2356 ကြိမ် ကြည့်ရှု့ပြီး

ပိုင်ဆိုင်မှု အမည်ပေါက်ထားသော လူသည် သူ၏ General Power ကို လူဦးရေ မည်မျှ ထိပေးလို့ ရပါသလား၊ မိ သားစုမဟုတ်သော အခြားလူကို ပေးအပ် ထာြး ခင်း ရှိမရှိ မည်သို့ သိနိုင်ပါသလဲ?

မေးသူ - ကိုသော်ဇင်
အိမ်ခြံမြေ မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် ပတ်သတ်၍ အမည်ပေါက် ပိုင်ဆိုင်ထားသူမှ ကိုယ်စားလှယ်လွှဲစာ ပေးမယ် ဆိုရင် လူတစ်ဦးကို အထူး ကိုယ်စားလှယ်လွှဲစာ (Special Power) တစ်ကြိမ်ပဲ ပေးလို့ ရပါတယ်။ ဒါပေ မယ့် အထွေထွေ ကိုယ်စားလှယ်လွှဲစာ (General Power) ပေးမယ်ဆိုရင် လူ ဦးရေ ကန့်သတ်ထားတာ မတွေ့ရပါဘူး။ ဒီနေရာမှာ ကိုသော် ဇင်ကို ရှင်းပြ ချင်ပါတယ်။
ပိုင်ဆိုင်မှု အမည်ပေါက်က ကိုယ်စားလှယ်လွှဲစာပေးရခြင်းအကြောင်းက မိမိ ပိုင်ဆိုင်အမည်ပေါက် မြေကွက်နှင့်ပတ်သတ်ပြီး ကိုယ်စားဆောင်ရွက်ခွင့်ပြု တာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်စားလှယ်ရသူကလည်း လွှဲပေးတဲ့ မြေကွက် အတွက်ပဲ သီးသန့် ဆောင်ရွက်နိုင်တာမျိုး ဖြစ်ပါတယ်။ အဲ...ကိုသော်ဇင်မေးသလို ပိုင်ဆိုင်မှု အမည်ပေါက်ထားသူက Special Power မပေး ဘဲ၊ General Power လည်းပေးကြတာလည်း ရှိပါတယ်။ General ဆိုကတည်းက အထွေထွေကိစ္စအားလုံး ဆောင်ရွက်နိုင် အောင် လွှဲပေးတာပါ။ General Power ပေးတယ်ဆိုတာ၊ မိမိမှာ မြေပိုင်ဆိုင်မှု မရှိ ရင်လည်း ပေးလို့ရတာပဲ။ မိမိပိုင်တဲ့ ရွှေ့ ပြောင်းနိုင်တဲ့ ပစ္စည်းရော မရွှေ့ မပြောင်းနိုင်တဲ့ ပစ္စည်းအတွက်ရော ကိုယ်စားဆောင်ရွက် ခွင့် ပေး တာမျိုြး ဖစ်လို့ မိမိပိုင်ဆိုင် တဲ့ မြေကွက်အတွက်သာ သီးသန့်လွှဲတာမျိုး မဟုတ်တော့ ပါဘူး။ သီးသန့်မဟုတ်တဲ့အတွက် လူဦးရေ ကန့်သတ်ချက် မရှိ မည်သူမဆို Power လွှဲပေးနိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ကို တစ်ခါပဲ လွှဲပေးနို င်ပါတယ်။ General Power ကို မိသားစုမဟုတ်တဲ့ အခြားမည်သူကိုမဆို လွှဲပေးနိုင် ပါ တယ်။ စာချုပ်ရုံး General Power ဆိုရင်တော့ လွှဲခဲ့တဲ့ စာချုပ်အမှတ်နဲ့ ခုနှ စ်ပြောပြီး ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ Nolang ရှေ့နေနဲ့ လုပ်ထားတဲ့ General Power ဆိုရင် တော့ မည်သူကို လွှဲအပ်ထားတယ်ဆိုတာ သိနိုင်ဖို့ မလွယ်ပါ ဘူးလို့ ဖြေကြားပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)