1489 ကြိမ် ကြည့်ရှု့ပြီး

ဆရာရှင့် ကျွန်မ သိန်း ၁၀၇၀ တန် ကြိုပွိုင့် condo ဝယ်ထားပါတယ်။ ၁၀ နှစ် အရစ်ကျပါ။ လစာ အသားတင် တစ်လ ၈ သိန်းရှိပါတယ်။ ဒါပေမယ့် ခုဝယ် ထားတဲ့ နေရာ မကြိုက်ဘူး ဖြစ်နေတယ်။ သိန်း ၁၅၀ တော့ ချေပြီးပါပြီ။ အခန်း ပြီးသွား တဲ့အခါ ပြန်ရောင်းပြီး တခြားနေရာ ထပ်ဝယ်ချင်ပါတယ်။ အဲ့ချိန်ဆို ၃၅ % ချေပြီးမှာပါ။ ကျန်တဲ့ ၆၅% အပြီးချေပြီးဖို့ ငွေ အလုံအလောက် မရှိသေးလို့ ပါ။ ဘယ်လိုလုပ်လို့ ရနိုင်လဲ အကြံပေးပါဦး။

မေးသူ - ဒေါ်မြင့်မြင့်သန်း
ကြိုပွိုင့်ဝယ်ထားတဲ့ ကွန်ဒို၊ တိုက်ခန်း ပြီးသွားရင် ပြန်ရောင်းမယ်ဆိုတော့ ၃၅% ချေပြီးနောက် ၆၅% အရစ်ကျပေးဖို့ ကျန် သေးတယ်ပေါ့နော်။ ဘယ် လိုလုပ်ရမလဲ မောင်ကောင်းဖေ ကို အကြံဥာဏ် တောင်းတယ်။ တိုက်ခန်း ပြီးသွားလို့ ပြန်ရောင်း တာကတော့ လွယ်မှာပါ။ တစ်ခုပဲ သိချင်တာက ညီမ က မြေရှင်/ကန်ထရိုက်တာတွေနဲ့ စာချုပ်ချုပ်စဉ်က ငွေအကြေ မသွင်းမီ ၊ နောက်တစ်ဦးကို လွှဲပြောင်းရောင်းချခွင့်ရှိဖို့ လိုပါတယ်။ လွှဲပြောင်းရောင်းချ ခွင့် မရှိဘူးဆိုရင်တော့ ကိုယ်အမည်ပေါက် ရမှပဲ ရောင်းလို့ ရတော့မှာပေါ့။
တကယ်လို့ ကွန်ဒို၊ တိုက်ခန်း မပြီးသေးရင်လည်း ပြန်လည် ရောင်းချခွင့် ရှိ တယ်။ နောက်ဝယ်သူကို အမည်ပြောင်း ထည့် ပေးမယ်လို့ ကတိ စာချုပ်ရှိ ထားရင်တော့ ကောင်းတာပေါ့။ အခုအချိန်ကစပြီး ကွန်ဒို၊ တိုက်ခန်း ပြန်ေ ရာင်းမည်လို့ facebook မှာ တင်မယ်။ အိမ်ခြံမြေ အကျိုးဆောင် ဂျာနယ်ေ တွမှာ ကြော်ငြာထည့်သွင်းခိုင်းမယ်ဆိုရင် မကြာမီ ကြိုပွိုင့် ဝယ်လိုသူတွေေ ပ်ါလာမှာပေါ့။ လူတိုင်းက အကြိုက်တစ်မျိုးစီ ရှိကြတာ မဟုတ်လား၊ ကိုယ်က နေရာ မ ကြိုက်ပေမယ့်ကြိုက်တဲ့သူ ပေါ်လာနိုင်တယ်လေ။ ရောင်းရန်ကြော်ငြာကို တော့ မကြာခဏ ထည့်ပေးသင့်တာပေါ့။ ယနေ့ လက်ရှိ အနေအထားအ ရ မြန်မာနိုင်ငံမှာ စာဖတ်သူ ထက် facebook ကြည့်သူဦးရေက ပိုများ တယ်လေ။ ဒီအခွင့်အရေးကို လက်မလွှတ်သင့်ဘူးပေါ့။ ဒါဆိုရင် ဝယ်လာ သူ ပေါ် ပေါက်လာပါလိမ့်မယ်လို့ အကြံပေးလိုက်ပါတယ်။ အရောင်းကြော်ငြာအနေနဲ့ မြန်မာအလင်း သတင်းစာနဲ့ ကြေးမုံ သတင်းစာ တို့မှာ မကြာခဏကြော်ငြာထည့်သင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခုတလော အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်တွေမှာ ပွဲစားမပါဘဲေ ရာင်းသူနဲ့ ဒါရိုက် ချိတ်ဆက်မိပြီး အရောင်းအဝယ်တွေ ဖြစ်သွားကြတာတွေ ရှိနေပါတယ် ညီမရေ။ အခုပဲ ကြိုးစားကြည့်လိုက်ပါ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)