2275 ကြိမ် ကြည့်ရှု့ပြီး

အမျိုးသားပိုင်ဆိုင်မှုကို အမျိုးသား၏ အမေမှ သူမ၏ အမည်ပေါက် ပြုလုပ်၍ အိမ်ဂရန် အပိုင်ယူထားပါသည်။ ပတ်ဝန်းကျင်လဲ အသိဖြစ်ပါလျှက် အမည်ပြောင်းမပေးဘဲ ယူထားပါသည်။ တခါတလေ စကားများကြလျှင် ငါ့အိမ်မှာ မနေနဲ့ ဆင်းသွားဟု ပြောဆိုတဲ့အခါ ရှိပါသည်။ဘယ်လိုရှင်းရမှန်း မသိတော့ပါ။ ယောက်ခမနှင့် အဆင်မပြေပါ။ အမြဲအပိုင်စီးခဲ့ အကြိမ်ပေါင်း မနည်းတော့ပါ။ ငွေကြေးကိစ္စဆိုလဲ သူ့စိတ်တိုင်းကျ ခြယ်လှယ်ခံခဲ့ရ ယော က်ျားက ဘာမဆို အမေကိုပဲ အပ်သည်။ အိမ်ထောင်သည် ကလေး ၆ နှစ် ရှိပါသည်။

မေးသူ - Mon Mon
"မွန်မွန်" ရဲ့ အမျိုးသား(ယောက်ျား) က "အမေချစ်သူ" ဖြစ်နေတာကိုးကွဲ့။ "အမေများနေ့" ကိုတောင် သွားသတိရတယ်။ အဖေ့အကြောင်း ပြောပြတာ မပါဘူး ဆိုတော့ အဖေ မရှိတော့ဘူး။ ကွယ်လွန်သွားပြီလို့ မှတ်လိုက်တော့ မယ်။ ဒီတော့ မွန်မွန်က "အဆိုတော် လားရှိုးသိန်းအောင်" တစ်ချိန်က ဆိုခဲ့ တဲ့ "အမေ တစ်ခု သားတစ်ခု" သီချင်းလိုပဲ တစ်ဦးတည်းသော သားကို ယူ ခဲ့တာလား၊ "အမေတစ်ခု သားတစ်ခု" ဖြစ်လို့ အိမ်ထောင်သည် သားက ကလေး အဖေဖြစ်နေပေမဲ့ မိခင် စိတ်ချမ်းသာအောင် ရှာဖွေစုဆောင်းရရှိ တဲ့ ငွေနဲ့ အမေချစ်တဲ့ သားဖြစ်လို့ အမေ နာမည်ပေါက် ဂရန် လုပ်ထားတယ် ဆိုရင်တော့လည်း အရေးမကြီးပါဘူး။
ဘာကြောင့်လည်းဆိုတော့ မိခင် ဖခင် မရှိတော့ရင် သားက အမွေဆက်ခံ ယူပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းကို မှတ်ပုံတင်ပြီး ယူ လိုက်ရုံပဲ၊ မှတ်ပုံတင် စာချုပ်ရမှ မြို့တော်ခန်းမသွားပြီး ဂရန်အမည်ပြောင်း လိုက်ရင် မွန်မွန် အမျိုးသား အမည်ပေါက်သွားတာပဲလေ။ အမျိုးသားအ မည်ပေါက်ရန် လင်မယား နှစ်ဦးပိုင် ပစ္စည်းဖြစ်သွားတာပေါ့။ အဲပဒီလို တစ်ဦးတည်းသား မဟုတ်ဘဲ ကျန်တဲ့ သားသမီးတွေလည်း ရှိသေး တယ်ဆိုရင်တော့ ပြဿနာ ရှိနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဗုဒ္ဓဘာ သာ မြန်မာလူမျိုးတွေမှာ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေ ဆက်ခံ ရပါ တယ်။ မိဘနှစ်ပါး ကွယ်လွန်သွားရင် မိဘ တစ်ဦးဦးရဲ့ အမည်နဲ့ ရှိနေခဲ့တဲ့ အနှစ်(၆၀) ဂရန်မြေ/ ဘိုးဘွားပိုင်မြေတွေဟာ ကျန်ရစ်ခဲ့တဲ့ သားသမီးတွေနဲ့ သက်ဆိုင်ပါတယ်။ အညီအမျှ ခွဲဝေယူကြရမှာပါ။ အဲ့ဒီအချိန်ကျရင် မောင်နှ မတွေ အမွေကိစ္စနဲ့ စိတ်ဝမ်းကွဲကြရပါတယ်။ အဲ့ဒီလိုတွေ မဖြစ်ချင်ဘူးဆိုရင်တော့ မိခင်အမည်ပေါက်နေတဲ့ မြေနှင့်အိမ်ကို မိခင်က သားသမီးကို အပိုင်ပေး စာချုပ်ချုပ်ပေးထားတာ အကောင်းဆုံးပဲ။ မွန်မွန် ပြောသလို အမည်ပေါက် မြေနှင့်အိမ် ဖြစ်ပေမယ့် ဒီမြေနှင့်အိမ်ကို ဝယ်တဲ့ ပိုက်ဆံတွေက မွန်မွန် အမျိုးသား ရှာထားတဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာ ဆိုတော့ မွန်မွန်တို့ပဲ ပြန်ရရမှာပေါ့ မဟုတ်ဘူးလား။ အဲ့ဒီလို မိခင်က သားကို "မေတ္တာနဲ့ အပိုင်ပေး စာချုပ်ချုပ်ဆိုပေးတဲ့ အခါမှာ လည်း ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ တရားဝင် မှတ်ပုံတင် စာ ချုပ် ချုပ်ဆိုဖို့လည်း မမေ့နဲ့ဦး။ ဥပဒေက ဘာပြောလည်း ဆိုတော့ ငွေကျပ် တစ်ရာ အထက် တန်ဖိုးရှိရင် မှတ်ပုံတင် စာချုပ်ချုပ်ရမယ်လို့ ပြဌာန်း ထား တယ်လေ။ အခု မောင်ကောင်းဖေ ပြောပြတဲ့ အချက်တွေ သဘောပေါက် တယ်ဆိုရင်တော့ မွန်မွန်ရဲ့ အမျိုးသားကိုလည်း ည အိပ်ရာဝင်တဲ့အခါ ရှင်းပြ ထားပေါ့။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)