1635 ကြိမ် ကြည့်ရှု့ပြီး

အမေနဲ့ ညီအစ်မ ၄ ယောက် အဖွားဆုံးသွားလို့ အိမ်ရောင်းပြီး အမွေခွဲတာ ၅ ပုံ ပုံပြီး ပိုတဲ့ ၁ ပုံကို အမေက အကြီးဆုံးဆိုတော့ မယူပဲနဲ့ အငယ် ၃ ယောက်ကို ထပ်ပေးပါတယ်။ အခု အဲ့ဒီအိမ်ရောင်းခွန်ဆောင်ရမှာဆိုပြီး အဒေါ်တွေက ရုံး ကနေ စာထွက်ပြီး တောင်းပါတယ် အမေရတဲ့ ပိုက်ဆံက အိမ်ဆောက်လို့ ကုန် သွားပါတယ်။ ပေးစရာ မရှိတော့ပါဘူး။ အဲဒါ ဆို ဘာတွေ ဆက်ဖြစ်မှာလဲ ဆရာ ။ ကျေးဇူးပြုပြီး ပြောပြပေးပါအုံး ညီမတို့ကလဲ ဝန်ထမ်းတွေပါ။ ၁ ယောက်ကို အ ခွန် က သိန်း ၇၀၀ ကျော်ပေးရမယ်လို့ ပြောပါတယ်။

မေးသူ - မနွယ်
မြေနဲ့အိမ် အရောင်းအဝယ် စာချုပ် မှတ်ပုံတင်ရင် ဝယ်ခွန်က တန်ဖိုးအလိုက် ၁၅%၊ ၂၀%၊ ၃၀% ပေးရပါတယ်။ ထို့အတူ ရောင်းခွန်ကလည်း ၁၀%ေ ပးဆောင်ရပါတယ်။ မနွယ်တို့ဆီကို ရောင်းခွန် ၁၀% ဆောင်ဖို့ အခွန်ရုံးက အကြောင်းကြားစာ ပို့သလား။ အရင်အစိုးရ လက်ထက်ကတော့ တာဝန်သိ သိနဲ့ သွားဆောင်တဲ့ သူ အနည်းငယ်သာ ရှိပါတယ်။ ရောင်းခွန် ၁၀ % မဖြစ် မနေ ဆောင်ဖို့လာပါလို့ အခွန်ရုံးတွေက အကြောင်းကြားတာလည်း နည်း ပါတယ်။
အဲ့ဒါကြောင့် မြေနှင့်အိမ် အရောင်းအဝယ် လုပ်သူ တော်တော်များများဟာ မဖြစ်မနေ ဝယ်သူကသာ ပေးဆောင်ကြရပြီး ရောင်းသူတော်တော် များများ ကတော့ မသိချင်ယောင်ဆောင်ပြီး ရောင်းခွန်မဆောင်ကြသူ များပါတယ်။ အခု မနွယ် အမေ က အိမ်ရောင်းရငွေ မယူဘူးဆိုတော့ ကျန်တဲ့ (၃)ဦးက မျှပြီး ပေးဆောင်ရမှာပေါ့။ တစ်ယောက်ကို သိန်း ၇၀၀ တောင် ရမယ်ဆိုပေမယ့် ၁၀% ဆိုတော့ သိန်း ၇၀ ဆီ ဆောင်ရမှာပေါ့နော်။ လောလောဆယ် မဆောင်နိုင်သေးရင်တော့ အကြောင်းကြားစာ (၃)ကြိမ်လောက် ပို့ပြီး ဆောင်ပါလို့ အခွန်ရုံးက ပြောပါ လိမ့်မယ်။ အတင်းအ ကျပ် ဆေင်ခိုင်းရင်လည်း အကြောင်းပြချက်တစ်ခုခုေ တာ့ ရှိရမှာပေါ့။ အဆင်ပြေတဲ့အခါ ဆောင်ပါမည်။ ခေတ္တ ဆိုင်းငံ့ပေး ပါဦး တင်ပြပေါ့။ တစ်ခါတည်း မဆောင်နိုင်ရင်လည်း အရစ်ကျနဲ့ ပေးဆောင်ခွင့်ပြုပါလို့ တင် ပြပေါ့။ ပြီးတော့ ရောင်းခွန် ဆောင်ရမှာက ကိုယ် တစ်ယောက်တည်း မ ဟုတ်ပါဘူး မြို့နယ်အတွင်းမှာ တရားဝင် ရောင်းဝယ်တဲ့ သူတွေ အများကြီး ရှိမှာပါ။ သူတို့အားလုံး ရော ပေးဆောင်ပြီးပြီလား။ ဘယ်နေ့ နောက်ဆုံး ထားပေးဆောင်ကြမှာလဲ။ မြို့နယ်အခွန်ရုံးမှာ အခွန်မဆောင်မီ မေးမြန်း စုံစမ်းကြည့်ပါလို့ အကြံပေးလိုက်ပါတယ်။ အခွန်မဆောင်ရင် မရဘူး၊ တရားစွဲခံရမယ်လို့ အတင်းအကျပ် လုပ်လာရင်ေ တာ့လည်း ဆောင်လိုက်ကြပေါ့နော်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)