အိမ်ခြံမြေ အမေးဖြေများ

အိမ်ခြံမြေအမေးအဖြေ ရှာရန်

မင်္ဂလာပါ။ ဖခင်အမည်ပေါက်သော အိမ်ဂရန်ကို သက်တမ်းတိုးချင်တာပါ။ ဖခင်က ကွယ်လွန်သွားပါပြီ။ မိခင်ဖြစ်သူ သက်ရှိထင်ရှားနေထိုင်ပါသည်။ ဤအခြေအနေတွင် ဂရန်သက်တမ်းတိုးမည်ဆိုပါက မိခင်အမည်နှင့် သက်တမ်းတိုး၍ရနိုင်ပါသလား။ မည်သည့်အရာများလိုအပ်ပါသလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျ။

မေးသူ - Aung Naing

[Unicode] ဂရန်သက်တမ်းမကျော်လွန်ခင် (၃)လအလိုတွင် ဂရန်သက်တမ်းတိုးလျှောက်ထားရပြီး ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပါသည်။ အမည်ပေါက်မဟုတ်ပါက လွှဲပြောင်းဆက်ခံသူဖြစ်ရန် လိုအပ်ပါသည်။ သေဆုံးသူ၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ သေစာရင်း၊...

မိဘနှစ်ဦး (ကွယ်လွန်) အမည်ပေါက် အိမ်နှင့်ခြံ (ရန်ကုန်တိုင်း) အားရောင်းချရန်အတွက် မြေပုံ မြေရာဇဝင်လျှောက်ထားလိုပါ၍ ကျန်ရစ်ခဲ့သော သားသမီးများမှ လျှောက်ထားလို့ရပါသလားရှင်။

မေးသူ - Swe Swe Min

[Unicode] ကွယ်လွန်သူ၏ အမည်ပေါက်မြေကွက်အား မြေပုံကူးလိုပါက သာမာန်တွင် ဌာနမှ မြေပုံကူးပိုင်ခွင့်ရှိကြောင်း တရားရုံးအမိန့်ဒီကရီ၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပြုလုပ်ထားသော မှတ်ပုံတင်စာချုပ်များတင်ပြနိုင်မှ မြေပုံကူးခွင့်ပြုသည်။...

မြေအကျယ်အဝန်း(၁၀)ပေ အရှည်( ၆၀ )ရှိပါက အဆောက်အဦးဘယ်နှစ်ထပ်ထိ ဆောက်လုပ်လို့ရပါသလဲ။

မေးသူ - Saw Thaw Thar Tun

[Unicode] အဆောက်အအုံအထပ်အမြင့်သတ်မှတ်ချက်ကို ပေအကျယ်ပေါ်မူတည်၍ သတ်မှတ်သလို အိမ်ရှေ့လမ်းမကြီး အကျယ်နှင့် မြို့နယ်ပေါ်မူတည်၍လဲ သတ်မှတ်ပါတယ်။ မိမိအဆောက်အအုံအသစ် ဆောက်လုပ်လိုပါက စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံဌာနမှ ထွက်ရှိထားသော ဥပဒေအား...

အကယ်၍ယခုနေတဲ့တိုက်ခန်းက အိုဟောင်းသွားလို့ ရှိရင် တိုက်ကိုဖျက်ရမယ်ဆိုပြီသိထားပါတယ်။ တိုက်ကိုဖျက်ပြီး အသစ်ဆောက်ရင်ကော ‌‌ကျွန်တော်တို့တိုက်ခန်းက ပြန်ရနိုင်လာ ဘယ်လိုမျိုးဆို ပြန်ရနိုင်လဲ ။ အလကာသက်သက်ဆုံးရှုံးရမှာလာ။ အဲ့တာလေးရှင်းပြစေလို့ပါတယ်။ ကျေးဇူးတင်ပါတယ်။

မေးသူ - VanTi

[Unicode] မေးမြန်းသူအား တိုက်ခန်းဝယ်ယူစဉ် မည့်သည့်အချက်များ အဓိက လုပ်ဆောင်ခဲ့လဲ မေးမြန်းရာ ၎င်းမှ မြေရှင်အသိအမှတ်ပြုမှု အသေအချာရယူခဲ့ကြောင်း ဖြေဆိုပါသည်။ ထို့ကြောင့် တိုက်ခန်းပြိုပျက်သည့်အခါ စိုးရိမ်ရန် မရှိကြောင်း၊ အချိုးကျထည့်ဝင်ပြီး...

၁။ တိုက်ခန်းရောင်းဝယ်ရာတွင် မြေရှင်အား ၁% ၂% ပေးနေရခြင်းမှာ ဥပဒေရှိပါသလား ? ရှိလျှင်မည်သည့်ဥပဒေနှင့်အကြုံးဝင်ပါသလဲ ?

မေးသူ - Win Myint

[Unicode] တိုက်ခန်းဝယ်ယူရာတွင် မြေရှင်ကို ပေးရခြင်းမှာ ဥပဒေတစ်စုံတစ်ရာကြောင့် ပေးနေရခြင်းမဟုတ်ပါ။ တိုက်ခန်း ဥပဒေ ထွက်ရှိမထားခြင်းကြောင့် ဂရန်အမည်ပေါက်ဖြစ်သည့်မြေရှင်၏ မြေပေါ်ဆောက်လုပ်ထားသော တိုက်ခန်းအား နေထိုင်ခြင်းဖြစ်သည့်အတွက်...