်။ စာချုပ်တွင် အိမ်ခေါင်းရင်းသည် ချောင်းငယ်ကလေးထိဟု ရေးသားထားပါသည် ယခုအခါ လူတချို့မှ ကျွန်မအားထိုနေရာထိမပိုင်ဆိုင်ကြောင်းထိုလူတချို့ကသူတို့‌ပိုင်ဆိုင်ကြောင်းပြော၍ ကျူးကျော်ဝင်ရောက်လာပါသည်။ ဂရံအမည်ပေါက် မည်သို့လျောက်ထားရမလဲဆိုတာ ဖြေကြား‌ပေးပါရှင့်။ ထိုလူတချို့အားမည်သို့ အရေးယူ၍ရပါသလဲရှင့်။

မေးသူ - Hnin Htet Htet Aung

[Unicode] အရပ်စာချုပ်ချုပ်ဆိုစဉ်က စာချုပ်တွင် ရေးသားဖော်ပြထားခြင်းဆိုပါကထိုအချိန်က ရောင်းချသူမှ တရားဝင်အမည်ပေါက်လျှောက်ထားခြင်း မရှိသည့်အတွက် သက်ဆိုင်ရာမြေစာရင်းဌာနတွင် ယင်းမြေသည် တရားဝင်မြေပိုင်ဆိုင်မှုဧရိယာထဲပါဝင်မှုရှိ/မရှိစုံစမ်းစစ်ဆေးပြီး...

ကျွန်တော်သိချင်တာလေးမေးကြည့်ပါရစေခင်ဗျ ။ ကျွန်တော်ပိုင်တဲ့ တိုက်ခန်းလေးကို ပြန်ရောင်းတာရောင်းမထွက်ဖြစ်နေ့လို့ပါ။ ကျွန်တော်ကတိုက်ခန်းကို ပြန်ရောင်းပြီးမြေကွက်လေးဝယ်ထားချင်တာပါ ။ အခုတိုက်ခန်းရောင်းမထွက်တာကြောင့် ကျွန်တော်တွေးမိတာလေးမေးကြည့်ချင်လို့ပါ ။ ကျွန်တော်ဝယ်ချင်တဲ့ မြေကွက် နဲ့ ကျွန်တော် ပိုင်တဲ့တိုက်ခန်းကို ( ဈေးနှုန်းချင်းလည်းသိပ်မကွာတာကြောင့် ) အလိုက်ပေးပြီးလဲမယ်ဆိုရင် တရားဥပဒေအရ ဖြစ်နိုင်ပါသလားခင်ဗျ ။ ဖြစ်နိုင်မယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေကိုသိပါရစေခင်ဗျ ။ ကျွန်တော့်တိုက်ခန်းက ကျွန်တော့် အမည်ပေါက်နဲ့ ထွက်ထားတာပါခင်ဗျ ။ ကျွန်တော့်တို့ရပ်ကွက်ကအိမ်တွေကိုဖျက်ပြီးတိုက်ခန်းတွေ ပေးတော့ ရထားတဲ့အခန်းပါ ။ ကျွန်တော်ဝယ်ချင်တဲ့ မြေကွက်ကတော့ ဥယဉ်ခြံမြေအမျိုးအစားပါခင်ဗျ ။ ရောင်းမယ့်ဘက်ကလည်းပါမစ်မူရင်းအမည်ပေါက်ပိုင်ရှင် ကိုယ်တိုင် ပြန်ရောင်းမှာပါ ။ ဒါ့ကြောင် ဖြစ်နိုင်မဖြစ်နိုင်လေးသိပါရစေခင်ဗျ ။ ကျေးဇူးတင်ပါတယ်ခင်ဗျ ။

မေးသူ - Ko Htet Naing Htut

[Unicode] အခြေပစ္စည်း (မရွှေ့ပြောင်းနိုင်သောပစ္စည်း) များဖြစ်သည့် မြေကွက်နှင့် တိုက်ခန်း ပစ္စည်းလဲလှယ်ခြင်းကို မှတ်ပုံတင်စာချုပ် ချုပ်ဆိုပြီး လဲလှယ်ရပါမည်။ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်အတွက် မြေကွက် ပိုင်ရှင်သည် ၎င်းအမည်ပေါက်ဖြစ်ရပါမည်။...