အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

(၂၀× ၆၀) ခြံကွက်အားနှစ်ယောက်စပ်တူဝယ်ထားပါသည်။ တစ်ယောက်ကဂရန်အမည်ပေါက်/ကျန်တစ်ယောက်မှာမြေစာရင်းအမည်ပေါက်ဖြစ်နေပါသည်။ တစ်ယောက်တည်းရောင်းချလိုပါက မည်သို့လုပ်ရမလဲ ?

မေးသူ - Ye Min Tun

[Unicode] မြေပိုင်ဆိုင်မှုတွင် ဂရန်အမည်ပေါက်သည့်သူသာ နိုင်ငံတော်အစိုးရမှ မြေအငှားချစာချုပ်ချုပ်ဆိုခြင်း ခံရသူတစ်ဦးဖြစ်၍ တစ်ဦးထဲ ရောင်းချလိုပါက ၎င်းဂရန်အမည်ပေါက်သူကို ကျန်ရှိသူတစ်ဦးက တရားဝင်စွန့်လွှတ်စာချုပ်ချုပ်ဆိုပေးပြီး ရောင်းချနိုင်ပါသည်။...

မန္တလေးတိုင်းဒေသကြီးအောင်မြေသာဇံမြို့နယ် ဥယျာဉ်ကုန်း ၈လမ်း ၈၆ ၈၉လမ်းကြားရှိ အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။

မေးသူ - Tin Htoo Naing

[Unicode] ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ် ကြေးတိုင်နဲ့ မြေ စာရင်းဦးစီးဌာန မှာ မြေအမည်ပေါက်မှန်ကန်မှု ရှိ မရှိသွားရောက်စစ်ဆေးရပါတယ်။ မြေကွက်ရိုက်ရောင်းရင်လည်း...

ကျွန်မအဖေဝယ်ယူထားသောမြေပေါ်တွင် ကျွန်မတို့မိသားစုနေခဲ့သည်မှာအနှစ်သုံးဆယ်ရှိပါပြီ ကျွန်မအဖေကွယ်လွန်သည်မှာဆယ်နှစ်ရှိပါပြီလက်ရှိနေအိမ်အားပြုပြင်၍ အဆောင်သစ်ချဲ့ရန် ပြုလုပ်နေစဉ် စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်သူရှိ၍ ဆက်လက်မဆောက်ရန် ဖျက်သိမ်းပေးရန်တားမြစ်လာပါသည်။ မည်သို့ဆက်လက်လုပ်ဆောက်ရမည်နည်းအိမ်အားအရပ်စာချုပ်ဖြင့် ဝယ်ခဲ့ခြင်းဖြစ်သည်။

မေးသူ - Hnin Htet Htet Aung

[Unicode] ကန့်ကွက်မှုရှိနေသောကြောင့် ၎င်းကန့်ကွက်မှုပြေလည်အောင်ညှိနှိုင်းမှု ဆောင်ရွက်ပြီးမှ အဆောင်သစ်ချဲ့ရန် ဆက်လက်ဆောင်ရွက်၍ရပါမည်။ ကန့်ကွက်တိုင်ကြားသူသည် ဥပဒေအရ ခိုင်မာမှုရှိစွာ တိုင်ကြားခြင်းလား၊ ပိုင်ဆိုင်မှုနှင့် သက်ဆိုင်မှုရှိ/မရှိ...

ဆရာ... မင်္ဂလာပါရှင့် သိချင်တာလေးမေးခွင့်ပြုပါ ဦးအောင်မြင့်နှင့်ဒေါ်အေးဝင်းမှာသားသမီး ၇ယောက်ရှိပြီး ၆ယောက်မှာ အသီးသီးအိမ်ထောင်ကျပြီးဖြစ်ပါတယ်ရှင့်။ ယခုလက်ရှိဦးအောင်မြင့်နှင့်ဒေါ်အေးဝင်းမှာ သက်ရှိထင်ရှားရှိနေပြီးအိမ်ထောင်မပြုသေးသူသမီးအငယ်ဆုံးဖြစ်သူနှင့်နေထိုင်လျက်ရှိပါတယ်။ ဦးအောင်မြင့်နှင့်ဒေါ်အေးဝင်းပိုင်ဆိုင်သည့်ခြံမြေများသည် မည်သည့်သားသမီးကိုမှခွဲဝေပေးခြင်းမရှိသေးပါ။ သို့ဖြစ်ပါ၍ မိဘနှစ်ပါးသက်ရှိထင်ရှားမရှိတော့သောအချိန်တွင်အဆိုပါခြံမြေများသည်အိမ်ထောင်မပြုသေးသူသမီးငယ်သာပိုင်ဆိုင်ပါသလား။ သို့မဟုတ်သားသမီးအကုန်ုလုံး ပိုင်ဆိုင်ပါသလားရှင်။

မေးသူ - Thiri Wai

[Unicode] အတူမနေသည့်မိဘတို့အား သားသမီးတို့ ပြုစုစောင့်ရှောက်အပ်သည့် ဝတ္တရားများကို ဆက်လက်ဆောင်ရွက်ပြီး မိဘနှင့် သားသမီးသံယောဇဉ်မပြတ်စဲဘဲ ဆက်သွယ်မှုရှိလျှင် တစ်နည်းအားဖြင့် အတူမနေသည့် မိဘက ထိုသားသမီးအား မိသားစုတစ်ဦးအဖြစ် ပြန်လည်လက်ခံလျှင် မိဘထံမှ...

ဆရာရေ ..... ကျွန်တော်က မန်းလေးစက်မှု့ထဲမှာ(ပေ ၆၀ x ပေ ၄၀) မြေကွက်ကိုတဝက်ခြမ်းပြီး ဝယ်ယူထားပါတယ်။ကျွန်တော်အရင်တခြမ်းဝယ်ထားသူကဂရန်မူရင်းရပြီးကျွန်တော်က ဂရန်မိတ္တူနဲ့စလစ်မူရင်းရပါတယ်။ ကျွန်တော်သိချင်တာက ခိုင်မာမှု့ရှိ/မရှိနဲ့ နောင်အခါ ဂရန်မူရင်းကိုင်ထားသူနဲ့ အရှုပ်အရှင်းရှိနိုင်လားဆိုတာပါ..ကျေးဇူးပြု၍ဖြေကြားပေးပါ ဆရာ ....

မေးသူ - Ko Si thu Htet

[Unicode] မြေဂရန်မူရင်းကိုင်ထားသူသည် ပေ(၄၀×၆၀)တစ်ခုလုံးကို ကိုင်ဆောင်ထားခြင်းဖြစ်၍ မေးမြန်းသူ ဝယ်ယူထားသည့် ဧရိယာပေ(၂၀×၆၀)နှင့် ပက်သက်သည့် မြေပိုင်ဆိုင်မှုကို ၎င်းမှ ရယူထားသလို ဖြစ်နေသည့်အတွက် ၎င်းဂရန်မူရင်းပျောက်ဆုံးသွားခြင်းဖြစ်စေ၊...