1383 ကြိမ် ကြည့်ရှု့ပြီး

ဆရာရှင့် ကျွန်မတို့ မိဘဘိုးဘွားများ လက်ထက်ထဲက နေထိုင်လာခဲ့သော အိမ် အဟောင်း နေရာတွင် ၁၆ပေ × ၁၇ပေ တစ်ထပ်တိုက် RC ကွန်ကရစ် လုံးချင်း ပုံစံ ဆောက်လုပ်လျက် ရှိပါသည်။ ထိုတိုက်မှာ အချောမကိုင်ရသေးသော်လည်း အမိုးဆလပ်လောင်းပြီး လူနေလို့ ရနေပါပြီရှင့်။ ၄င်းကို ပုံစံ ၁၀၅ မရသောေ ကြာင့် ဆောက်လုပ်ခွင့်ကို ခေတ္တ ရပ်ဆိုင်းထားပါဟု တာဝန်ရှိသူများမှ လာေ ရာက် တားမြစ်သောကြောင့် ရပ်ဆိုင်းထားရပါသည်။ ယခုပုံစံ ၁၀၅ ရပြီး စည် ပင်ကို ဆောက်လုပ်ခွင့် တင်သော်လည်း အုပ်ချုပ်ရေးမှူးမှ ကျုးကျော်ကွက် သစ်ဖြစ်၍ လက်မှတ်မထိုးပေးသောကြောင့် ဆက်လက် ဆောက်လုပ်ခွင့်မရပါ။ ထို့ကြောင့် အိမ်ကို ဆက်ဆောက်ရမည်လား။ ဆောက်လျှင် မည်သို့ ဖြစ်နိုင် သ နည်း။ သို့မဟုတ် ဒီတိုင်းထားရမည်လား။ပြန်လည် ဖြေကြားပေးစေချင်ပါတယ် ရှင့်။

မေးသူ - မစံပယ်
လူနေထိုင်လို့တောင် ရနေပြီဆိုတော့ အချောကိုင် အဆင့်ပဲ ရှိတော့တာပေါ့။
ကျူးကျော်ကွက်သစ်ဖြစ်လို့ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးက လက် မှတ် ထိုးမပေးနိုင်ရင်လည်း ဒီအတိုင်း ရပ်မနေပါနဲ့၊ မြို့နယ်ထက်မြင့်တဲ့ ခ ရိုင်၊ စည်ပင် အုပ်ချုပ်ရေးမှူးအထိ အသနားခံစာ တင်သွင်းကြည့်ပါ။ ခရိုင် စည်ပင် အုပ်ချုပ်ရေးမှူး ကလည်း ငြင်းပယ်တယ်ဆိုရင်တော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံဌာန)၊ ဌာန မှူးအထိ ဆောက်လုပ်ခွင့်ပြုရန် ဆက်လက် တင်ပြသင့်ပါတယ်။ ဖြစ်နိုင်ရင် ခွင့်ပြုချက် မယူခဲ့ရသော်လည်း အဆောက်အဦးမှာ လူနေထိုင်ရန် အသင့်ဖြစ်နေပြီမို့ စည်ပင်က သတ်မှတ်တဲ့ ဒဏ်ကြေးကိုလည်း ပေးဆောင် ပါမယ်။ လူနေထိုင်ခွင့်ပြုတဲ့ BCC ထုတ်ပေးပါလို့ အသနားခံကြည့်ပါလား။ ဒီအတိုင်းထားမယ့်အစား ထူးခြားမှုတစ်ခုတော့ ဖြစ်လာနိုင်ပါတယ်။ ယာ/အုံ ဌာနမှူးအနေနဲ့ မှတ်ချက်ရေးပြီး နေခွင့်ပေးမယ်လို့ ထင်ပါတယ်။ ကျူးကျော်ြေ မဖြစ်လို့ အခွန်ပေးဆောင်ပြီး နေရမယ်ဆိုရင်လည်း သတ်မှတ်တဲ့ ကျူးကျော် ခွန် ထမ်းဆောင်ပါ့မယ်လို့ လျှောက်ထားကြည့်ပါ။ တကယ်လို့ ယာ/အုံ ဌာနရဲ့ ခွင့်ပြုချက် မရှိဘဲ တိုက်ကို အချောကိုင်မယ်။ လူတတ်နေမယ်ဆိုရင်တော့ စည်ပင်သာယာဥပဒေပုဒ်မ ၆၈၊ ၆၉ အရ တစ်နေ့ တစ်သောင်း ဒါဏ်ရိုက်ခံရတတ်ပါတယ်။ ဒါကြောင့် လူသိရှင်ကြာြး ဖစ်နေလို့ ဌာနဆိုင်ရာကို အရွဲ့တိုက်လို့ မဖြစ်ပါဘူး။ အတတ်နိုင်ဆုံးဥပဒေနဲ့ အညီ ခွင့်ပြုချက် ရတဲ့အထိ ကြိုးစားပါ။ အဲ့ဒီလာရောက်တားမြစ်တဲ့ လူကြီးေ တွ နဲ့ ခွင့်ပြုလက်မှတ် မထိုးပေးနိုင်ဘူးလို့ ငြင်းတဲ့ အုပ်ချုပ်ရေးမှူးတို့ ထံ မှာ ဆောက်လုပ်နေထိုင်ခွင့် နည်းလမ်းများရှိရင် အကြံညာဏ်ပေးပါလို့ အသနားခံကြည့်တာ အကောင်းဆုံးပါလို့ အကြံပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)