2783 ကြိမ် ကြည့်ရှု့ပြီး

မဂၤလာပါဆရာခင္ဗ်။ ကျွန်တော် သိချင်တာလေးကတော့ အိမ်ဂရံ အပေါင်ခံ ထားတဲ့ ကိစ္စပါ။ကျွန်တော် အိမ်ဂရံတခုကို ရပ်ကွက်လူကြီးနဲ့ တစ်ခြား အသိ သက်သေတစ်ယောက်ရှေ့မှာ အပေါင်သဘောမျိုး လက်ခံထားမိပါတယ်။ အခု အိမ်ရှင်က ကျွန်တော့်ပိုက်ဆံကို ပြန်မပေးချင်တဲ့ ပုံစံမျိုးနဲ့ ပြောလာပါတယ်။ ကျွန်တော် သိချင်တာက တစ်ကယ်လို့ ဥပဒေကြောင်းရ ရင်ဆိုင်မယ်ဆို ကျွန်တော့်ဘက်က ဘယ်လိုခြေနေမျိုးနဲ့ ကြုံတွေ့နိုင်ပါသလဲခင်ဗျ။ ကျေးဇူးပြု ၍ ဖြေကြားပေးစေလိုပါတယ်ခင်ဗျ။ ကျေးဇူးအထူးတင်ရှိပါသည်။

မေးသူ - Thant Zin Soe
အခုလို အရောင်းအဝယ် အလုပ်အကိုင် အခွင့်အလမ်းတွေ မကောင်းတဲ့ အချိန်မှာ ငွေလိုသူတွေက "အိမ်ဂရန်" ပေါင်ကြ တယ်။ ငွေပိုသူတွေ ကျတော့လည်း ဘဏ်မှာ ထည့်ထားတဲ့ အတိုးက ပြန်သုံးမယ့် အသုံးစ ရိတ်လောက် မရကြတော့ ဘဏ်က ပြန်ထုတ်ကြတယ်။ ပြီးတော့ အရပ်ထဲ မှာ ၅ ကျပ်တိုး ၆ ကျပ်တိုး စသည်ဖြင့် အပေါင်ခံကြတွေ ရပ်ကွက်တော်ေ တ်ာများများ ရှိကြပါတယ်။အဲ့ဒီထဲမှာ "ကိုသန့်စင်"လည်း သူတို့ကို အားကျပြီး အိမ်ဂရန် အပေါင်ခံလိုက်တယ် ဆိုပါတော့ အပေါင်ခံတယ် ဆိုတာ "အပေါင်ခံ လိုင်စင်" ရထားမှသာ လူသိရှင်ကြား ကြော်ငြာပြီး အပေါင်ခံခွင့်
ရှိတာလေ။ အခုတော့ အဲ့ဒီလို လူသိရှင်ကြား အပေါင်ခံတာ မဟုတ်ဘူး ဆိုပေမယ့် ရပ်ကွက်လူကြီး/ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ အိမ်ရာမှူးနဲ့ ရာအိမ် မှူး/ ဆယ်အိမ်မှူးတွေ အပါအဝင် ပွဲစား အသိသက်သေတွေ ရှေ့မှာ စာချုပ် ချုပ်ပြီး အပေါင်ခံ လိုက်တာပေါ့နော်။ အာမံချက် ရှိအောင် ရပ်ကွက်လူကြီး ရှေ့မှာ ပေါင်နှံသူကို ချီပြီး တုတ်ပြီး လုပ်ထားတဲ့ အပြီး အပိုင် အိမ်ခြံမြေ မြေကွက် အရောင်းအဝယ် စာချုပ်ပေါ် မှာ လက်မှတ်ထိုးခိုင်းထားလိုက်တယ်။ အရောင်းအဝယ် စာချုပ်ဆိုတော့ ရပ် ကွက်လူကြီးကလည်း အသိသက်သေ အဖြစ် လက်မှတ်ထိုးပေးလိုက်တယ်။ အခုတော့ ဘယ်လိုပဲ ခိုင်မာအောင် ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်ပေမယ့် ဥပဒေကြောင်းအရ တကယ်ပင် အပြီးအပိုင် ဝယ်ယူပြီး မြေကွက်တန်ဖိုးငွေ အပြည့်အဝပေးမှသာလျှင် တရားဝင်တာလား၊ ဒါမှမဟုတ် တရားမဝင် ပျက်ပြယ်တတ်သလား၊ ဒီအဖြေကို ကိုသန့်စင်စိုးက သိချင်တာ မဟုတ်လား။ ဒီမေးခွန်းရဲ့ အဖြေက ဥပဒေအကြောင်းအရ ပြောရရင် တရားဝင် အရောင်း အဝယ် လုပ်တာ မဟုတ်တဲ့အတွက် ခိုင်မာမှု မရှိဘူးလို့ ဆိုရမယ်။ တ ကယ်တော့ မရွှေ့မပြောင်းနိုင်ဘဲ မြေဂရန်ကို အပေါင်ခံတယ်ဆိုကတည်းက၊ ဥပဒေနဲ့အညီ ပြောရမယ်ဆိုရင် အပေါင်စာချုပ်ကို မှတ်ပုံတင်စာချုပ် စာတမ်းရုံးမှာ မှတ်ပုံတင်ရပါတယ်။ အခု ကိုသန့်စင်က ရပ်ကွက်လူကြီး တခြားအသိသက်သေ တစ်ယောက်ရှေ့ မှာ အပေါင်စာချုပ်ပဲချုပ်ချုပ်၊ မြေအရောင်းအဝယ် စာချုပ်ပဲချုပ်ချုပ် သက်သေ (၂)ယောက်ကတော့ ပါနေပြီလေ။ အဲ့ဒီသက်သေ နှစ်ယောက်က အရေးကြီး သက်သေတွေပါ။ တကယ်လို့ ပေါင်နှံသူအိမ်ရှင်က ညီလေးချေးထား/ ပေး ထားတဲ့ ငွေတွေ ပြန်မပေးချင်တဲ့ပုံစံမျိုး ပြောလာရင်တော့ ရပ်ကွက်လူ ကြီးရှေ့မှာ ခေါ်ပြီး တောင်းပေတော့။ ညှိနှိုင်းလို့ အဆင်ပြေရင်လည်း ရပ်ကွက်ရုံးမှာပဲ ပြီးသွားတာပေါ့။ ရပ်ကွက်ရုံးမှာတင် မပြီး တရားစွဲ တောင်းရမယ့်အဆင့် ရောက်လာ ရင်တော့ နှစ်ဦး သဘောတူ ချုပ်ဆိုထားတဲ့ စာချုပ်တွေပေါ်မှာ မူတည်ပါ တယ်။ ဥပမာ-မြေကွက် အရောင်းအဝယ် ကတိစာချုပ် ချုပ်ဆိုထား ရင် မြေကွက် အရောင်းအဝယ် စာချုပ်ကို မှတ်ပုံတင် ချုပ်ဆိုပြီး မြေနှင့်အိမ် လက်ရောက်ရလိုမှု စသည့် စာချုပ်ဖြင့် တရားစွဲ ယူလို့ ရပါတယ်။ အကယ်၍ "ယုံကြည်အပ်နှံမှု" စာချုပ် နဲ့ နှစ်ဦးသဘောတူ ငွေချေးကတိ စာ ချုပ်ကို ချုပ်ဆိုထားတယ်ဆိုရင်တော့ လိမ်လည်မှုနဲ့ တရားစွဲတာ အကောင်း ဆုံးဘဲ။ အဲ့ဒီတော့ တရားစွဲတဲ့အခါမှာ ရာဇဝတ်မှု တရားစွဲတာပဲ ဖြစ်ဖြစ် တရားမမှုနဲ့ပဲ တရားစွဲတာပဲ ဖြစ်ဖြစ် အသိသက်သေနှစ်ဦးရဲ့ ထွက်ချက်က အရေးကြီးဆုံးပါပဲ။ စာချုပ်သက်သေ(၂)ဦးက အပေါင်စာချုပ်ကြီးပါ တကယ် အရောင်းအဝယ် စာချုပ်ကြီး မဟုတ်ပါလို့ ထွက်ဆိုခဲ့ရင် မြေနှင့်အိမ် လက်ရောက်ရလိုမှု စွဲတာ ရှုံးလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ငွေချေးသူက ငွေပြန်မပေးတာ မှန်ပါတယ်လို့ ထွက်ဆိုပေးခဲ့ ရင် လိမ်လည်မှု ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင် လိမ်လည်မှုနဲ့ဘဲ တရားစွဲပေါ့။ အကောင်းဆုံးကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ပြီးတဲ့အထိ ညှိနှိုင်းဆောင်ရွက်တဲ့အခါ အကောင်းဆုံးပါပဲလို့ အကြံပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)