1541 ကြိမ် ကြည့်ရှု့ပြီး

ဆရာရှင့် ဘိုးဘွားပိုင်မြေမှာ လွန်ခဲ့တဲ့နှစ် ၃၀ ကျော်လောက်တည်းက အဘိုး အဘွားများက အိမ်ငှားချထားပါတယ်.. လွန်ခဲ့တဲ့ ၅ နှစ်လောက်မှာ အိမ်ငှားကို ဖယ်ပေးဖို့ပြောတော့ အဲဒီမြေရဲ့ တ၀က်ကိုတောင်းပါတယ် .. ဘိုးဘွားတွေ လည်း မရှိကုန်တော့ပါဘူးရှင့်... မြေစာရင်းရုံးမှာတော့ အဘွားအမည်နဲ့ ရှိပါ တယ် ... ကျန်တဲ့ ပိုင်ဆိုင်မှု အထောက်အထားတွေတော့ ဘာမှမရှိပါဘူးရှင်... ဒီလိုအခြေနေမှာ ဘာတွေ ဆက်လုပ်လို့ ရပါလဲရှင့်.... အိမ်ငှားဘက်ကလည်း လက်ရှိ မြေကိုပဲ ခွဲပေးစေချင်တယ်လို့ ပြောပါတယ် ... အိမ်ငှားနှင့်လည်း ဘာစာချုပ်စာတမ်းမှ လုပ်ထားတာ မရှိပါဘူး ကျေးဇူးတင်ပါတယ်ဆရာ။

မေးသူ - မဝေလွင်
ဘိုးဘွားပိုင်မြေကို မဝေလွင်က ပြောတော့ မဝေလွင်တို့က မြေးတော်မှာေ ပါ့နော်။ ဘိုးဘွားပိုင်မြေကလည်း လက်ရှိ လယ် ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ကြေးတိုင်နှင့် မြေစာရင်းရုံး) မှာ အဘွားနာမည် ရှိနေ ခဲ့ရင်တော့ မဝေလွင် ကို အမည်ပေါက်ရတဲ့အထိ ရှေးဦး ဆောင်ရွက်ဖို့ လိုပါ တယ်။
ဒီတော့ အဘိုးနဲ့အဘွား သေစာရင်း မူရင်း ရှိရမယ်။ အဘိုးအဘွားက မွေ ထားတဲ့ သားသမီး ဘယ်နှစ်ယောက် ရှိသလဲ။ သေသူက ဘယ်နှစ်ယောက် ရှင်သူက ဘယ်နှစ်ယောက် ရှိလဲ ပြန်စစ်ကြည့်ရမယ်။ ဥပမာ သားသမီး (၈) ယောက် ရှိ၇င် (၄) ယောက် သေသွားရင် (၄)ယောက်ရဲ့ သေစာရင်း ကို မူရင်း ရှာရမယ်။ လက်ရှိ သက်ရှိထင်ရှား ရှိတဲ့ (၄) ယောက်က အမွေ ဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ် ချုပ်ဆိုရမယ်။ အဲ့ဒီ စာချုပ်မျိုးကို မြို့နယ် ကြေးတိုင်နဲ့ မြေစာရင်းရုံးမှာ ချုပ်ဆိုရမယ်။ အဲ့ဒီ စာချုပ်ရမှ အဘွားအမည်ကနေ သားသမီး အ မည်ကို ပြောင်းရမည်။ အဲ့ဒီ သားသမီး အမည်ပေါက်ဖြစ်ပြီး ဆိုမှ အဲ့ဒီစာချုပ်ကို တရားရုံးမှာ တင်ပြပြီး လွန်ခဲ့တဲ့ နှစ်(၃၀) ကနေ လာတဲ့ သူ လက်ရှိ မြေနဲ့ အိမ်တစ်အိမ်ကိုေ တာင်းနေတဲ့ သူတွေကို တရားစွဲပြီး ဖယ်ရှားလိုက်ရပါမယ်။ မြေနှင့်အိမ် တန်ဖိုး သိန်းတစ်ရာ အထိ တန်တယ်ဆိုရင် မြို့နယ် တရားရုံးမှာ စွဲရမယ်။ သိန်းတစ်ရာအထက် သိန်းတစ် သောင်းအထိ တန်တယ်ဆိုရင်ေ တာ့ ခရိုင်တရားရုံးမှာ စွဲရမယ်။ စွဲရမယ့် ခေါင်းစဉ်က "အိမ်ငှားများအား နှင် ထုတ်ဖယ်ရှားပြီး မြေနှင့်အိမ်ကို လက်ရောက် ပေးအပ်စေလိုမှု" ဆိုပြီး တ ရားစွဲ ရပါမယ်။ အဲ့ဒီတော့ မဝေလွင်တို့ဘက်က တရားစွဲပြီး နှင်ထုပ် ချင်တာ လား၊ အိမ်ငှားတွေကို တောင်းသလို လက်ရှိအိမ်ကို ခွဲပေးချင်သလား ဆုံးဖြ တ်ပါလို့ ဖြေကြားလိုက်ပါတယ်။ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ပုံကိုတော့ မြေစာရင်းရုံးမှာ အသေး စိတ် စုံစမ်းနိုင်ပါတယ်။ တရားစွဲဖို့ကတော့ တရား ရုံးမှာ တရားမ ဥပဒေ ကျွမ်းကျင်တဲ့ ရှေ့နေတစ်ယောက်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ပါလို့ ထပ်မံ အကြံပေးပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)