1147 ကြိမ် ကြည့်ရှု့ပြီး

ဆရာ၊ ယနေ့ကာလတွင် online မှ လုံးချင်းအိမ်ယာများကို ၁ ရက်ကို ၃၀၀၀ /၂၀၀၀၀ စသဖြင့် ကြေငြာ၍ ခရီးသွား အေဂျင်စီများမှတဆင့် ငှားရမ်းနိုင်ေ ကြာင်း ကြေငြာနေတာ တွေ့ရပါတယ်။အဲ့လို ငှားရမ်းတာ တရားဝင်ပါသ လား..... နောက်တခုက ဧည့်ဂေဟာဆိုတာနှင့် အခုလို ငှားရမ်းတာ ဘာကွာပါ သလဲ။အိမငှားလိုင်စင် လုပ်ပြီး လုပ်ကိုင်ရင်ရော အခုလို တရက်ငှား ဘယ်ေ လာက်ဆိုပြီး ငှားရမ်းလို့ရပါသလား။သိချင်ပါတယ်။ကျေးဇူးပြု၍ လိုအပ်တာ ရှိရင်လည်း ဖြည့် စွက်၍ ဖြေကြားပေးပါလို့ ရိုသေစွာ မေးမြန်းလိုက်ပါတယ်။

မေးသူ - MoeTain
လုံးချင်းအိမ်ရာတွေကို တစ်ရက်ငှားရမ်းခ ၃၀၀၀/ ၂၀၀၀၀(နှစ်သောင်း) နဲ့ ခရီးသွားအေဂျင်စီတွေက ငှားရမ်းလို့ ရပါတယ်။ အိမ်ရှင် အိမ်ငှား ဥပဒေအရ ငှားရမ်းကြတာပါ။ တရားဝင် ငှားရမ်းခြင်းဖြစ်ဖို့ကတော့ အငှားလိုင်စင်ေ လျှာက်ရမှာပေါ့။ တစ်နှစ်ကျော် ငှားရမ်းမယ်ဆိုရင်တော့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ရပါတယ်။
နောက်တစ်ခုက ဧည့်ဂေဟာပဲခေါ်ခေါ်၊ တည်းခိုခန်းပဲ ပြောပြော အဲ့ဒီ အဆောက်အအုံတွေကို တရားဝင် အငှားချထားမယ် ဆိုရင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှာ တည်းခိုခန်းဖွင့်ခွင့် လိုင်စင်လျှောက်ပြီး အငှားချထားခွင့် ရှိပါ တယ်။ အဲ့ဒီတော့ အငှားချထားတာ မှန်သမျှ အခွန်ဆောင်ရမယ်။ အငှားလိုင်စင် လုပ်ရပါတယ် ကိုမိုးတိမ်ရေ။ ဒီထက် ပိုပို ပြည့်ပြည့်စုံစုံ သိချင်ရငတော့ one stop service မြို့နယ် ပြည်သူ့ ဝန်ဆောင်မှုရုံး၊ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ် ချုပ်ရေး ဦးစီးဌာနမှာ သွားရောက် မေးမြန်းစုံစမ်းနိုင်ပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)