1685 ကြိမ် ကြည့်ရှု့ပြီး

မဂၤလာပါဆရာ။ ဘိုးဘွားပိုင်မြေ အကြောင်းလေး အပြည့်အစုံ သိချင်လို့ပါ။ ဘိုး ဘွားပိုင်မြေ ပေါ်မှာ ဆောက်တဲ့ Condo နဲ့ ဂရန်မြေ ပေါ်မှာ ဆောက်တဲ့ Condo ရဲ့ ကွာခြားချက်လေး သိချင်လို့ ပါ။ ကျေးဇူး အထူးတင်ရှိပါသည်။

မေးသူ - Ko Aye Ko
"ဘိုးဘွားပိုင်မြေ" ဆိုတာ ကိုယ်ပိုင်မြေလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်ပိုင် တဲ့ မြေဖြစ်လို့ အစိုးရနဲ့ မဆိုင်တဲ့ မြေမျိုးဖြစ်ပါတယ်။ အဲ့ဒီ အဘိုး၊ အဘပိုင် တဲ့ မြေပေါ်မှာ ဆောက်ထားတဲ့ Condo တိုက်ခန်းကို ဝယ်ရင် အဲ့ဒီ Condo တိုက်ကြီး မပြိုမချင်း သားစဉ်မြေးဆက် နေသွားနိုင်ပါတယ်။ ဘိုးဘပိုင်ြေ မ ဖြစ်လို့ စည်ပင်ကလာပြီး မြေခွန် ကောက်လို့ မရပါဘူး။ အခွန်ကင်းလွတ် တဲ့ မြေမျိုးလို့ ပြောနိုင်ပါတယ်။
"ဂရန်မြေ" ဆိုလိုက်တာနဲ့ အစိုးရထံက Grond နဲ့ ငှားတဲ့ မြေမျိုး ဖြစ်ပါ တယ်။ ဒါကြောင့် ကိုအေးကို ဂရန်စာအုပ်ကို တွေ့ရင် အသေအချာ ဖတ် ကြည့်ပါလား။ မြေငှားစာချုပ် လို့ ရေးထားတာကို တွေ့ရလိမ့်မယ်။ ဒီလိုဆိုရင် ဂရန်မြေဆိုတာ အစိုးရထံက စာချုပ်နဲ့ မြေငှားနေတာပါပဲ။ အဲ့ဒီလို မြေငှားတဲ့ အခါမှာ နယ်မြို့တွေမှာဆိုရင် (၁၀) နှစ် ဂရန်စာချုပ်၊ နှစ် (၃၀) မြေငှား ဂရန် စာချုပ် စသည်ဖြင့် နှစ် သတ်မှတ်ပြီး ငှားတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့လို နေရာမှာတော့ အနှစ် ၆၀ မြေငှား ဂရန်စာချုပ် အနှစ် ၉၀ မြေ ငှား ဂရန် စာချုပ် ဆိုပြီး ရှိပါတယ်။ အငှားစာချုပ် လို့ ဆိုတာကြောင့် အနှစ် (၆၀) ပြည့်ရင် သက်တမ်းတိုးပေးပါ။ အနှစ် ၉၀ ပြည့်သွားရင် နောက်ထပ် သက်တမ်းတိုးပေးဖို့ စည်ပင် တိုပ အိုးအိမ်တို့မှာ ထပ်မံ လျှောက် ထားရပါ တယ်။ အဲ့ဒီ ဌာနတွေက နောက်ထပ် သက်တမ်း အနှစ် ၆၀ ဖြစ်စေ၊ အနှစ် ၉၀ ဖြစ်စေ သက်တမ်းတိုးပေးမှသာ ဂရန်စာအုပ်ကိုင်ထားသူတွေက ဆက် လက် ပိုင်ဆိုင်ခွင့် ရှိပါတယ်။ အစိုးရက မြေငှားဂရန် စာချုပ်ကို သက်တမ်းတိုးပေးဖို့ ငြင်းပယ်ရင်တော့ အဲ့ဒီ ဂရန်မြေတွေဟာ အစိုးရမြေ ပြန်ဖြစ်သွားပါတယ်။ ဒါကလည်း ပဋိ ညာဉ် မြေငှားစာချုပ်ပါအတိုင်း ပြောပြတာပါ။ လက်ရှိ အနေအထား အ ရတော့ ဥပမာ-အနှစ် ၉၀ ဂရန် ရထားတဲ့ လသာ၊ လမ်းမတော်မြို့နယ် တို့ မှာ ဆိုရင် အနှစ် ၉၀ ပြည့်လို့ ဂရန်သက်တမ်းတွေ ပြန်တိုးပေးပါတယ်။ ဒါဆိုရင် ဘိုးဘွားပိုင်မြေနဲ့ ဂရန်မြေတို့ရဲ့ ပိုင်ဆိုင်မှု ခိုင်မာပုံကို သဘောေ ပါက်သွားပြီ ထင်ပါတယ်။ အဲ့ဒီတော့ ဘိုးဘွားပိုင်မြေပေါ်မှာ ဆောက်တဲ့ Condo ဖြစ်စေ၊ ဂရန်မြေပေါ်မှာ ဆောက်တဲ့ Condo ဖြစ်စေ၊ ဝယ်ယူနေ ထိုင်မယ်ဆိုရင် ကောင်းပါတယ်။ တူညီချက် အချက်တစ်ခုကတော့ ဘယ် Condo ပဲ ဖြစ်ပါစေ၊ သဘာဝဘေးဒါဏ်ကြောင့် ပျက်စီးသွားရင်တော့ အ ခန်းမရှိတော့လို့ ဝယ်သူလည်း ဆုံးရှုံးသွားမှာပေါ့။ ok နော်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)