1627 ကြိမ် ကြည့်ရှု့ပြီး

မင်္ဂလာပါ ဆရာရှင့် အခြားသူအမည်ပေါက် မြေချပါမစ်ကနေ ကျမ အမည်ပေါက် ဂရန် လျောက်တဲ့အခါ အခွန်ဆောင် ရသလားသိချင်လို့ပါရှင်။ ဖြေကြားပေးပါ ဆ ရာ ကျေးဇူးတင်ပါတယ်။

မေးသူ - ဖြူသွယ်ထွန်း
အခြားသူ အမည်ပေါက် မြေချပါမစ်ကိုဝယ်ပြီး မဖြူသွယ်ထွန်း ဂရန်ပေါက်လျှောက်ရင် အခွန်ဆောင်စရာ မလိုပါဘူး။ အခွန် ဆောင်ရတယ်ဆိုတာက အခြားသူ အမည်ပေါက် ဂရန်ကို ဝယ်ယူမှသာ မိမိအမည်ပေါက် ဂရန်ဖြစ်အောင် အခွန်ဆောင်ရ တာ ဖြစ်ပါတယ်။
မြေချပါမစ် ဆိုတာက မြေကွက်ရသူကို အိမ်ဆောက်နေထိုင်ရန် ခွင့်ပြုတဲ့ အထောက်အထားစာရွက်တွေပါ။ မြေချပါမစ် ရ သူဟာ မိမိရတဲ့ မြေကွက်ကို (၃) လအတွင်း ခြံစည်းရိုးကာရမယ်။ (၆)လအတွင်း အိမ်ဆောက်ရမယ်လို့ စည်းကမ်းချက် တွေ သတ်မှတ်ထားပါတယ်။ လက်ရှိ အနေအထားမှာတော့ အဲ့ဒီလို မဟုတ်တော့ဘဲ မြေချပါမစ် ရသူက ကိုယ်တိုင်မနေဘဲ ပြန်ရောင်းစားတယ်။ နောက်ဆုံး ပြန်ဝယ်တဲ့သူက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်း မြေစီမံခန့်ခွဲမှုဌာန/ နယ်မြို့ များမှာဆိုရင်တော့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှာ အနှစ်(၃၀)/ အနှစ်(၆၀) မြေငှားဂရန်သစ် လျှောက်ယူလို့ ရပါတယ်။ ကုန်ကျစရိတ် တွက်ကြည့်မယ်ဆိုရင် ဂရန်သစ် စလျှောက်တဲ့ နေ့မှာ ငွေကျပ် ငါးသောင်း ပေးသွင်းရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတို့မှာ ကန့်ကွက်သူ ရှိမရှိ ကြော်ငြာသွားကပ်ရတယ်။ ကန့်ကွက်သူ ရှိမရှိ သတင်းစာမှာ ကြော်ငြာရတယ်။ ကန့်ကွက်သူ မရှိရင် မြေယာဌာနက မြေကွက်မှာ ဆင်းပြီး လျှောက်ထားတဲ့ မြေ ကွက် မှန်ကန်မှု ရှိမရှိ စစ်ဆေးပေးတယ်။ အားလုံး လျှောက်ထားချက် မှန်ကန်တယ်။ ကန့်ကွက်တဲ့သူလည်း မရှိဘူးဆိုရင် ဂရန်သစ်ထုတ်ပေးဖို့ ခွင့်ပြုတယ်။ အဲ့ဒီလို ခွင့်ပြုချက်ရပြီဆိုရင် (40'x60') မြေတစ်ကွက်အတွက် ငွေကျပ် လေးသောင်း ရှစ်ထောင် သွင်းလိုက်တာနဲ့ အနှစ် ၆၀ ဂရန် ထုတ်ပေးတော့တာပဲ။ မိမိအမည်ပေါက် မြေငှားဂရန်စာချုပ်/ စာချုပ်လက်ဝယ်ရတဲ့နေ့က စပြီး မြို့မြေစာရင်းမှာ နောက်ဆုံးဝယ်ယူ ဂရန်သစ် လျှောက်သူရဲ့ နာမည်ပေါက်သွားပါတယ်။ အနှစ်(၆၀) လုံးလုံး မိမိအမည်ပေါက် ဂရန်ဖြစ်နေပြီး တစ်နှစ်မှာ မြေငှားစရိတ် ငွေကျပ်တစ်ရာနှစ်ဆယ်လောက်ပဲ ပေးရပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ဂရန်အမည်ပေါက်သူထံ တစ်ဆင့် ပြန်ဝယ်ရင်တော့ "မြို့မြေစာရင်း" မှာ နောက်ထပ် ပြန်ဝယ်သူရဲ့ အ မည်ပေါက်ဖြစ်အောင် ဝယ်သူက ဝယ်ခွန်ဆောင်ရပါတယ်။ ဝယ်ခွန်ကလည်း ၁၅%၊ ၂၀%၊ ၃၀%၊ ဆောင်ရမှာ ဖြစ်တော့ ဘယ်သူမှ ဂရန်မကြိုက်ကြပါဘူး။ ပါမစ်ကို ကြိုက်နေကြခြင်းဖြစ်ပါတယ်။ အဲ့ဒီသူတွေအထဲမှာ "မဖြူသွယ်ထွန်း" လဲ မြေချ ပါမစ် ဝယ်ပြီး ဂရန်သစ် လျှောက်ဖို့ အစီအစဉ်ရှိနေတယ်ဆိုတာ ဆရာ သိနေတယ်လေ။ အဟိ။ ဒါဆို အတော်လေး ရှင်း သွားပြီ ထင်ပါတယ်။ "မေးပါများ စကားရကြပါစေ"
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)