1513 ကြိမ် ကြည့်ရှု့ပြီး

ကျွန်တော်က တစ်လကို လစာ ၄၁ သိန်း ရရှိပြီး အဲဒီအတွက်လည်း လစဉ် အ ခွန်ဆောင်ထားပါတယ်။ အခုသိန်း ၁၆၀၀ တန် တိုက်ခန်း တစ်ခန်းကို ဝယ်ထား ပါတယ်။ တိုက်ခန်းက ၁၀ နှစ် အရစ်ကျနဲ့ ဝယ်တာပါ။ အဲဒီအတွက် အခွန်ေ ဆာင်မယ်ဆိုရင် ကျွန်တော်လစာ အခွန်ဆောင်ထားတာနဲ့ ခုနှိမ်လို့ ရပါ သ လား။ တိုက်ခန်းတန်ဖိုး စုစုပေါင်းနဲ့ အခုတွက်မယ်ဆိုရင်တော့ အခွန်ဆောင် ထားတာ မလောက်ပါဘူး၊ ၁၀ နှစ်ကြာမှ ဆိုရင်တော့ ကျော်ပါတယ်။ အခွန်ကေ ကာ ဘယ်အချိန်မှာ ဆောင်သင့်ပါသလဲ။ ကျေးဇူးပါ။

မေးသူ - Ko Thet
တိုက်ခန်းက (၁၀) နှစ် အရစ်ကျနဲ့ ဝယ်တာဆိုတော့ (၁၀) နှစ်ပြည့်မှ အေ ဆာက်အဦ ပြီးစီးမယ်။ လက်ရောက်ရမယ်။ လူနေထိုင်ခွင့် လက်မှတ် BCC ရမယ် ဆိုရင် အရစ်ပြည့်ငွေ သွင်းပြီးမှပဲ အခွန်ဆောင်တာ အကောင်း ဆုံးေ ပါ့။ ဒါပေမဲ့ တိုက်ဆောင်ပြီးတာနဲ့ ကန်ထရိုက်တာက လူနေထိုင်ခွင့် ပေးလို့ တတ်နေရင်တော့ (၁၀) နှစ်အထိ စောင့်မယ် မထင်ဘူး။ အကုန်ငွေ သွင်း ခိုင်း လိမ့်မယ်။
ဒါပေမဲ့ မောင်ကောင်းဖေ သိရသလောက် ပြောရမယ်ဆိုရင် ကန်ထရိုက် တာတွေက အဆောက်အဦးသစ်တစ်ခုလုံးအတွက် နိုင်ငံတော်ကို အခွန်ေ ပးဆောင်ပြီးသားလို့ သိရပါတယ်။ ဒါကြောင့် အရစ်ကျနဲ့ ဝယ်တဲ့ သူတွေ အနေနဲ့ ဝယ်ခွန်ပေးဆောင်စရာ မလိုတော့ဘူးလို့ သိရပါတယ်။ ကိုသက် က ဝယ်ပြီး တစ်ဆင့် ပြန်ရောင်းရင်တော့ ရောင်းခွန် ၁၈% ဆောင် ရတယ်လို့ သိရပါတယ်။ ဒီတော့ ကိုသက် အရစ်ကျနဲ့ ဝယ်တဲ့ ကန်ထရိုက် တာကို ဖြစ်စေ၊ ကုမ္ပဏီတာဝန်ရှိသူနဲ့ဖြစ်စေ၊ အသေအချာ ဆွေးနွေး ကြည့် ပါလို့ အကြံပေးလိုက်ပါတယ်။ ဒီထက် ပိုမို ရှင်းရှင်းလင်းလင်း သိချင်ရင်ေ တာ့ ရန်ကုန်တိုင်းဒေသကြီး၊ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ ပန်းဆိုး တန်းလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဟိန္ဒူမဟာပိန္နဲဘုရားကျောင်း ဘေးက တိုင်းဦးစီးဌာန အခွန်ရုံးမှာ သွားရောက်မေးမြန်းစုံစမ်းသင့်ကြောင်း ထပ်မံ လမ်းပြလိုက်ပါတယ်။ အဆင်ပြေပါစေ ကိုသက် ရေ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)