1316 ကြိမ် ကြည့်ရှု့ပြီး

ဆရာခင်ဗျားကျွန်တော်တို့မြို့တွင် GTI ကျောင်းကြီးတည်ဆောက်စဉ်က GTI ကျောင်းတည်ဆောက်မည့်မြေနေရာရှိ ယာမြေများအား သိမ်းဆည်း၍ သိမ်းဆည်းခံ ယာမြေပိုင်ရှင်များအား တစ်ဧက အသိမ်းခံရလျင် 60´ပတ် လည် မြေကွက်တစ်ကွက်နှုန်းဖြင့် အစား ပြန်လည် ချထားပေးခဲ့ပါသည်။ ထို စဉ်က ဦးလှရွှေ+ဒေါ်သက်သက် တို့၏ ယာမြေ ဦးလှရွှေ ဦးပိုင် နာမည်ပေါက် (ယခုအချိန်တွင် ပုံစံ ၇ စာရွက်စာတမ်း အထောက်အထားများ မရှိတော့ပါ။ ကွင်း/အကွက်အမှတ် ကွင်း/အကွက်အမည် ဦးပိုင်လုပ်ကွက်အမှတ် ဧက တို့ ကိုတော့ ရေးမှတ်ထားတာ ရှိပါသေးသည်) ယာမြေသည် သိမ်းဆည်းခံ မြေ ထဲတွင် ပါသွား၍ ( တြိဂံချွန်းမြေကွက်လေးသာ ကျန်ခဲ့ပါသည်) မြေကွက် ၃ ကွက် အစားပြန်လည် ရရှိခဲ့ပြီးဖြစ်ပါသည်။ ဘေးတဘက်ပါ ဓာတ်ပုံ တြိဂံေ ထာင့်ချွန်း မြေနေရာလေးသည် GTI ကျောင်းဆောက်လုပ်ရာတွင် သိမ်း ဆည်းခဲ့သော စီမံချက်နယ်မြေမှ ကင်းလွှတ်ကျန်ရှိနေခဲ့သော နေရာဖြစ်ပါ သည်။ ဆရာခင်ဗျား ကျွန်တော်သည် ထိုကျန်ရှိနေသော တြိဂံထောင့်ချွန်းမြေနေရာ အား နာမည်ပေါက် ဦးလှရွှေ(ရာသက်ပန် ဘုန်းကြီး ဝတ်သွားပါသည်) ၏ ဇနီး ဒေါ်သက်သက်ထံမှ ကျပ် ၂၉ သိန်းဖြင့် အရပ်စာချုပ်ချုပ်၍ ပြန်လည် ဝယ် ယူထားရှိခဲ့ပါသည်။ ယခုကျွန်တော်၏ အခက်အခဲမှာ ပထမ ပြဿနာ.......... ဦးလှရွှေ+ဒေါ်သက်သက်တို့သည် တက္ကသိုလ်ကျောင်းကြီး ဆောက်လုပ်ရန်ြေ မအသိမ်းမခံရစဉ်က ယခုကျွန်တော်ဝယ်ယူထားရှိသော တြိဂံမြေနေရာလေး ပါဝင်လျက်ရှိသော မြေနေရာ အဝန်းမှ ၁ ဧကမရှိသော မြေကွက် အား ဒေါ် သက်သက်၏မောင် ကိုတင်ထွန်းအား ရောင်းချထားရှိပြီး ဖြစ်ပါသည်။ မြေ သိမ်းခံရ၍ ဦးပိုင်နာမည်ပေါက်သူများအား ၁ ဧက 60´ပတ်လည် မြေ တစ် ကွက်နှုန်းဖြင့် ပြန်လည် အစားပေးအပ်ရာ ဦးလှရွှေနာမည်ပေါက်၍ မြေကွက် ၃ ကွက်အစားရရှိခဲ့ပါသည်။ ထိုအခါ ကိုတင်ထွန်းမှ သူ၏ယာမြေ( ၁ ဧက မရှိ) လည်းသိမ်းဆည်းခံမြေထဲတွင်ပါဝင်သောကြောင့် သူလည်းမြေကွက် အစားရရှိသင့်ကြောင်း ရပ်ကွက်/မြို့နယ် သို့စာတင်သောကြောင့် ရပ်ကွက် ဥက္ကဋ္ဌမှ ဦးတင်ထွန်းနှင့် ဦးလှရွှေ+ဒေါ်သက်သက် တို့အား ခေါ်ယူ ညှိနှိုင်းေ ပးရာ ဦးလှရွှေ+ဒေါ်သက်သက် တို့မှအကျယ်အကျယ် မငြိမ်းနိုင်ဖွယ် ရှိမည် စိုးသောကြောင့် မောင်ဖြစ်သူ ဦးတင်ထွန်းအား အစားရ60´ ပတ်လည်ြေ မတစ်ကွက်အားခွဲဝေပေးခဲ့ပါသည်။ ယခု ကျွန်တော်မှ သိမ်းဆည်းမြေမှ ကင်း လွှတ်သည့်လက်ကျန် တြိဂံမြေကွက်အား ဒေါ်သက်သက်ထံမှ ဝယ်ယူလိုက်ေ သာအခါ ဦးတင်ထွန်းမှ ဤတြိဂံမြေကွက်သည် သူဝယ်ယူ ပိုင်ဆိုင်ထားရှိေ သာမြေနေရာမှ ကျန်ရှိနေသော မြေကွက်ဖြစ်၍ သူသာလျင် ပိုင်ဆိုင်သင့်ေ ကြာင်း မြို့နယ် စီ/ခန့်သို့တင်ပြအကြောင်းကြားစာပေးပို့ခဲ့ပါသည်။ ယခုပြဿနာအားမည်ကဲ့သို့ဖြေရှင်းနိုင်မည်ဖြစ်သည်ကို လမ်းညွှန်ပေးစေလို ပါသည် ခင်ဗျား။ဒုတိယပြဿနာ-----ဆရာခင်ဗျားကျွန်တော် ဝယ်ယူထားရှိသော တြိဂံမြေနေရာ ၏ အနောက်ဘက်ကပ်လျက်တွင် ဦးမောင်မောင်၏ ယာမြေ ရှိပါသည်။(ယခုအခါအကွက်ရိုက်ရောင်းလျက်ရှိပါသည်သိမ်းဆည်းမြေကင်းလွှတ်ပါသည်)ကျွန်တော်သည် တြိဂံမြေနေရာအားဝယ်ယူပြီး ခြံဝင်းခတ်သော အခါ ဦးမောင်မောင်မှ သူပိုင်ဆိုင်သော ယာမြေ စည်းရိုးတန်း(ယခုအခါ မြေ ကွက် ရိုက်ဝင်းခတ်ပြီးသား) နှင့် ကျွန်တော် ဝယ်ယူထားသော တြိဂံမြေနေရာ ကြားတွင် လှည်းလမ်းဟောင်းရှိသည်ဟုဆိုကာ ကျွန်တော်ခတ်ထားသော ခြံဝင်းအား ဂေါ်တတ်ထားသောထွန်စက်ဖြင့်ညအချိန်တွင် (ဒုတ် ဓား လက် နက် စွဲကိုင်ကာ)ထိုးဖျက်ချ၍လမ်းဖောက်လိုက်ပါသည်။ ကျွန်တော်မှာ တြိဂံြေ မနေရာအားဝယ်ထားပြီးဖြစ်သော်လည်းမိမိတရားဝင်ပိုင်ဆိုင်ကြောင်းလက်ဆုပ်လက်ကိုင်မပြနိုင်၍ဒီအတိုင်းရပ်ကြည့်နေရသည့်ဘဝဖြစ်နေပါသည်။(မူလယာမြေပိုင်ရှင် ဒေါ်သက်သက်က ဒီလှည်းလမ်းဟောင်းဆိုသောနေရာသည် ဟိုအရင်တချိန်ကသွားလာမှုလွယ်ကူစေရန်မိမိပိုင် ယာမြေထဲမှဖြတ် သန်း သွားခွင့်ပြုထားခြင်းဖြစ်ကြောင်းတရားဝင်ဘုံလှည်းလမ်းမဟုတ်ကြောင်းပြောပါသည်)ထို့ကြောင့်ကျွန်တော့်နာမည်ပေါက်တရားဝင်မြေနေရာဖြစ်ရန်မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ရမည်ကိုညွှန်ကြားပြသပေးစေလိုပါသည် ခင်ဗျား ။ယုံကြည်အားကိုးစွာဖြင့် ။

မေးသူ - ကိုသူရကျော်
ကိုသူရကျော် ဝယ်ယူထားတဲ့ မြေက၊ ဦးလှရွှေ ဦးပိုင်အမည်ပေါက်နေတဲ့ ယာမြေ ဖြစ်နေတယ်။ GTI ကျောင်းကြီး ဆောက် တုန်းက သိမ်းယူသွား တဲ့ ကျောင်းမြေထဲမှာလည်း မပါဘူးဆိုတော့ ဦးလှရွှေက ဆက်လက် ပိုင်နေ ခဲ့တာပေါ့။ အဲ့ဒီ ဦးလှရွှေ ပိုင်တဲ့ မြေကို ညီလေးက အရပ်ကတိ အရောင်းအ ဝယ် စာချုပ်နဲ့ ဝယ်ခဲ့တဲ့ စာချုပ်စာတမ်း အထောက်အထားတွေတော့ ရှိ မှာေ ပါ့။ ကိုသူရကျော်က စာချုပ်စာတမ်း အခိုင်အမာနဲ့ ဝယ်ယူထားတာ မှန်ရင် မြို့ နယ် မြေစာရင်းရုံး(ယခု လယ်မြေ စီမံ ခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန) မှာ သွားပြီး အမည်ပြောင်းလျှောက်ယူပေါ့။ လိုအပ်ရင် ရောင်းသူတွေ ကို ခေါ် ပြီး မြေ စာရင်းရုံးမှာ မှန်ကုန်ကြောင်း သက်သေခံ ခိုင်ရမှာပေါ့။ ဒါမှ ထိုက် သင့်တဲ့ အခွန် ပေးဆောင်ပြီး မိမိအမည်ပြောင်းလို့ ရမှာ လေ။
ပြဿနာရှိတာက ဦးလှရွှေ+ဒေါ်သက်သက်တို့က သူတို့ပိုင် ယာကွက်ဖြစ်ပါ တယ်။ အရှုပ်အရှင်း ကင်းပါတယ်ပြောလို့ ညီ လေးက ဝယ်လိုက်တယ်။ ဟော ....ဝယ်ယူပြီး နောက်မှ ဒေါ်သက်သက်ရဲ့ မောင် ကိုတင်ထွန်းကို ရောင်းချပြီး သား ယာ ကွက် ဖြစ်နေတယ်လို့ ရောင်းသူတွေက ဝန်ခံရင်တော့ သူတို့က ညီလေးကို လိမ်ပြီး ရောင်းသလို ဖြစ်နေပြီ။ ဒီတော့ ဒေါ် သက်သက်အနေနဲ့ သူ့မောင် ကိုတင်ထွန်းနဲ့ ပြဿနာ ပြေလည်အောင် ရှင်းပေးခိုင်းရမှာပေါ့။ အဲ့ဒီလို ရှင်းမပေးနိုင်ဘူး ဆို ရင်တော့ ကိုသူရကျော်က ယာမြေကွက်ဖိုး ပြန်ပေးရင် ယူမှာလား။ မယူနိုင်ဘူးဆိုရင်တော့ လိမ်လည်ရောင်းချမှုနဲ့ တရားစွဲ လို့ရ တယ်။ အဲ့ဒီလို လုပ်ရမှာ အားနာတယ်ဆိုရင်တော့ ညီလေး ယာမြေ အမည်ေ ပါက်ရသည်အထိ ဆောင်ရွက်ပေးရန် မြို့နယ် လယ်-စီး-အင်း ဌာနကို လျှော က်ပေါ့။ မြို့နယ် လယ်-စီး-အင်း ရုံးက တရားရုံး အနိုင်ဒီဂရီနဲ့မှ အမည်ပြော င်းပေးနိုင် မယ်လို့ ပြောရင်လည်း ဘယ်လို ခေါင်းစဉ်တပ်ပြီး တရားစွဲရမလဲ ဆိုတာ မေးကြည့်ပေါ့။ မြို့နယ်ရုံးက မြို့နယ်ရုံးက အကြံပြု တဲ့အတိုင်း တရား စွဲပြီး အနိုင်ရတာနဲ့ အမည်ပေါက်လျှောက်လိုက်ပေါ့ ညီလေးရာ။ နောက်တစ်ချက်က ဦးလှရွှေတို့ ဇနီးမောင်နှံက မြေတစ်ကွက် အစား ပေး လိုက်တာက ယခင်က ကိုတင်ထွန်းကို ရောင်း ထားတဲ့ မြေကွက် အစားဆို ရင်လည်း အလဲအလှယ်လုပ်ပြီး ပေးခြင်းဖြစ်တဲ့အကြောင်း စာချုပ်စာတမ်း ရှိဖို့လိုတယ်။ ပြီး တော့ တြီဂံထောင့်စွန်း မြေကွက်ကို ဒေါ်သက်သက်က သူ့ မောင်ကို ရောင်းတုန်းက အရောင်းအဝယ် စာချုပ်ရှိခဲ့ရင် အဲ့ဒီ စာချုပ်ကို သူတို့ က ပြန်သိမ်းယူရမှာပေါ့။ ဒါမှမဟုတ် ရောင်းစဉ်က အထောက်အထား မရှိ ဘူး။ မောင်နှမချင်း ဖြစ်လို့ နှုတ် ကတိနဲ့ပဲ ရောင်းလိုက်တာဆိုရင်တော့ သက်သေခံ အခိုင်အမာ မရှိတဲ့အတွက် အစားထိုးပေးရင် လုံလောက်ပါ တယ်။ အဲ့ဒီ လိုမှ မဟုတ်ဘဲ ကိုတင်ထွန်းကလည်း သူ့မှာ အမဖြစ်သူထံက စာချုပ်စာတမ်းနဲ့ ဝယ်ထားတဲ့ အထောက်အထား ရှိရင်တော့ ဦးလှရွှေ+ေ ဒ်ါသက်သက်တို့ရဲ့ အမှားပဲ။ (၂)ခါ ရောင်းသလို ဖြစ်ပြီပေါ့။ နှုတ်တရာ စာတစ်လုံးဆိုတာ ဒါမျိုးကို ပြောတာ။ တကယ်လို့ သက်ဆိုင်ရာ ရပ်ကွက်ရုံးမှာ ကိုတင်ထွန်း ဆုံးရှုံးသွားတယ် ထင်လို့ အခြားမြေကွက် အစား ထိုးပေးလိုက်တာဆိုရင်လည်း ညှိနှိုင်းတဲ့ ရုံးမှာ မှတ်တမ်းတွေ ပြုလုပ် ထားနိုင်ပါတယ်။ အဲ့ဒီ မှတ်တမ်းတွေအရ ကိုတင်ထွန်းက ကိုသူရကျော် ဝယ် ထားတဲ့ မြေကွက်ကို တပ်တောင်းနေတယ်ဆိုရင် မရနိုင်ပါဘူး။ အမှု ဖြစ်ရင် လည်း လက်ရှိ ပိုင်ဆိုင်သူက အနိုင်ရမှာပါလို့ ဖြေကြားပေးလိုက်ပါတယ်။ ဒါနဲ့ မပြီးသေးဘူး။ ကိုသူရကျော် နောက် ထပ်ရှင်းရမယ့် ပြဿနာကလည်း အကြီး သားပဲနော်။ ရွှေတြိဂံ မြေနေရာကို ဝယ်ယူပြီး ခြံခတ်ထားပေမယ့် ခြံအနောက်ဘက်မှာ ခြံချင်းကပ်နေတဲ့ ကိုမောင်မောင်က ကိုသူရ ကျော် ဝယ်ထားတဲ့ ရွှေတြိ ဂံမြေကွက်(တင်စားခေါ်လိုက်တာပါ)မှာ ယခင်က လှည်းလမ်းဟောင်းရှိလို့ လမ်းပြန်လုပ်ပေးရ မယ်ဆိုတဲ့ သဘောနဲ့ ဥပဒေမဲ့ ခြံစည်းရိုးကို ဖျက်စီးလိုက် တယ်ဆိုရင်တော့ အကျိုးဖျက်စီးမှုနဲ့ တရားစွဲပေတော့။ တရားမစွဲ ချင်ဘူး ဆို ရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လျော်ကြေး တောင်းရုံပဲ ရှိတော့တာေ ပါ့။ အခု ခြံစည်းရိုး ဖျက်စီးခံရတဲ့ နေရာမှာ ယခင်က လှည်းလမ်းဟောင်း ရှိခဲ့တယ်ဆိုရင်လည်း မြို့နယ် မြေစာရင်း(လယ်-စီး-အင်း) မြေပုံမှာ လှည်း လမ်းရှိ တယ်လို့ ပြမထားရင် ဘုံပိုင်နေရာ မဟုတ်ဘူးပေါ့။ ကိုသူရကျော် ပိုင် တာပေါ့။ အင်း...တခုတော့ သတိရလို့ ပြေလိုက်ရဦး မယ်။ ကိုယ်ပိုင်တဲ့ မြေေ ပ်ါမှာ အများပြည်သူ သွားရေးလာရေး အဆင်ပြေအောင် အနှစ်(၂၀) တိုင် တိုင် လမ်းလုပ်ပေးခဲ့တယ် ဆိုရင် ပြန်ယူလို့ မရတော့ဘူးနော်။ ဥပဒေ ရှိတယ်။ လိုရင်း အနှစ်ချုပ်ပြောရရင်တော့ မိမိရဲ့ အမည်ပေါက် ဖြစ်ဖို့ဆိုရင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီး ဌာန(မြေစာရင်း) ရုံးကို သွား ရမှာပဲ။ ဦးလှရွှေ အမည်ပေါက် ယာမြေ အမည်ကနေ မိမိဝယ်ထားတဲ့ ယြာေ မ အရောင်းအ ဝယ် စာချုပ်တင်ပြပြီး အမည်ပြောင်းဖို့သာ လျှောက် ယူပေေ တာ့။ တရားဝင် အမည်ပေါက် ဖြစ်အောင် ဘယ်လို ဆောင်ရွက် ရမယ်ဆိုတာ လည်း အဲ့ဒီက ဦးစီးအရာရှိ ထံမှာပဲ မေးကြည့်ပါလို့သာ ဖြေကြားပေးလိုက် ရပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)