1430 ကြိမ် ကြည့်ရှု့ပြီး

ကျွန်တော်က မန္တလေးကပါ။ မြေကွက်တခြမ်း ဝယ်ခဲ့ပါတယ် အနောက် ဘက်ခြမ်းပါ။ ပွဲစားအခေါ်အရ အောက်ခြမ်း ပေါ့ ဂရန်ခြမ်းပါ အရှေ့ဘက်ြ ခမ်းက စလစ်ခြမ်း အပေါ်ခြမ်းပေါ့။ ကျွန်တော်ဝိုင်းကို ခြံခတ်ဖို့ သွားတော့ ကျွန်တော့ အနောက် ဘက်ခြမ်းကို အပေါ်ခြမ်းက လူက ခြံခတ်ထားတယ်။ ဒါနဲ့ သူဆီကို သွားပြီး စာရွက်စာတမ်း သွားတိုက်ကြည်တော့ သူတို့ စာချုပ် မှာ ပထမအကွက်ပြည့်ကနေ စခြမ်းရောင်းတုံးက အရှေ့ဘက်ခြမ်းပါ လေး ဆက်လောက်ထိ အရှေ့ဘက်ခြမ်းပါ နောက်အဆက်တွေကျတော့ အေ နာက်ဘက်ခြမ်းတွေ ဖြစ်သွားတယ်။ ကျွန်တော့ အနောက်ဘက်ခြမ်း စာချုပ်ကတော့ ပထမစခြမ်း ရောင်းက တည်းက အဆက်တိုင်းက အနောက်ဘက်ခြမ်းတွေပါဘဲ ဒါနဲ့ဦးလေးတို့ အဆက်မှားနေတယ်လို့ ပြောခဲ့ပါတယ်။ ဦးလေးတို့ ပြင်ရမယ်ပေါ့ ကျွန်ေ တ်ာက အစကတည်းက ခုထိ အဆက်တွေ မှန်တယ်လို့ ပြောလိုက် တယ်။ နောက်နှစ်လလောက်နေတော့ ကျွန်တော်အိမ်ဆောက်မယ်လုပ်တော့ သူတို့ က ခြံကို သော့ခတ်ထားတုံးဘဲ။ ဒါနဲ့သွားပြောတော့ အရင်စာချုပ်အစမှာ အရှေ့ဘက်ခြမ်းဆိုပြီး လေးငါးဆက်လောက်ပါပြီး နောက်အဆက်တွေကျ အနောက်ခြမ်းဆို ဖြစ်နေခဲ့တာ အခုကျတော့ အရှေ့ခြမ်းဆိုတဲ့ အဆက်တွေ မပါတော့ဘဲ အနောက်ခြမ်းဆိုပြီး အဆက် တွေကို ပြင်ထားတယ်။ ဘယ်လို လုပ်ထားတယ်တော့ ကျွန်တော်မသိဘူး အရင်အစက အရှေ့ခြမ်းတွေ ပါ တယ် ပြောတော့မပါဘူးလို့ လိမ်ပြောတယ်ဆရာ အဲဒါဘယ် လို ဖြေရှင်း ရမလဲ သိချင်လို့ပါ ကျေးဇူးပြုပြီး ပြန်လည် ဖြေကြားပေး ပါခင်ဗျာ။

မေးသူ - ကိုစောဝင်းလှိုင်
ကိုစောဝင်းလှိုင် က မန္တလေးသားဖြစ်တယ်။ မန္တလေးမှာ မြေကွက်ဝယ်တဲ့ အခါ မြေကွက်က တစ်ကွက်ထဲမှာ စလစ်မြေက တစ်ခြမ်း၊ ဂရန်မြေက တစ်ြ ခမ်း ဖြစ်နေတယ် ဆိုပါတော့။ ညီလေးဝယ်တဲ့ အနောက်ဘက်ခြမ်း / အော က်ခြမ်းက ဂရန်မြေ ဘက်အခြမ်း ဖြစ်နေတဲ့အတွက် ပိုပြီး ခိုင်မာမှု ရှိပါ တယ်။ ဒါပေမယ့် ညီလေး ပြောသလိုဆိုရင် အရှေ့ခြမ်း ဝယ်သူတွေက လည်း အရပ်ကတိ အရောင်းအဝယ် စာချုပ် အဆက် (၄)ဆက်နဲ့ ဝယ်ထား သူ ဖြစ်နေတယ်။ စာချုပ်မှာ အရှေ့ခြမ်း စာသား တွေကို ဖျက်ပြီး အနော က်ခြမ်းဆိုပြီး စာသားတွေ ပြင်ရေးထားတယ်ဆိုရင် မရိုးမဖြောင့် လိမ်လည် လိုက်တဲ့ သဘောပါပဲ။
