1493 ကြိမ် ကြည့်ရှု့ပြီး

ဆရာခင္ဗ်ာ။ အရှေဒဂုံမှာ ပေ 40x60 မြေကွက်မှ ပေ 20x60 မြေကွက် ၀ယ် ရာမှာ မြေချပါမစ် မိတ္တူပဲ လက်ဝယ် ရရှိမှာပါ ခင်ဗျာ။ ဂရန် ဆက်လျှောက် ဖို့ ဘေးက ပေ 20x60 မြေကွက်ပိုင်ရှင်နဲ့ သဘောတူထားပါတယ် ဆရာ။ အဲ့ဒီ လို ပေ၂၀ ကို ၀ယ်ရာမှာ မိတ္တူပဲ ၀ယ်တဲ့ အချိန် ပိုင်ဆိုင်မှုရှိမှာ ခိုင်မာ မခိုင် မာနဲ့ ၀ယ်သင့် မ၀ယ်သင့် လမ်းညွန်ပေးစေချင်ပါ တယ် ခင်ဗျာ။ကျေးဇူးတင် ပါတယ်။

မေးသူ - ရဲသီဟ
ဒဂုံအရှေ့ပိုင်းမှာ မြေကွက် ဝယ်မှာက (20'x60') မြေကွက်၊ အကျယ်က (40'x60') ၊ မြေအမျိုးအစားက ပါမစ်မြေ၊ ရောင်း သူ တစ်ဝက်ခွဲရောင်းတာ မဟုတ်လား၊ ပါမစ်မူရင်းကိုတော့ (40'x60') ပိုင်တဲ့သူက ကိုင်ထားမယ်။ ရဲသီ ဟကတော့ ဝယ်ရင် မြေချပါမစ် မိတ္တူပဲ ရမယ်။ ဒါကို ဝယ်သင့် မဝယ်သင့် စဉ်းစားနေတာ မဟုတ်လား။ ဝယ်လို့ ရပါတယ်။ ပါမစ်မိတ္တူပဲ ရတယ် ဆိုရင် (20'x60') ပေ ပြည့်/မပြည့် တိုင်းတာယူရမယ်။ ဝယ်ယူပြီးတာနဲ့ ခြံစည်းရိုး ခတ်တာတို့ အိမ်ဆောက်နေတာ တို့တော့ လိုအပ်ပါတယ်။ ဥပဒေလို့ ပြောရရင်တော့ ငွေပေးပြီးရင် လက်ရောက်ယူလိုက်တယ်လို့ သတ်မှတ်ပါတယ်။
အဲ...မဝယ်မီကတည်းက ပါမစ်မူရင်းကိုင်ထားသူ( ခြေရင်း/ခေါင်းရင်းနေသူ) နဲ့ စာချုပ်ထဲမှာ နှစ်ဦးသဘောတူညီချက်တော့ ရှိထားရမယ်။ ဝယ်ပြီး တဲ့ နောက်မှာ (၂) ယောက်အမည်ပေါက် ဂရန်လျှောက်မယ်။ မြေငှားဂရန် စာအုပ်အသစ်ထွက်လာ ရင် (20'x60') ဂရန်ခွဲလျှောက်မယ်။ ဂရန်ခွဲပြီး (20'x60') စီ အမည်ပေါက် သီးခြား ဂရန်စာအုပ် ရအောင် ဆောင်ရွက်မည်။ အဲ့ဒီ ကုန်ကျစရိတ်တွေကို တစ်ယောက်တစ်ဝက်စီ အညီအမျှ ပေးကြရမယ်။ စတဲ့ သဘောတူညီချက်ကတော့ စာချုပ်ထဲ မှာ ထည့်ပြီး တောင်းဆိုရမည်။ အဲ့ဒါဆိုရင် ပါမစ်မူရင်းကို မြို့တော်စည်ပင် မြေယာ ဌာနမှာ ပြန်အပ်လိုက် တာနဲ့ ဂရန်စာအုပ် တစ်ယာက်တစ်အုပ် မိမိတို့ အမည်ပေါက်နဲ့ ရပြီလေ။ ဂရန်သစ်/ ဂရန်ခွဲတဲ့အခါ ကုန်ကျစရိတ် သက်သာအောင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဂရန် သစ်လျှောက်ရန် အမှုတွဲဖိုင် ဝယ်ပြီး (၂) ယောက်စလုံး ပါမစ်နဲ့ စာချုပ်အ ဆက် စာရွက်တွေ ရယ် မှတ်ပုံတင်မူရင်းတွေရယ် ယူသွားပြီး ရုံးဖွင့်ရက်မှာ တစ်ခါတည်း လျှောက်လို့ရပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။ အဆင်ပြေ ပါစေ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)