2724 ကြိမ် ကြည့်ရှု့ပြီး

ဆရာခင်ဗျား...မြေစာရင်းပုံစံ(၈)ရထားသော မြေကွက်အား ပုံစံ(၃၀) မလျှောက် ဘဲ ရောင်းလို့ရသည်မှာ ဟုတ်ပါ သလားခင်ဗျာ။ အကယ်၍များ ရောင်းချင်ရင် မည်သို့ လုပ်ကိုင်ရမည်ကို သိလိုပါ၍ မေတ္တာရှေ့ထားဖြေပေးပါဆရာ။

မေးသူ - ကိုပြည့်ဖြိုး
မြေစာရင်းပုံစံ (၈)ဆိုတာ "မြေခွန်ပြေစာ" ကို ပြောတာ မဟုတ်လား။ အဲ့ ဒီ မြေခွန်ပြေစာနဲ့ ရောင်းလို့ ရပါတယ်။ ဝယ်တဲ့သူ က ပိုတောင် ကြိုက်သေး တယ်။ ကြိုက်တယ်ဆိုတာက မြေခွန်ပြေစာ ရှိတဲ့ လယ်သမားထံက ဝယ်ပြီး တာနဲ့ ကျေးရွာ လယ် ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ထံမှာ လယ်မြေ အရောင်း အ ဝယ် စာချုပ်ကို တင်ပြဖို့တော့ လိုတယ်။ ဒါမှ နောင်နှစ်မှာ ယခင် မြေ ခွန်ပြေ စာ အမည်ပေါက်သူနေရာမှာ ကိုပြည့်ဖြိုး အမည်နဲ့ မြေခွန် ထွက်လာပါ တယ်။ ဆောင်ရွက်ပုံ အဆင့်ဆင့်ကတော့ ကျေးရွာ/ အုပ်စု အုပ်ချုပ်ရေးမှူးနဲ့ တိုက်ရိုက်ဆွေးနွေးကြည့်လိုက်ရင် လုပ်ထုံးလုပ်နည်းတွေ ပြောပြပါလိမ့်မယ်။ ဒါက လယ် မြေ ပြေစာရှိသူထံက ဝယ်ပြီးး မိမိအမည်ပေါက် ပြေစာ ရနည်း ကို ပြောပြတာ။
ဒီလိုမဟုတ်ဘဲ မြေစာရင်းပုံစံ(၈) [မြေခွန်ပြေစာ] ရထားတဲ့ လယ်ယာမြေကို ပုံစံ(၃၀)လို့ ခေါ်တဲ့ အခြားနည်း။ လူနေထိုင် ခွင့် မလျှောက်တော့ဘဲ။ အိမ် ရာမြေကွက်တွေ ရိုက်ပြီး ရောင်းစားချင်တယ်ဆိုရင်တော့ တရားမဝင်ပါဘူး။ လယ်ယာမြေပေါ် မှာ လူနေထိုင်ခွင့် မရှိပါဘူး။ လောလောဆယ် မှာေ တာ့ ရောင်းတဲ့သူတွေ ရှိလို့ ဝယ်တဲ့သူတွေကလည်း ဝယ်နေကြတယ်လို့ သိရပါတယ်။ အကယ်၍ တရားဝင်ရောင်းချရင်တော့ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေ အ တိုင်းပဲ လျှောက်ထားရယူရမှာပေါ့။ မြေစာရင်း ပုံစံ(ဂ) ရထားတဲ့ မြေကို ပုံစံ-၇(လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်)ရအောင် လျှောက်ရမယ်။ ပုံစံ(၇) ရပြီး မှ ပုံစံ-၃၀(က) လယ်ယာမြေ အခြားနည်းပြုခွင့်ပြုခွင့် ရဖို့ ဆက် လက်ေ လျှာက်ယူရမယ်။ ယာမြေ၊ ဥယျာဉ်ခြံမြေ၊ စနိမြေ၊ ကိုင်း၊ ကျွန်း မြေတွေကို လည်း ဒီနည်းအတိုင်းပဲ လျှောက်ယူရမယ်။ ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ က ခွင့်ပြုတယ်ဆိုရင် လယ်ယာမြေများအား အခြားနည်း အသုံးပြုရန် လက် မှတ် [ပုံစံ-၁၅(ခ)] ထုတ်ပေးပါတယ်။ အဲ့ဒီလက်မှတ်ရရင် အဆောက် အဦးေ ဆာက်လို့ရပါပြီ ခင်ဗျား။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)