ညီလေးက ရိုးရိုးသားသား ရှင်ပြလိုက်တဲ့အပေါ်မှာ သူတို့က မရိုးမသား လုပ်ပြီး မြင်လိုက်ပြီဆိုရင်လည်း မူလစာချုပ် မူရင်း တွေမှာ "အရှေ့ခြမ်း" ကို "အနောက်ခြမ်း" လို့ ပြင်လိုက်တဲ့ စာသားတွေ ကြည့်လိုက်ရင် ပြင်ရာ ဖျက် ရာတွေနဲ့ ဘောပင် အ ရောင် အပြောင်းအလဲတွေကို သိသိသာသာ မြင်နိုင် မှာပါ။ ဒီကိစ္စကတော့ ညီလေးရဲ့ ခြံကွက်ကို ကျူးကျော်ခတ်ထားသူက အ သိဆုံး ဖြစ်မှာပါ။ ဒီတော့ သူဘက်ကတော့ မရိုးမသား လုပ်ပြီး ညီလေးနဲ့ မြေကွက်ကို အပိုင် စီးချင်တာ သေချာနေပါပြီး။ အေးအေးဆေးဆေး နဲ့ ခြံဖျက်ပြီး ဖယ်ပေးချင်တဲ့ သဘောလည်း မရှိပါဘူး။ ပထမဦးစွာ သက်ဆိုင်ရာ လူကြီးစုံရာရှေ့မှာ ခေါ် ပြီး ဖြေရှင်းရတော့ မှာပဲ။ ဒီတော့ အဲ့ဒီ မြေကွက်ရှိတဲ့ ရပ်ကွက်/ ကျူးကျော် ခြံခတ်ထားသူတွေ နေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားပြီး မိမိမြေ ကွက်အတွင်း ခြံစည်းရိုး ခတ်ထားတာကို ဖယ်ရှားပေးရန် နှစ်ဘက်ခေါ်ယူ ညှိနှိုင်းဆောင်ရွက်ပေးပါလို့ လျှောက်ထား ကြည့်လိုက်ပါလား။ ဒါဆိုရင် ကျူးကျော်ပြီး ခြံခတ်ထားတဲ့ သူတွေက သူတို့ပိုင်ဆိုင်တဲ့ အကြောင်း ညီလေးပြောတဲ့ ပြင်ဆင်ရေးသားတဲ့ စာချုပ် အဆက်(၄)ခုကို တင်ပြတော့ မှာပေါ့။ ဒိအချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့မှာ ဖြစ်ကြောင်းရယ်ကုန်စင် ရှင်းပြပေတော့၊ သူ တို့က ငြင်းမှာပဲ။ ငြင်းသည်ဖြစ်စေ၊ ဖြေရှင်းချက် ပေး သည်ဖြစ်စေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မှတ်တမ်းယူထားတော့မှာပဲ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့မှ ဖြေရှင်းလို့ မရဘူးဆိုရင် မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး အထိ ဆက်တိုင်ပေါ့ဗျာ။ မြို့ နယ် အုပ်ချုပ်ရေးမှူးကလည်း ထပ်မံခေါ်ယူ ညှိနှိုင်းပေးပါလိမ့်မယ်။ အဲ့ဒီအခါ မှာ မူလရပ်ကွက် အုပ်ချုပ်ရေးမှူးကိုလည်း ခေါ်ပြီး၊ ဖြစ်စဉ် အမှန်ကို ပြန်မေး လိမ့်မယ်။ အဲ့ဒီမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မှတ်တမ်းစာအုပ်ကို တင်ပြ လိမ့်မယ်။ အဲ့ဒီမြို့နယ်အဆင့်မှာ ညှိနှိုင်းပေးလို့ ကျူးကျော်သူတွေက ခြံဖျက် ပစ်မယ်။ ပေးရင်လည်း အမြတ်ပေါ့။ ကြိုးစားကြည့်ရမှာက ညီလေးရဲ့ တာ ဝန်လေ။ အဲ့ဒီ ကျူးကျော်ခြံခတ်သူက လိမ်လည်ပြင်ဆင်ထားတဲ့ စာချုပ်ပြပြီး ဖယ်မပေး ဘူးဆိုရင်တော့ တရားသာစွဲပေတော့ ညီ လေးရေ။ တရားစွဲရမယ့် ခေါင်းစဉ် ကိုလည်း ပြောပြလိုက်မယ်။ "ကျူးကျော်ခြံခတ်ထားခြင်းအား ဖယ်ရှားပြီး လက်ပေးအပ် စေလိုမှု" နဲ့ မြေကွက်အရောင်းအဝယ် စာချုပ် ကို မှတ်ပုံတင် စာချုပ် ဆိုပေးစေလိုမှု ဆိုပြီး တရားစွဲရမယ်။ တရားစွဲတဲ့အခါ ကိုစောဝင်းလှိုင် ဝယ်တဲ့ အနောက်ဘက်ခြမ်းက "ဂရန်ြေ မ" ဖြစ်နေတဲ့အတွက် မူရင်းဂရန်မြေ အမည်ပေါက် သူကနေပြီး စာချုပ် အ ဆက်ဆက်နဲ့ ရောင်းသူတွေ အားလုံးကို အမှုထဲမှာ တရားပြိုင်အဖြစ် ထားခွဲ ရမယ်။ အဲ့ဒီလို မြေအ မည်ပေါက် အပါအဝင်စာချုပ် အဆင့်ဆင့်ပါသူတွေကို ထည့်ခွဲမှ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ်လို့ ရမှာလေ။ နောက်တစ်ခုက ညီလေးရဲ့ မြေကွက်ထဲမှာ ကျူးကျော်ခြံခတ်ထားတဲ့ သူကို လည်း တရားပြိုင်အဖြစ် ထားပြီး စွဲရမှာပေါ့။ ဒါ မှ အမှုနိုင်ရင် ကျူးကျော် ခြံ ခတ်သူတွေကို နှင်ထုတ်လို့ ရမှာလေ။ ဒီလို တရားစွဲပြီ ဆိုရင်တော့ တရားမ မှု ကျွမ်းကျင်တဲ့ ရှေ့ နေ ရှာပြီး ငှားပေတော့။ မန္တလေးမှာတော့ အိမ်ခြံြေ မအမှုတွေနဲ့ ပတ်သတ်ပြီး အထူးလိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေကြီး "ဦးမြ စိန်" နဲ့ ဦးမောင်မောင်လှသောင်း တို့လို ဆရာကြီးတွေကို လိုက်ရှာပြီး ငှား ကြတယ်လို့ သိရပါတယ်။ ဒါဆိုရင် ညီလေးရဲ့ မြေကွက် ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို ကြည့်မယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အုပ်ချုပ် ရေးမှူး မှတ်တမ်းတွေကို ကြည့်ပြီး အမှန်တရား ပေါ်ပေါက်အောင် ဆောင်ရွက်ပေးလိမ့်မယ်။ အမှုနိုင်တဲ့အ ခါ မြေကွက် လည်း ပြန်ရမယ်။ ညီလေး ဝယ်ထားတဲ့ မြေကွက်က အနည်း ဆုံး (၂၀ ပေ x ၆၀ ပေ) ဖြစ်ရင် မန္တလေးမြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်အရောင်းအဝယ် စာချုပ် ချုပ်ရမယ်။ မှတ်ပုံတင်ပြီး အရောင်းအ ဝယ် စာချုပ် ထွက်လာရင် မန္တ လေးမြို့တော် စည်ပင်ရေးကော်မတီ မြို့ပြ စီ မံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှာ ညီလေး အမည်ပြောင်းလို့ ရပြီ။ အမည်ြေ ပာင်း ငွေသွင်းပြီးတာနဲ့ ဦးစောဝင်းလှိုင် ဂရန်စာအုပ် ရပါလိမ့်မယ်ဆိုတာ ရှင်းပြပေးလိုက်ပါတယ်။ ကြိုးစားသူများအတွက် ပန်းတိုင်သည် ရပ်တည်လျက် ရှိသည် ဆိုတဲ့ အဆို အမိန့်အတိုင်း နောက်မဆုတ်တမ်း ကြိုးစား လိုက်ပေတော့ ညီလေးရယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)