9253 ကြိမ် ကြည့်ရှု့ပြီး

ပုံစံ ၇/ ပုံစံ ၁၀၅ ရှိထားပြီးသော မြေကွက်ကို ၀ယ်ယူပြီး အိမ်ဆောက်လုပ် ဖို့အတွက် လျှောက် ထားလို့ ရပါသလား၊ ထန်းတပင်မြို့နယ်ဘက် မှာ ရောင်းနေတဲ့ မြေကွက်တွေပါ၊ထိုမြေကွက်များကိုရော ၀ယ်ယူဖို့ သင့်ပါလားရှင့်။

မေးသူ - မဇင္မီ
မဇင်မီက ထန်းတပင်မြို့နယ်ဘက်မှာ ရောင်းနေတဲ့ မြေကွက်တွေကို ဝယ်ယူ ပြီး အိမ်ဆောက်ဖို့ စိတ်ကူးနေတယ် ထင်တယ်။ မဝယ်ရသေး မီ မောင်ကောင်းဖေ ကို သတိတရနဲ့ မေးလို့ ကျေးဇူးတင်ပါတယ်။ ဒီလို ညီမရေ၊ ပုံစံ-၇၊ ပုံစ-၁၀၅ ဆိုတာနဲ့ အိမ်ဆောက်လို့ရတဲ့ ပါမစ်မြေ၊
ဂရန်မြေ၊ ရွာမြေ၊ ခြံမြေတွေ မဟုတ်ဘူးလို့ သတ်မှတ်ထားလိုက်ပေတော့။ ပုံစံ-၇ နဲ့ ပုံစံ-၁၀၅ ပူးတွဲပါတဲ့ ခေါက်ချိုးစာရွက်ကို ကြည့်လိုက်တာနဲ့ စာ ရွက်ပေါ်မှာ လယ်ယာမြေ လိုပ်ပိုင်ခွင့် လက်မှတ် လို့ ရေးထားတာတွေ ရလိမ့်မယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ဆိုကတည်းက အိမ်ဆောက်ဖို့ ထုတ်ပေးထားတဲ့ စာရွက်မှ မဟုတ်တာ လယ်လုပ်ဖို့လေ ဥယျာဉ်ခြံ စိုက်ဖို့လေ။ ဒါဆို ရှင်းသွားလောက်ပါပြီ။ လယ်လုပ်ဖို့ဆိုပြီး လယ်မလုပ်ဘဲ ရပ်ကွက်အသစ် ဖော်ထုတ်သလိုလိုနဲ့ ရပ်ကွက်ပုံ (40'x60') မြေကွက်တွေကို တန်းစီပြီး အကွက်ရိုက် ရောင်းစား ခွင့် မရှိပါဘူး။ ညီမလည်း (40'x60') မြေကွက် ဝယ်ပြီး အိမ်ဆောက်နေ မယ်ဆိုရင် တရားမဝင်ပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက လယ်ပြန်လုပ်ခိုင်းရင် အိမ်ဖျက်ပြီး လယ်လုပ်ပြရပါလိမ့်မယ်။ ဒါဖြင့် အခု ဝယ်ပြီး နေကြတဲ့ သူတွေလည်း အများကြီး ရှိတယ်။ သူတို့ကို သက်ဆိုင်ရာ က ဘာမှ မလုပ်ကြပါလား၊ အတင်းအဓမ္မ လာဖျက်ခိုင်းတဲ့ သူတွေလည်း မရှိဘူးလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒါကတော့ ဖျက်ဖို့ နိုင်ငံတော် အစိုးရ အမိန့် မထုတ်ပြန်ခင် နေကြတဲ့ သဘောပါ။ဘယ်တတ်နိုင်မလဲ၊ မိုးပြိုအများပဲ ဆိုပြီး ဝယ်နေထိုင်တဲ့ သူတွေ လည်း ရှိပါတယ်။ ဒီတော့ ဝယ်ယူဖို့ သင့်မသင့်တော့ မဇင်မီပဲ ဆုံးဖြတ်ပေါ့။ အိမ်ဆောက်ဖို့အတွက် လျှောက်ထားဖို့ဆိုတာကလည်း မဇင်မီတစ်ယောက်တည်း လျှောက်လို့မရပါဘူး။ မူလအမည်ပေါက် ပုံစံ(၇) ရထားသူကသာလျှင် လျှောက်ထားရမှာပါ။ အဲ့ဒီလို လျှောက်ထားတဲ့အခါမှာ လယ်မြေကနေ အခြားနည်း သုံးစွဲခွင့် ၃၀(င)၊ ရအောင် ဆောင်ရွက်ရမှာပါ။ အဲ့ဒီလိုရဖို့ ကျေးရါာကနေဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီ ရောက်အောင် အဆင့်ဆင့် လှေကားတွေ တတ်ပြီး လျှောက်ရပါတယ်။ ဗဟိုက ခွင့်ပြုချက်ရပြီဆိုမှ မဇင်မီ ဝယ်မယ့် မြေကွက် (40'x60') ကို ပုံစံ-၁၀၅ မြေ ကွက် မြေပုံ ထုတ်ပေးဖို့ ထပ်မံ တင်ပြရမှာပါ။ အဲ့ဒီတော့ မြေကွက်ဝယ် အိမ်ဆောက်ပြီး လောလောဆယ် နေထိုင်သူတွေ ရှိကြပေမယ့် အမည်ပေါက် အိမ်ဆောက်ခွင့် ရအောင် တော်တော် အချိန် ယူ စောင့်ယူရဦးမှာ ဖြစ်ပါတယ်။ ဒီလိုပုံစံ-၇၊ ပုံစံ-၁၀၅ လယ်ယာမြေတွေအကြောင်း ဝယ်သင့်၊ မဝယ် သင့် မောင်ကောင်းဖေကို iMyanmarHouse.com မှာ မကြာခဏ မေးထား တာတွေလည်း ရှိပါတယ်။ မဇင်မီ အနေနဲ့ အဲ့ဒီလို ပုံစံ-၇နဲ့ ပေးထား တဲ့ မေး ခွန်းတွေရဲ့ အဖြေကိုလည်း ပြန်ရှာကြည့်ပြီး ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်နိုင်ပါတယ်။ အမည်ပေါက်တာ မပေါက်တာ အရေးမကြီးပါ ဘူး။ လောလောဆယ် ဈေးသက်သာလို့ နေချင်တယ်ဆိုရင်လည်း နေကြည့်ပေါ့။ ဒါမှမဟုတ် လောလောဆယ် နားခိုရုံပဲ၊ စီးပွားရေးကောင်းတဲ့အခါ ရပ် ကွက်အတွင်း ပြန်ပြောင်းဖို့ စိတ်ကူးရှိရင်လည်း ဝယ်နေလို့တော့ ရပါတယ်။ ဂရန်ရဖို့ ခက်တာပဲ ရှိမယ်။ ကျူးကျော်မြေ မဟုတ်လို့ အတင်းအဓမ္မ နှင် ထုတ်ခံရခြင်း မရှိပါဘူးလို့ ဖြေကြားပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)